02/09/2026
အပြောင်းအရွှေ့ကာလအလွန်ယူနိုက်တက်ရဲ့အဝင်အထွက်စာရင်း
✅ မန်ချက်စတာယူနိုက်တက်အတွက် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ဟာ နောက်ဆုံးပိတ်ရက်မှာ ကစားသမားအဝင်အထွက်မရှိဘဲပြီးဆုံးသွားခဲ့ပါတယ်။ မိုက်ကယ်ကားရစ်အနေနဲ့ ငွေကြေးအနည်းငယ်နဲ့ နောက်ကျခေါ်ယူမှုတချို့ ပြုလုပ်နိုင်ဖို့ မျှော်လင့်ခဲ့လောက်ပေမဲ့ နောက်ဆုံးမှာတော့ စိတ်ပျက်စရာနဲ့အဆုံးသတ်သွားပါတယ်။
✅ ယူနိုက်တက် အဓိက အားဖြည့်ချင်ခဲ့တဲ့နေရာတစ်ခုကတော့ ဘယ်နောက်ခံလူနေရာဖြစ်ပြီး နယူးကာဆယ်အသင်းရဲ့ လူးဝစ်ဟောကို ကမ်းလှမ်းဖို့ ပျက်ပြားခဲ့ပြီးတဲ့နောက် အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ယူနိုက်တက်အတွက်ရွေးချယ်စရာတွေ အလွန်နည်းပါးသွားခဲ့ပါတယ်။ ရေဆင်း ဆန်တန်ဒါ (Racing Santander) အသင်းရဲ့ ဂျော့ချ် ဆာလီးနက်စ် (Jorge Salinas) ကို ယူနိုက်တက် စောင့်ကြည့်ခဲ့ပေမဲ့ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ အပြောင်းအရွှေ့ ပျက်ပြားသွားခဲ့သည့်တိုင်အောင် ယူနိုက်တက်ဘက်ကကမ်းလှမ်းမှုမလုပ်ဖို့ပဲ ဆုံးဖြတ်ခဲ့ကြပါတယ်။
✅ လက်စတာအသင်းရဲ့ လူးဝစ် ပေ့ချ် (Louis Page) ကိုလည်း ယူနိုက်တက်ဘက်ကခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပေမဲ့ ဒီအပြောင်းအရွှေ့က အထမြောက်မလာခဲ့ပါဘူး။ တိုက်စစ်မှူး ချီဒို အိုဘီရဲ့ အငှားထွက်ခွာမှုကတော့ ပြီးမြောက်နိုင်သေးပြီး နယ်သာလန်နဲ့ ဒိန်းမတ်က ကလပ်အသင်းတွေက စိတ်ဝင်စားနေကြပါတယ်။ အဆိုပါလိဂ်တွေရဲ့ အပြောင်းအရွှေ့ဈေးကွက်ဟာ စက်တင်ဘာ ၂ ရက် (ဗုဒ္ဓဟူးနေ့) မှ ပိတ်သိမ်းမှာကြောင့်ဖြစ်ပါတယ်။
✅ အပြောင်းအရွှေ့ ပိတ်သွားပြီးနောက်ယူနိုက်တက်ရဲ့ နွေရာသီ အဝင်/အထွက် အပြောင်းအရွှေ့ စာရင်းအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် -
⚡ ယူနိုက်တက် ခေါ်ယူခဲ့သူများ -
✅ ကားလို့စ် ဘာလီဘား : ဘရိုက်တန်မှ - ပေါင် ၆၅ သန်း (+ Add-ons ပေါင် ၅ သန်း)
✅ အန်ဒရီး ဆန်းတိုးစ် : ချဲလ်ဆီးမှ - ပေါင် ၄၈ သန်း (+ Add-ons ပေါင် ၂ သန်း)
✅ ကားလ် ဒါးလိုး : ပြောင်းရွှေ့ကြေး အလွတ်
✅ ယူရီ တီလားမန်းစ် : အက်စတွန်ဗီလာမှ - ပေါင် ၃၅ သန်း
✅ တိုင်နန် သွန်မဆင် : စပါးမှ - ပေါင် ၄ သန်း (+ Add-ons ပေါင် ၄ သန်း)
✅ ကစ် မားဂတ်ဆင် : ပြောင်းရွှေ့ကြေး အလွတ် (ဆွမ်ဆီးအသင်းထံ လျှော်ကြေးပေးရန်ကျန်)
✅ ခရစ်စတီယန် အိုရိုဇ်ကို : ပြောင်းရွှေ့ကြေးမဖော်ပြထား
⚡ ယူနိုက်တက်မှ ထွက်ခွာခဲ့သူများ -
✅ အန်ဒရီး အိုနာနာ : ထရက်ဘဇွန်စပေါသို့ - အငှား
✅ ရက်စမုစ်ဟွိုက်လန်း : နာပိုလီသို့ - ပေါင် ၃၈ သန်း
✅ ဆီကူး ကုန်းနေး (Sekou Kone): လော့ဇန်း စပေါ့သို့ - အငှား
✅ တိုင်လာ ဖရက်ဒရစ်ဆင် (Tyler Fredricson): လော့ဇန်း စပေါ့သို့ - မဖော်ပြထားသော ပမာဏ
✅ အီလိုင် ဟာရီဆန် (Elyh Harrison): ဂရင်းနော့ မော်တွန်သို့ - အငှား
✅ အာလ်တိုင်း ဘာယင်ဒါ (Altay Bayindir): ဆဲလ်တာဗီဂိုသို့ - အငှား
✅ ဂျေကော့ ဒီဗာနီ (Jacob Devaney): ဟစ်ဘားနီးယန်းသို့ - အငှား
✅ ဂျေးစ် ဖစ်ဇ်ဂျရယ်လ် (Jayce Fitzgerald): ရော့သာဟမ်သို့ - အငှား
✅ အီသန် ဝှိတလီ (Ethan Wheatley): လင်ကွန်းသို့ - အငှား
✅ ဆိုလိုမွန် ဟိုနော (Solomon Honor): ဆောက်သ်ပို့သို့ - အငှား
✅ ဒန် ဂိုးယား (Dan Gore): လူတန်သို့ - အငှား
✅ ရာဒက် ဗီးတက် (Radek Vitek): မစ်ဒယ်ဘရော့သို့ - ပေါင် ၁၄ သန်း
✅ အီသန် ဝီလျံစ် (Ethan Williams): ပီတာဘိုရိုး ယူနိုက်တက်သို့ - မဖော်ပြထားသော ပမာဏ
✅ အီသန် အန်းနစ် (Ethan Ennis): စတော့ပို့ ကောင်တီသို့ - မဖော်ပြထားသော ပမာဏ
✅ ဂျိမ်းစ် စကန်လွန် (James Scanlon): အာဆင်နယ်သို့ - မဖော်ပြထားသော ပမာဏ
✅ တိုဘီ ကော့လီးယား (Toby Collyer): ဝက်စ်ဘရုန်းသို့ - ပေါင် ၃ သန်း (+ Add-ons ပေါင် ၄.၆ သန်း)
✅ ဟာဘိဘ် အိုဂန်းနီးယီ (Habeeb Ogunneye): အာဆင်နယ်သို့ - မဖော်ပြထားသော ပမာဏ
✅ လူးဝစ် ဂျက်ဆင် (Louis Jackson): စန့် မီရင်သို့ - မဖော်ပြထားသော ပမာဏ
✅ ကတ်စီမီရို (Casemiro): စာချုပ်သက်တမ်းကုန်ဆုံး
✅ တိုင်ရဲလ် မာလာစီယာ (Tyrell Malacia): စာချုပ်သက်တမ်းကုန်ဆုံး
✅ ဂျေဒန် ဆန်ချို (Jadon Sancho): စာချုပ်သက်တမ်းကုန်ဆုံး
✅ ဆန်နီ အယ်လ်ဂျော့ဖရီ (Sonny Aljofree): စာချုပ်သက်တမ်းကုန်ဆုံး
✅ ဂျိမ်းစ် ဘေးလီ (James Bailey): စာချုပ်သက်တမ်းကုန်ဆုံး
✅ မာလာခီ ရှာပ် (Malachi Sharpe): စာချုပ်သက်တမ်းကုန်ဆုံး
-
-
❌ မန်ယူနေ့စဉ်စာမျက်နှာ၏ဆောင်းပါးများကို credit မပေးဘဲပြန်လည်ကူးယူဖော်ပြခြင်းများအားခွင့်မပြုပါ။ ❌
-
-
ပို့စ်ကို like & share လုပ်ပြီး Page ကိုအားပေးဖို့ယူနိုက်တက်ဖန်ညီအကိုတို့ကိုတောင်းဆိုချင်ပါတယ်ဗျ။
-
-
မန်ယူနေ့စဉ်ကိုအားပေးလိုတဲ့ယူနိုက်တက်ပရိတ်သတ်ညီအကိုမောင်နှမတွေအနေနဲ့ Page ကို Subscribe လုပ်ပြီးအားဖြည့်ပေးနိုင်ပါတယ်ဗျ။
#မန်ယူနေ့စဥ်