07/03/2022
တစေ့တစောင်းပြောကြည့်ရအောင်.!
မန်ချက်စတာနှစ်သင်းကြားမှာ - ကွာခြားချက်
ဘယ်လောက်ထိရှိနေပြီလဲဆိုတာသက်သေတခုဘဲ၊
လေလည်းမတိုက်နဲ့တော့-ငြင်းလို့လည်းမရတော့ဘူး၊
ဒါဟာ-ဘောလုံးကမ္ဘာကြီးလက်ခံရမယ့်အမှန်တရား၊
လယ်ဗယ်အရမ်းကွာသွားပြီ၊ရည်မှန်းချက်ခြင်းလည်း
မတူတော့ဘူး၊စီးတီးကလေဆန်ပျံသန်းနေတဲ့အသင်း၊
ယူနိုက်တက်မှာကပတ်ပတ်စက်စက်ပြင်ဆင်ရဦးမယ်၊၊
ကစားကွက်အနေအထားတွေ.,
နည်းပြပါဝါတွေ.,လူအင်အားတွေ.,
ဒါတွေကိုခဏဖယ်ထား၊ကျန်အသေးစားကိစ္စတွေ
တွက်ချက်ကြည့်လိုက်၊လွှဲနေတာတွေမြင်ရလိမ့်မယ်၊
မန်ချက်စတာအနီနဲ့အပြာရဲ့ဒီဇိုင်းတွေက
နူးညံ့ခြင်းနဲ့ခြောက်သွေ့ခြင်းလိုဖြစ်နေပြီ၊၊
ယူနိုက်တက်ဟာ-ဒီဘက်နောက်ပိုင်းနှစ်တွေမှာ
ပရိတ်သတ်တွေကိုသောကတွေဘဲပေးနေတယ်၊
ဒါကိုအားလုံးလည်းသိကြမှာပါ၊အပွင့်လင်းဆုံးနဲ့
ဒဲ့ပြောရရင် သူတို့အများကြီးပြုပြင်ဘို့လိုပါတယ်၊
အသင်းရဲ့အောက်ခြေကနေစပြီး ပြင်ဆင်ရမှာဗျ၊၊
ထားပါတော့လေ..နောက်ဆွေးနွေးဖြစ်တဲ့အခါမှ
အကျယ်တဝန်းအေးဆေးပြောပြပေးမယ်လေနော်၊၊
ဒီတပွဲတည်းကိုကြည့်ပီးပြောနေတာမဟုတ်ဘူးနော်၊
စီးတီးနဲ့ယူနိုက်တက်ရဲ့ကွာခြားမှုက
ဆယ်စုနှစ်တခုတောင်ရောက်ခံနီးပြီ၊၊
ပရိတ်သတ်မက်မောတဲ့ဟိတ်ဟန်နဲ့
ယူနိုက်တက်အစစ် အသက်ပြန်ဝင်ဘို့
ကံနတ်သမီးထံ ဆုတောင်းပါတယ်ကွာ၊၊
ဒီမှာ-အားလုံးကို ပြောစရာလေး တခုရှိတယ်.,
အဲ့ဒီကိစ္စကGP’တွေမှာခဏခဏတွေ့နေလို့ပါ၊
တကယ်သေချာနားလည်တဲ့သူတွေအတွက်ဆိုရင်
အဲ့ဒီအကြောင်းအရာက, ဟာသကြီးဖြစ်နေတယ်၊
ဒါကြောင့်-ဒါလေးတော့ကျွန်တော်ပြောပါရစေနော်၊
ပြီးပြည့်စုံတဲ့ World-class player’.,
Big-game’တွေဆို ကြွတက်လေ့ရှိတဲ့
စပယ်ရှယ်ကစားသမားကို-Respect’မရှိတဲ့
စကားတွေသုံးပြီးလိုက်နှိုင်းနေတာမျိုးမလုပ်ပါနဲ့ဗျာ၊
ကျွန်တော်ဘာကိုဆိုလိုမှန်းအားလုံးသိကြမှာပါနော်၊၊
Crd to original writer