23/04/2023
ချန်ပီယံလိဂ်ဝင်ခွင့်အတွက်အရေးကြီးတဲ့ပွဲ
ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာ အတွက် အရေးပါတဲ့ပွဲစဥ်အဖြစ် ဒီနေ့ည ၇:၃၀ အချိန်မှာ နယူကာဆယ်နဲ့ စပါး တို့ကယှဥ်ပြိုင်ကစားသွားကြမှာပါ။ နယူးကာဆယ်ရဲ့ နောက်ဆုံး၅ပွဲကိုကြည့်ရင် ၄ပွဲနိုင် ၁ပွဲသာရှုံးနိမ့်ထားတာပါ။ စပါးအသင်းကတော့ ၂ပွဲနိုင်၂ပွဲသရေ ၁ပွဲရှုံးထားပါတယ်။ ဒီရာသီပထမအကြိမ် စပါးအိမ်ကွင်းမှာ နယူးကာဆယ်က ၁:၂ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိထားပါတယ်။ စပါးအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ဆက်လက်ရှိဖို့ အနိုင်ကန်ဖို့လိုအပ်ပါတယ်။ စပါးအသင်းက ၃၁ပွဲကစားထားပြီး ၅၃မှတ်နဲ့ အဆင့်၅နေရာမှာရှိပြီး နယူးကာဆယ်က ပွဲ၃၀ကစားထားပြီး ၅၆မှတ်နဲ့ အဆင့်၄နေရာမှာ ရှိပါတယ်။ယူနိုက်တက်ကလဲ ပွဲ၃၀ကစားထားပြီး ၅၉မှတ်နဲ့ဆင့်၃နေရာမှာရှိပါတယ် ။ဒါ့ကြောင့် စပါးအသင်းအနေနဲ့ အထက်ကအသင်းတွေနဲ့ အမှတ်ကွာဟမှုလျော့ချနိုင်ရန် ဒီနေ့ပွဲစဥ်ကိုအနိုက်ကန်ဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်က နယူကာဆယ်ဖြစ်နေတာကြောင့် နိုင်ဖို့တော့ အတော်လေးခေတ်ခဲနိုင်ပါတယ်။ နှစ်သင်းလုံးအနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အပြင်းအထန် ကစားသွားမှာကြောင့် အတော်လေးကြည့်ကောင်းတဲ့ပွဲတစ်ပွဲဖြစ်လာမှာပါ။ နကာဆယ်အသင်းရဲ့ ပွဲထွက်လူစရင်းကိုကြည့်ရရင်
ဂိုး- Pope
နောက်တန်း-Tripper, Schar, Botman, Burn
ကွင်းလယ်- Longstaff, Guimaraes, Willoc
တိုက်စစ်- Alimitom, Isak, Joelinton
တို့ပွဲထွက်လာနိုင်ပါတယ်။စပါးအသင်းကတော့
ဂိုး-Lloris
နောက်တန်း-Lenglet, Dier, Romero
ကွင်းလယ်-Perisic, Hojbjerg, Sippp, Porro
တိုက်စစ်- Son, Kane, Danjuma တို့ဖြစ်နိုင်ပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကစားသွားကြမှာကြောင့် ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။ ညီကိုတို့အနေနဲ့ရောဘယ်လိုတင်လ? ဘယ်အသင်းအနိုင်ရမယ်ထင်လဲ?commentမှာရေးပေးခဲ့ကြပါခင်ဗျာ။