Ball Lone - ဘောလုံး

Ball Lone - ဘောလုံး မြက်ခင်းစိမ်းထက်က ပုံပြင်တွေနဲ့ ဂိုးတိုင်ကြားက စိတ်လှုပ်ရှားမှုများ ⚽

Stories from the green pitch and the thrill between the goalposts."

22/08/2026

အချိန်က ညရှစ်နာရီကျော်ကာစ ..

အိမ်ခေါင်မိုးပေါ်ဆီကမိုးရေစက်တဖြောက်ဖြောက်သံကြားမှာ ကိုသာဝ တစ်ယောက် ဟင်း .. ကနဲ သက်ပြင်းချကာ ညနေတုန်းက လမ်းထိပ်ဘုံဆိုင်ဆီကဝယ်လာတဲ့ အရက်ဖြူပုလင်းကိုမော့သောက်လိုက်ပါတယ်။ အရက်ရဲ့အရှိန်နဲ့ရီဝေနေတဲ့မျက်ဝန်းတွေဆီမှာ သေချာကြည့်ခဲ့ရင်တော့ဝေ့သီနေခဲ့တဲ့မျက်ရည်စတွေကိုတွေ့မြင်ရမှာပါ။ ဆေးပေါ့လိပ်တိုကိုမီးညှိရင်း ပုဆိုးခါးကြားလိပ်ထားတဲ့ ငွေအချို့ကိုရေတွက်လိုက်ပြန်ပါတယ်။ ဟင်း .. ဆိုတဲ့သက်ပြင်းသံနဲ့အတူ မှန်ကွဲရာဗရပွဖြစ်နေတဲ့ ဖုန်းမျက်နှာပြင်ကိုငေးရင်း ကိုသာဝရဲ့အမူအရာဟာ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပြီး နောင်တတွေ ၊ နာကျင်မှုတွေနဲ့အတူအံကိုတင်းတင်းကြိတ်နေခဲ့ပြန်ပါတယ်။

ကိုသာဝ ဟာ ဆင်ခြေဖုံးရပ်ကွက်တစ်ခုရဲ့လမ်းကြားစျေးလေးတစ်ခုကို အမီပြုပြီး အနှေးယာဉ်အငှါးလိုက်တဲ့သူတစ်ဦးပါ။ အရင်ကအိမ်ထောင်ရှိခဲ့ပေမယ့် သားသမီးရတနာမထွန်းကားခဲ့လို့ သံယောဇဉ်အထူးအထွေမရှိတဲ့ ကိုသာဝဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်မှာပဲ အိမ်ထောင်ကွဲခဲ့ပြီးဘဝကိုတစ်ဦးထဲဖြတ်သန်းနေခဲ့တာပါ။ မနက် မနက်ဆို အစောပိုင်းစျေးခင်းချိန်အမီ အနှေးယာဉ်နဲ့ကုန်စည်တွေပို့ဆောင်အပြီး လမ်းထိပ်ဘူတာရုံနားက လက်ဖက်ရည်ဆိုင်မှာအေးအေးဆေးဆေးလက်ဖက်ရည်သောက်ရင်း မိတ်ဆွေတွေနဲ့အချိန်ဖြုန်းလေ့ရှိတက်သူပါ။ အနှောင်အဖွဲ့မရှိတဲ့ ကိုသာဝ အတွက်တော့ ဘဝဟာ ပူပင်သောကနည်းပြီး ပျော်ပျော်နေတက်သူလို့ အများကအသိအမှတ်ပြုကြပါတယ်။

ညနေတုန်းကအထိ ကိုသာဝ ကို ပေါ့ပေါ့ပါးပါးရွှင်ရွှင်ပျပျနဲ့တွေ့နေရခဲ့တာပါ။ စျေးထောင့်နားကအရက်ဖြူဆိုင်မှာ အနီးအနားဆောက်လုပ်ရေးလုပ်ငန်းခွင်က လုပ်သားအချို့နဲ့အတူ တစ်ခွက်တစ်ဖလားကစ်ရင်း အရက်ဝိုင်းထဲမှာ ကိုသာဝတစ်ယောက် အာဘောင်အာရင်းအသန်းဆုံးဖြစ်နေခဲ့တာပါ။ သောက်ရင်းစားရင်း စကားကလည်းကောင်း သောက်ရလည်းဝပြီဆိုကာမှ ကိုသာဝ ဝိုင်းကထကာ အိမ်ပြန်ခဲ့ပါတယ်။ ညအခါရေချိန်မကိုက်မှာစိုးတာကြောင့် လမ်းထိပ်မှာနောက်ထပ်တစ်လုံးထပ်ဆွဲခဲ့လိုက်ပြန်ပါသေးတယ်။

အိမ်ပြန်ရောက်တဲ့အခါမှ ကိုသာဝ ခါတိုင်းလိုရေမချိုးနိုင် ၊ အနှေးယာဉ်ကို မသိမ်းနိုင်ဘဲ အိပ်ကပ်ထဲကဖုန်းအကွဲလေးကိုကြည့်ရင်းအချိန်တွေကုန်နေခဲ့ပါတယ်။ ညနေက မှောင်သည်ထက် မှောင်လာခဲ့ပြီးနောက်မှာတော့ ကိုသာဝ တစ်ယောက်ဖုန်းကိုကြည့်ရင်း ဂနာမငြိမ်ဖြစ်လို့နေပါပြီ။ " တောက် “ ခေါက်သံပြင်းပြင်း ခေါက်ရင်း မျက်ရည်စက်အချို့ ပေါက်ခနဲ့ ကျလို့လာပါတယ်။

ကိုသာဝ တစ်ယောက် ဟင်း .. ကနဲ သက်ပြင်းချကာ ညနေတုန်းက လမ်းထိပ်ဘုံဆိုင်ဆီကဝယ်လာတဲ့ အရက်ဖြူပုလင်းကိုမော့သောက်လိုက်ပါတယ်။ အရက်ရဲ့အရှိန်နဲ့ရီဝေနေတဲ့မျက်ဝန်းတွေဆီမှာ သေချာကြည့်ခဲ့ရင်တော့ဝေ့သီနေခဲ့တဲ့မျက်ရည်စတွေကိုတွေ့မြင်ရမှာပါ။ ဆေးပေါ့လိပ်တိုကိုမီးညှိရင်း ပုဆိုးခါးကြားလိပ်ထားတဲ့ ငွေအချို့ကိုရေတွက်လိုက်ပြန်ပါတယ်။ ဟင်း .. ဆိုတဲ့သက်ပြင်းသံနဲ့အတူ မှန်ကွဲရာဗရပွဖြစ်နေတဲ့ ဖုန်းမျက်နှာပြင်ကိုငေးရင်း ကိုသာဝရဲ့အမူအရာဟာ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပြီး နောင်တတွေ ၊ နာကျင်မှုတွေနဲ့အတူအံကိုတင်းတင်းကြိတ်နေခဲ့ပြန်ပါတယ်။

မျက်နှာပေါ်မှာ အံဩမှင်သက်မှု ၊ မယုံကြည်နိုင်မှုတွေက အထင်းသား ။ ကြေကွဲမှု ၊ နာကျင်မှုနဲ့ ရှက်ရွံ့သိမ်ငယ်မှုတွေက အတိုင်းသား .. မျက်ရည်စတွေနဲ့အတူပေါ့ ..

လက်ထဲကဖုန်းကိုကြမ်းပြင်ပေါ်ချလိုက်ပါတယ်။ ဖုန်းမျက်နှာပြင်အကွဲလေးပေါ်မှာတော့ "ဟူးလ်စီးတီး ၂ -၀ မန်ချက်စတာယူနိုက်တက် " ဂိုးရလဒ်လေးက မထင်ရှားပေမယ့် မြင်သာလို့တော့နေပြန်ပါတယ်။

ကိုသာဝ မျက်နှာပေါ်မှာ အံဩမှင်သက်မှု ၊ မယုံကြည်နိုင်မှုတွေက အထင်းသား ။ ကြေကွဲမှု ၊ နာကျင်မှုနဲ့ ရှက်ရွံ့သိမ်ငယ်မှုတွေက အတိုင်းသား ..
ညနေက ဘုံဆိုင်မှာ လေကျယ်ခဲ့မိတာ ကိုသာဝ သောက်ရှက်ကွဲပါပြီ ။ "မန်ယူပြန်လာပြီကွ ဒီနှစ်တော့ချံပီယံပဲ “ လို့ အာဘောင်အာရင်းသန်သန်ပြောမိခဲ့တာတွေကို တွေးရင်း မျက်နှာတစ်ခုလုံးနီမြန်းလို့နေခဲ့ပြန်ပါတယ်။

မနက်ဖြန်ဆို ကိုသာဝ လက်ဖက်ရည်ဆိုင်မထိုင်ဖြစ်လောက်ပါဘူး။ ဆိုက်ကားလည်း မထွက်ဖြစ်လောက်တော့ပါဘူး … ဘယ်သူမှ မပိတ်လည်း ကိုသာဝတော့ ဂိတ်ပိတ်ပါတယ် ။

🙄

ပရီးမီးယားလိဂ် ပွဲစဉ် ၁ အဖြစ် လက်ရှိချံပီယံအာဆင်နယ်တို့ တန်းတက်အသင်းကိုဗင်ထရီကို ဂိုးပြတ်အနိုင်ယူကာ အဖွင့်လှခဲ့ပါပြီ။
21/08/2026

ပရီးမီးယားလိဂ် ပွဲစဉ် ၁ အဖြစ် လက်ရှိချံပီယံအာဆင်
နယ်တို့ တန်းတက်အသင်းကိုဗင်ထရီကို ဂိုးပြတ်အနိုင်ယူကာ အဖွင့်လှခဲ့ပါပြီ။

20/08/2026

ပရီးမီးယားလိဂ်ရာသီစတင်ဖို့ ၂ ရက်အလို

16/08/2026

TONIGHT
8:30 PM

ARSENAL 🆚 MANCHESTER CITY
COMMUNITY SHIELD FINAL

ဒါမှ မန်ယူကွ နောက်တစ်ပတ်ဆို ရာသီသစ်စတင်ပြီမို့ အခုထဲက မူလခြေစွမ်းပြန်ရနေပြီ 🤭
15/08/2026

ဒါမှ မန်ယူကွ

နောက်တစ်ပတ်ဆို ရာသီသစ်စတင်ပြီမို့ အခုထဲက မူလခြေစွမ်းပြန်ရနေပြီ 🤭

"နှစ်တိုင်းယူနေကြ ကိုယ့်ဖလားကိုယ်မရတဲ့ အာဆင်နယ် “အင်္ဂလန်ပရီးမီးယားလိဂ် ချံပီယံ အာဆင်နယ်ကတော့ ရာသီသစ်အတွက်ကျင်းပတဲ့ ရာသီ...
09/08/2026

"နှစ်တိုင်းယူနေကြ ကိုယ့်ဖလားကိုယ်မရတဲ့ အာဆင်နယ် “

အင်္ဂလန်ပရီးမီးယားလိဂ် ချံပီယံ အာဆင်နယ်ကတော့ ရာသီသစ်အတွက်ကျင်းပတဲ့ ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ်အမ်းမရိတ်ဖလားမှာ ဒေါ့မွန်ကို ရှုံးနိမ့်ပြီးစောစောစီးစီး စည်သူလွင် ရာထူးရယူခဲ့တာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို မျက်စိလည်ကာဆွတ်ခူးခဲ့ပြီးနောက် ချံပီယံလိဂ်မှာတော့ စည်သူလွင် အစစ်ဆိုတာသက်သေထူခဲ့တဲ့ အာဆင်နယ်တို့ ရာသီသစ်အတွက်စောစောစီးစီး ယတြာချေသလား ဓာတ်ရိုက်ဓတ်ဆင်များ လုပ်လေသလားမသိပါဘူး ရနေကြယူနေကြ အမ်းမရိတ်ဖလားကို လက်လွှတ်ကာ စည်သူလွင်ဖြစ်နေဆဲဖြစ်ကြောင်း တိတိပပသက်သေထူနေခဲ့ပါပြီ ။

ပြီးရင်တော့ ငါတို့ဟာချံပီယံလောင်းတွေဖြစ်ကြောင်း ၊ ချံပီယံလိဂ်အပါအဝင် ဖလားစုံသိမ်းမည်ဖြစ်ကြောင်း ရာသီမကုန်မချင်း မြင်ပြင်းကပ်လောက်အောင်ပြောဆိုနေကြတော့မှာလည်းဖြစ်ပါတယ်။
🙄

ထိုင်းအသင်းအတွက် အရေးပါတဲ့ဂိုး ၂ ဂိုးကိုဖန်တီးပေးခဲ့တဲ့ ဂျပန်နွယ်ဖွားထိုင်းကွင်းလယ်ကစားသမား ကိုယိုတာကိုစား 🙄
08/08/2026

ထိုင်းအသင်းအတွက် အရေးပါတဲ့ဂိုး ၂ ဂိုးကိုဖန်တီးပေးခဲ့တဲ့ ဂျပန်နွယ်ဖွားထိုင်းကွင်းလယ်ကစားသမား ကိုယိုတာကိုစား

🙄

08/08/2026

အာဆီယံချံပီယံရှစ် ( ဟွန်ဒိုင်း ဖလား )
အုပ်စုအဆင့်ပွဲစဉ်

ထိုင်း Vs မြန်မာ
ည ၇:၃၀

အာဆင်နယ်ကွင်းလယ်ကို နောင်တစ်ဆင့်မြင့်စေမဲ့ဘရူနိုဂူမာရေးစ် ရဲ့အပြောင်းအရွေ့ နယူးကာဆယ် နဲ့ ဘရာဇီးကွင်းလယ်ကစားသမား ဂူမာရေးစ...
05/08/2026

အာဆင်နယ်ကွင်းလယ်ကို နောင်တစ်ဆင့်မြင့်စေမဲ့
ဘရူနိုဂူမာရေးစ် ရဲ့အပြောင်းအရွေ့

နယူးကာဆယ် နဲ့ ဘရာဇီးကွင်းလယ်ကစားသမား ဂူမာရေးစ် ဟာ အာဆင်နယ်အသင်းကို ပြောင်းရွေ့ခဲ့ပြီဖြစ်ပါတယ်။

တော်သေးတာပေါ့ နောက်တစ်ဂိုးသာဝင်ရင် 8-2 နဲ့ဘာမှမဆိုင်ပဲ ဟိုအသင်းက နေရခက်နေဦးမယ် 🤭စိတ်ဓါတ်လေးအတော်ကောင်းလာတဲ့ မောင်မောင်လွ...
04/08/2026

တော်သေးတာပေါ့ နောက်တစ်ဂိုးသာဝင်ရင် 8-2 နဲ့
ဘာမှမဆိုင်ပဲ ဟိုအသင်းက နေရခက်နေဦးမယ် 🤭

စိတ်ဓါတ်လေးအတော်ကောင်းလာတဲ့
မောင်မောင်လွင် တို့ကတော့ ထိုင်းကိုနိုင်မဲ့ပွဲကြမှ လွဲပြီ 🤪

Address

Thuwunna
Yangon
11072

Website

Alerts

Be the first to know and let us send you an email when Ball Lone - ဘောလုံး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category