United Matter

United Matter Screaming at the TV since Ferguson left 😅❤️

🚨🗣️ Kobbie Mainoo“အခု ကစားရတာ ပိုပြီး လွတ်လပ်လာတယ်လို့ ခံစားရပါတယ်။ ကွင်းရှေ့ခြမ်းမှာ တက်ပြီးကစားရတာကိုလည်း အဆင်ပြေပါတယ်...
08/09/2026

🚨🗣️ Kobbie Mainoo

“အခု ကစားရတာ ပိုပြီး လွတ်လပ်လာတယ်လို့ ခံစားရပါတယ်။ ကွင်းရှေ့ခြမ်းမှာ တက်ပြီးကစားရတာကိုလည်း အဆင်ပြေပါတယ်။ အမှန်အတိုင်းပြောရရင် အခုလိုမျိုး ဘောလုံးကစားရတာကို မကြာသေးခင်နှစ်တွေထက် ပိုပြီး ပျော်လာတယ်။

Carrick က ကစားသမားတိုင်းရဲ့ အရည်အချင်းနဲ့ ကိုယ့်ရဲ့ Role တစ်ခုချင်းစီကို ကောင်းကောင်းနားလည်တဲ့သူပါ။ ကိုယ်ဘယ်နေရာမှာ လိုအပ်နေတယ်ဆိုတာ သိသလို အဲ့ဒီနေရာမှာ တိုးတက်လာအောင်လည်း ကူညီပေးတယ်။

ပွဲပြီးတိုင်းလည်း ကစားသမားတစ်ယောက်ချင်းစီနဲ့ အချိန်ပေးစကားပြောပြီး ဘာတွေ ပိုကောင်းအောင် လုပ်နိုင်မလဲဆိုတာ တိတိကျကျ ပြောပြပေးတယ်။

သူကိုယ်တိုင်လည်း ကစားသမားဘဝမှာ အဲ့ဒီအရာတွေအားလုံးကို ဖြတ်သန်းခဲ့ပြီးသားပါ။ ဒီလိုလူတစ်ယောက်က အခု ကျွန်တော့်ကို လမ်းညွှန်ပေးနေတာက တကယ်ကို အခွင့်ထူးတစ်ခုပါပဲ။

ကျွန်တော် ကစားခဲ့ဖူးသမျှ Coach တွေထဲမှာတော့ သူက အကောင်းဆုံးပါပဲ။”

🚨 | “No.9 နေရာမှာလည်း ကျွန်တော် ကစားနိုင်ပါတယ်။ ဒါပေမယ့် အမှန်အတိုင်းပြောရရင် No.10 နေရာက Inside Forward အနေနဲ့ ကစားရတာက...
08/09/2026

🚨 | “No.9 နေရာမှာလည်း ကျွန်တော် ကစားနိုင်ပါတယ်။ ဒါပေမယ့် အမှန်အတိုင်းပြောရရင် No.10 နေရာက Inside Forward အနေနဲ့ ကစားရတာက ကျွန်တော့်အတွက် အများကြီး အထောက်အကူဖြစ်ပါတယ်။

ဒါပေမယ့် မန်နေဂျာက ဘယ်နေရာမှာ ကစားစေချင်လဲဆိုတဲ့အပေါ် မူတည်ပြီး ကျွန်တော် အဲ့ဒီနေရာမှာပဲ ကစားသွားမှာပါ။

ဘာပဲဖြစ်ဖြစ် Manchester United က အရာအားလုံးထက် ပထမဦးစားပေးပါပဲ!”

🗣️ Matheus Cunha

🚨🗣️ | “မန်နေဂျာက ကျွန်တော့်ကို နောက်တန်းရှေ့မှာ ထိုင်ပြီး ဘေးတိုက်ပဲ ဘောလုံးပေးနေ၊ မစွန့်စားဘဲ အေးအေးဆေးဆေး ကစားနေစေချင်...
08/09/2026

🚨🗣️ | “မန်နေဂျာက ကျွန်တော့်ကို နောက်တန်းရှေ့မှာ ထိုင်ပြီး ဘေးတိုက်ပဲ ဘောလုံးပေးနေ၊ မစွန့်စားဘဲ အေးအေးဆေးဆေး ကစားနေစေချင်တာ မဟုတ်ပါဘူး။

နေရာလွတ်တွေကို ထိန်းချုပ်ဖို့၊ ဘောလုံးပြန်လုဖို့နဲ့ အသင်းကို ဟန်ချက်ညီအောင် ထိန်းပေးဖို့ သူက တောင်းဆိုပါတယ်။

No.6 ဖြစ်ဖြစ် No.8 ဖြစ်ဖြစ် ကစားတဲ့အချိန်မှာ ကွင်းလယ်ရဲ့ ဦးနှောက်တစ်ခုလို စဉ်းစားရမယ်လို့လည်း ပြောပါတယ်။

ဘောလုံးပျောက်သွားရင် ချက်ချင်းတုံ့ပြန်ရမယ်။ အန္တရာယ်က ဘယ်ကလာမလဲဆိုတာ မြန်မြန်ဖတ်ပြီး ပြဿနာမဖြစ်ခင် တားဆီးရမယ်။

ဘောလုံးကိုင်ထားတဲ့အချိန်မှာလည်း ရဲရဲဝံ့ဝံ့ ကစားစေချင်ပါတယ်။ ရှေ့ကိုပေးနိုင်တဲ့ Pass ရှိရင် ပေးရမယ်။ ပြိုင်ဘက်ရဲ့ Line ကို ချိုးဖောက်နိုင်ရင် ချိုးဖောက်ရမယ်။ လွယ်ကူတာတွေပဲ လုပ်နေစေချင်တာ မဟုတ်ပါဘူး။

တချို့လူတွေက ကျွန်တော့်ကို ဖန်တီးမှုအားကောင်းတဲ့ ကွင်းလယ်လူတစ်ယောက်အဖြစ် ပိုမြင်ကြတယ်။ ဒါပေမယ့် ဒီလိုတာဝန်ယူရတာကို ကျွန်တော် သဘောကျပါတယ်။

No.6 နေရာဆိုတာ ဘောလုံးလုတာလောက်နဲ့ မပြီးပါဘူး။ ပွဲကို ဖတ်တတ်ရမယ်၊ Tempo ကို ထိန်းရမယ်၊ နောက်တန်းကို ကာကွယ်ပေးရမယ်၊ အသင်းကိုလည်း ရှေ့တက်နိုင်အောင် ကူညီပေးရမယ်။

Carrick က ကျွန်တော့်ကို ဒီလိုတာဝန်တွေ ပေးထားပြီး ကိုယ့်ဘောလုံးကို ယုံကြည်ဖို့ ပြောပါတယ်။

ဒါကြောင့် သူက ကျွန်တော့်ကို အဲ့ဒီနေရာမှာ ထည့်ကစားတဲ့အချိန် ဘာမျှော်လင့်ထားလဲဆိုတာ ကျွန်တော် သိပါတယ်။

ကွင်းလယ်ကို ထိန်းချုပ်မယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမယ်။ ပြီးတော့ ကိုယ့်တာဝန်ကိုယ်ယူဖို့ ဘယ်တော့မှ မကြောက်ပါဘူး။”

🗣️ Youri Tielemans

🚨 | Carrick က Sesko ကို ပွဲထွက်လူစာရင်းမှာ မထည့်ခဲ့တဲ့အကြောင်း ပြောကြားလာပါတယ်။🗣️ “ကစားသမားတိုင်းမှာ ကိုယ့်အခွင့်အရေးနဲ့...
07/09/2026

🚨 | Carrick က Sesko ကို ပွဲထွက်လူစာရင်းမှာ မထည့်ခဲ့တဲ့အကြောင်း ပြောကြားလာပါတယ်။

🗣️ “ကစားသမားတိုင်းမှာ ကိုယ့်အခွင့်အရေးနဲ့ကိုယ် ရှိပါတယ်။ Ben က ဒဏ်ရာကနေ ပြန်လာတာ သိပ်မကြာသေးလို့ အလျင်စလို မသုံးချင်ခဲ့တာပါ။

ဒါပေမယ့် ကြာသပတေးနေ့နဲ့ တနင်္ဂနွေနေ့ပွဲတွေမှာတော့ သူ ပါဝင်ကစားနိုင်ပါပြီ။”

Carrick ကတော့ Sesko ကို အလျင်စလို အသုံးမပြုဘဲ တဖြည်းဖြည်းချင်း ပြန်လည်အသုံးချသွားမယ့်သဘောပါ။

🚨 | Senne Lammens က Everton နဲ့ပွဲအပြီး သူ့ရဲ့စွမ်းဆောင်ရည်အပေါ် ကျေနပ်နိုင်ဖို့ ခက်တယ်လို့ ဝန်ခံခဲ့ပါတယ်။🗣️ “ဒီည ကျွန်တ...
07/09/2026

🚨 | Senne Lammens က Everton နဲ့ပွဲအပြီး သူ့ရဲ့စွမ်းဆောင်ရည်အပေါ် ကျေနပ်နိုင်ဖို့ ခက်တယ်လို့ ဝန်ခံခဲ့ပါတယ်။

🗣️ “ဒီည ကျွန်တော့်ရဲ့ကစားပုံအပေါ် ကျေနပ်တယ်လို့ ပြောဖို့ တော်တော်ခက်ပါတယ်။ ကာကွယ်မှုကောင်းတွေတော့ လုပ်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် George က အရင်နေရာအတိုင်း ထပ်ဝင်လာတဲ့အချိန်မှာ ကာကွယ်နိုင်ခဲ့တာမျိုးပေါ့။

ဒါပေမယ့် ကျွန်တော်တို့ ၂ ဂိုးပေးခဲ့ရတယ်။ ဒါ့အပြင် ၂ မှတ်လည်း ဆုံးရှုံးခဲ့ရပါတယ်။

George ရဲ့ ပထမဂိုးက တကယ်ကောင်းတဲ့ အဆုံးသတ်မှုပါ။ ဒါပေမယ့် ဂိုးသမားဆိုတော့ ကိုယ့်ကိုယ်ကို ‘ငါ ဒီထက်ပိုပြီး ကာကွယ်နိုင်ခဲ့မလား’ ဆိုပြီး အမြဲမေးမိတတ်ပါတယ်။ ဒါက ကျွန်တော့်ရဲ့အလုပ်ပဲလေ။

ပြီးတော့ Maitland-Niles က အဲ့ဒီလိုမျိုး ကန်လိုက်တဲ့အချိန်မှာ ကျွန်တော်က ဒူးတစ်ဖက်ထောက်ပြီး ဘောလုံးဝင်သွားတာကို ကြည့်နေရတဲ့အခြေအနေ ဖြစ်သွားတယ်။ ကျွန်တော် ကာကွယ်ချင်ခဲ့တာပါ။ ဒါပေမယ့် တစ်ခါတလေမှာတော့ အဲ့ဒီလို ကန်ချက်ကောင်းတဲ့အတွက် သူ့ကိုလည်း အသိအမှတ်ပြုပေးရပါတယ်။

ကျွန်တော် တာဝန်ယူပါတယ်။ ဒီကနေ သင်ခန်းစာယူပြီး ရှေ့ဆက်သွားမယ်။ ဒါက ဘောလုံးပဲလေ။

တစ်ခဏမှာ ကိုယ်က အကောင်းဆုံးအခြေအနေမှာ ရှိနေနိုင်ပေမယ့် နောက် ၅ မိနစ်လောက်ကြာရင် ကိုယ့်ကို ထပ်ပြီး စမ်းသပ်ခံရနိုင်ပါတယ်။”

🗣️ Michael Carrick “ရှုံးပွဲတစ်ပွဲလို ခံစားရတယ်။ အခုချိန်မှာ ခံစားချက်က သိပ်မကောင်းဘူး။ ပွဲတွေကို အနိုင်ရဖို့ ဆိုရင် ဂို...
06/09/2026

🗣️ Michael Carrick

“ရှုံးပွဲတစ်ပွဲလို ခံစားရတယ်။ အခုချိန်မှာ ခံစားချက်က သိပ်မကောင်းဘူး။ ပွဲတွေကို အနိုင်ရဖို့ ဆိုရင် ဂိုးတွေပိုမပေးရအောင် လုပ်ရမယ်။

ဒီနေ့ ကျွန်တော်တို့ အနိုင်ရသင့်ခဲ့တယ်ဆိုတာ ဖုံးကွယ်လို့မရပါဘူး။ ပွဲကို အဆုံးထိ ကောင်းကောင်းမထိန်းနိုင်ခဲ့တာကလည်း ကျွန်တော်တို့ဘက်က အားနည်းချက်တစ်ခုပါ။

ရမှတ်တစ်မှတ်တော့ ရခဲ့တယ်။ အဲဒါကို လျစ်လျူရှုလို့မရပေမယ့် တကယ်တမ်းတော့ ဒီထက်ပိုရသင့်ခဲ့တယ်။

Marcus က ပြန်လာပြီးကတည်းက ကောင်းကောင်းလုပ်နေပါတယ်။ ဒီနေ့လည်း အားကောင်းပြီး ပြိုင်ဘက်အတွက် အန္တရာယ်ရှိခဲ့တယ်။

သူ့ကို ဘာကြောင့် လူစားလဲခဲ့လဲ? သူ့မှာ နည်းနည်းလောက် တစ်ခုခုခံစားနေရတာရှိလို့ပါ။

သူတို့သွင်းခဲ့တဲ့ ဂိုးနှစ်ဂိုးကတော့ တကယ်ကောင်းတဲ့ဂိုးတွေပါ။ ဒါပေမယ့် အသင်းအနေနဲ့ ကျွန်တော်တို့ ပိုကောင်းအောင်လုပ်ရမယ့်အရာတွေ ရှိနေပါတယ်။ အဲဒါတွေကို လျစ်လျူရှုလို့မရဘူး။ ဂိုးပေးရတာကို လျှော့ချရမယ်။”

Marcus Rashford ဒီနေ့ကစားသွားတဲ့ ခြေစွမ်းကိုဘယ်လိုမြင်ကြလဲ❓
06/09/2026

Marcus Rashford ဒီနေ့ကစားသွားတဲ့ ခြေစွမ်းကိုဘယ်လိုမြင်ကြလဲ❓

Sesko အနေနဲ့ လူစားဝင်ပြီး အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့ပေမယ့် နောက်ခံကစားသမားတွေရဲ့ ပေါ့လျော့တဲ့ ကစားပုံတွေက United ကို န...
06/09/2026

Sesko အနေနဲ့ လူစားဝင်ပြီး အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့ပေမယ့် နောက်ခံကစားသမားတွေရဲ့ ပေါ့လျော့တဲ့ ကစားပုံတွေက United ကို နစ်နာစေခဲ့တာပါပဲ

SESKOOOOOOOOO!!!!!!!!!GOALLLLLLLLL!!!!!!!!
06/09/2026

SESKOOOOOOOOO!!!!!!!!!
GOALLLLLLLLL!!!!!!!!

MBUEMOOOOOO!!!!!GOALLLLLLL!!!!!!
06/09/2026

MBUEMOOOOOO!!!!!
GOALLLLLLL!!!!!!

Address

Singapore

Alerts

Be the first to know and let us send you an email when United Matter posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category