Maw Maw

Maw Maw Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Maw Maw, No. 7, Aung San Thuriya Hla Thaung Street, Yangon.

သီတင်းကျွတ်လပြည့်အဘိဓမ္မာအခါတော်နေ့အဘိဓမ္မာ ဆိုတာ အဘိဝိသိဌဓမ္မ ထူးခြားတဲ့ဓမ္မတွေပါဝင်တဲ့ ဒေသနာ ... ၊ သို့မဟုတ် အတိရေကဓမ္...
18/10/2024

သီတင်းကျွတ်လပြည့်
အဘိဓမ္မာအခါတော်နေ့
အဘိဓမ္မာ ဆိုတာ အဘိဝိသိဌဓမ္မ ထူးခြားတဲ့ဓမ္မတွေပါဝင်တဲ့ ဒေသနာ ... ၊
သို့မဟုတ် အတိရေကဓမ္မ ပိုပြီးပြည့်ပြည့်စုံစုံ ဟောထားတဲ့ ဒေသနာဖြစ်တယ် ... ။
တနည်းအားဖြင့် ပြောရမယ်ဆိုရင်
“အဘိ” ဆိုတာ ... အလွန်လေးနက်တဲ့ ... ။
" ဓမ္မ " ဆိုတာ ... သဘာဝတရားဓမ္မများလို့ ဆိုလိုတယ် ... ။
🌹

သာမန်ပုဂ္ဂိုလ်တွေက ...
“ ငါ ...သူတစ်ပါး ... ယောက်ျား ... မိန်းမ ” ဆိုတဲ့ လောကဝေါဟာရအရသာ သိနေကြသော်လည်း မြတ်စွာဘုရားက အဘိဓမ္မာတရားတော်ကို သမ္မုတိသစ္စာပိုင်းက စကားလုံးတွေ များများမသုံးဘဲနဲ့ ပရမတ္ထဆိုက်ထိတဲ့ စကားလုံးတွေ သုံးနှုံးဟောပြသွားတာဖြစ်တယ် ... ။
🌹

အဘိဓမ္မာတရားတော်ဟာ သုတ္တန်တွေထက် ပိုပြီးလေးနက်တယ် ... ၊ ပိုပြီးပြည့်စုံတယ် ... ။
🌹

သုတ္တန်ပါဠိဆိုတာ လူတွေရဲ့ စရိုက် ဝါသနာ
အခြေနေကိုကြည့်ပြီး ဆုံးမသွန်သင်ခဲ့တဲ့ တရား
ဒေသနာတော်များ ဖြစ်တယ် ... ။
🌹

အဘိဓမ္မာကတော့ ...
စရိုက်ဝါသနာများကို ရှုင့်ခြင်းမပြုဘဲ ...
“ ဘယ်လိုသဘာဝတရားတွေ အချင်းချင်း အမှီပြုဆက်သွယ်ပြီး ဖြစ်ကြသလဲ ” ဆိုတာကို
ရှင်းပြတယ် ... ။
🌹

သဘာဝတရားသက်သက် အကျယ်ချဲ့ ဟောထားတာဖြစ်လို့အင်မတန်မှ ထူးခြားတဲ့ ဒေသနာတော်တစ်ရပ်လို့ ... ဗုဒ္ဓဘာသာဝင်တွေအားလုံး တညီတည်း လက်ခံထားကြတယ် ... ။
🌹

အဲဒီ အဘိဓမ္မာဒေသနာတော်ကို အကျယ်ချဲ့
ပြီး တာဝတိံသာနတ်ပြည်မှာ မြတ်စွာဘုရား
ဟောတာက တစ်ပွဲ ... ၊
လူ့ပြည်မှာ မြတ်စွာဘုရားဆီက နည်းခံပြီးတော့ ...
ရှင်သာရိပုတ္တရာ ... ဟောတာက တစ်ပွဲလို့ အဘိဓမ္မာတရားပွဲကြီး နှစ်ပွဲဟာတစ်ပြိုက်နက်ပြီးဆုံးတယ်လို့ ပြောရမယ် ...။
🌹

ဒီကနေ့ လူ့ပြည်ရောက်လာတဲ့ အဘိဓမ္မာတရားတော်ဟာ ရှင်သာရိပုတ္တရာကိုဟောတဲ့ အဘိဓမ္မာတရားလို့ မှတ်ယူရမှာ ဖြစ်တယ် ... ။
🌹

“ အဘိဓမ်မ ပါစနာမါ နာမ သာရိပုတ်တ​ေထ ရပ်ပဘဝေါ ”
အဘိဓမ္မာမှာ အခုလို အစီစဉ်တကျ
“ ဝါစနာမဂ္ဂ ” ပို့ချတဲ့အစဉ် ( သို့မဟုတ် ) အဘိဓမ္မာ
လက်ချာဟာ ...
ရှင်သာရိပုတ္တရာ ပေးသွားတဲ့အတိုင်းမှတ်တမ်းတင်ထားတာ ဖြစ်တယ် ... ။
🌹

လူသားတွေနဲ့သင့်လျော်ရုံ မကျဉ်းမကျယ် စီစဉ်ထားတဲ့ အဘိဓမ္မာတရား ဖြစ်တယ် ... ။
🌹

နတ်ပြည်မှာဟောတဲ့ အဘိဓမ္မာတရားကတော့ ဒီထက်ပိုပြီး ကျယ်ဝန်းတယ် ... ။
🌹

အဲဒီ အဘိဓမ္မာကို မြတ်စွာဘုရား ပြည့်ပြည့်
စုံစုံဟောကြားပြီး ဒီကနေ့ပဲ နိဂုံးချုပ်နိုင်ခဲ့တာပါ ... ။🌹

🌼🌹🌼🌹🌼🌹🌼🌹🌼🌹🌼🌹🌼🌹🌼🌹

#ကျေးဇူးတော်ရှင်_ပါမောက္ခချုပ်ဆရာတော်ဒေါက်တာရှင်နန္ဒမာလာဘိဝံသ ...

🌼🌹🌼

Credit... 🙏🙏🙏

(၇၇)နှစ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုရေးစပ်ပါသည်။*** မိုးနှင့်အပြိုင် မျက်ရည်ဖြိုင် ***  ******************************* ...
19/07/2024

(၇၇)နှစ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုရေးစပ်ပါသည်။

*** မိုးနှင့်အပြိုင် မျက်ရည်ဖြိုင် ***
******************************
* အုပ်အုပ်ဆိုင်းဆိုင်း........ညို့ညို့မှိုင်းမှိုင်း
တဖွဲဖွဲရွာ......မိုးဒေဝါက
ငြိမ်သက်တိတ်ဆိတ်......ပြည်သူ့ရိပ်ကို
ပိုမိုလွမ်းစေ......ဖန်လေသည်......။

* တ ဒိုင်း ဒိုင်း သံ........သေနတ်သံတို့
ဂျူဗလီဟော......စုရုံးတောမှာ
ဗိုလ်ချုပ်အပါ......ကိုးယောက်မှာဖြင့်
အသက္ဇီဝ.....ချုပ်ငြိမ်းရသည်.......။

* အစည်းအဝေးတစ်ခု......အစပြုလို့
ဖြစ်လာဝမ်းနည်း.......လူသတြ္ပဲကို
ကြားမိပြည်သူ......ရင်မှာပူလို့
အလွမ်းဓာတ်ထက်......အဆွေးတက်သည်.....။

* အာဏာမက်မော.......ဂဠုန်စောမှာ
ဆင်ခြင်ဉာဏ်မဲ့.......ကောက်ကျစ်ခဲ့လို့
ကိုးဦးဇာနည်.......သေရှာပြီပေါ့
ရင်နာအလွမ်း......ပြည်သူတမ်းသည်........။

* မိုးနှင့်အပြိုင်........မျက်ရည်ဖြိုင်ခဲ့
ရင်မှာကျွမ်းလု........ပြည်သူမှုမှာ
ဖြေမဆည်နိုင်.........ပြည်သူမှိုင်လို့
သမိုင်းတစ်ခေတ်.......တွင်ရစ်ခဲ့ပြီ
ဇာနည်ကိုးဦး......အကြောင်းတည်း.......။

စိတ်ညှို့ရှင်
(Mohnyin)
1872024

ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ညောင်ရေသွန်းလောင်းရင်း Maw Maw ချစ်သူများ အားလုံး ကျန်းမာခြင်းသုခ ချမ်းသာခြင်းသုခများပိုင်ဆိုင်ပ...
22/05/2024

ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ညောင်ရေသွန်းလောင်းရင်း Maw Maw ချစ်သူများ အားလုံး ကျန်းမာခြင်းသုခ ချမ်းသာခြင်းသုခများပိုင်ဆိုင်ပြီး အေးချမ်းသာယာရှိကြပါစေရှင်🙏🙏🙏
credit

"အလုပ်သမားနေ့" ၂၀၂၄ ခုနှစ် ၊ မေလ (၁) ရက်နေ့မှာ ကျရောက်သည့် ''အလုပ်သမားနေ့ ''အား Maw Mawမိသားစုမှလှိုက်လှဲစွာ ဂုဏ်ပြုကြို...
01/05/2024

"အလုပ်သမားနေ့"

၂၀၂၄ ခုနှစ် ၊ မေလ (၁) ရက်နေ့မှာ ကျရောက်သည့် ''အလုပ်သမားနေ့ ''အား Maw Maw
မိသားစုမှလှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါတယ်။

ကမ္ဘာပေါ်ရှိ နေရာဒေသ အသီးသီးတွင် လုပ်ကိုင်နေကြသော အလုပ်သမားများ အားလုံး ရောဂါကင်းဝေကာ စီးပွား ဥစ္စာ တိုးတက်ပြီး သာယာပျော်ရွှင်သော ဘဝလေးကို ပိုင်ဆိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Maw

Heat stroke Warning ⚠⚠⚠၂၀၂၄ ဧပြီလ ၂ရက်နေ့မှ ၁၀ရက်နေ့အတွင်း မြန်မာနိုင်ငံအနှံအပြားမှာ ပူပြင်းခြောက်သွေ့နိုင်ပါတယ် အပူရှပ်...
02/04/2024

Heat stroke Warning ⚠⚠⚠
၂၀၂၄ ဧပြီလ ၂ရက်နေ့မှ ၁၀ရက်နေ့အတွင်း မြန်မာနိုင်ငံအနှံအပြားမှာ ပူပြင်းခြောက်သွေ့နိုင်ပါတယ် အပူရှပ်ခြင်းသတိပြုပါ(Heat stroke)
မနက် ၁၀ နာရီမှ ညနေ ၅နာရီအတွင်းရေချိုးခြင်းကိုရှောင်ကျဥ်ကြပါ အရိပ်အာဝါသကောင်းကောင်းမှာနေထိုင်ကြပါ

🔥အပူချိန် 35°C - 37°C ကြားကို သုံးရက်ဆက်တိုက်ရပ်နေရင် Level -1
🔥 37°C ကနေ upper 40°C ထိတိုးလာရင် Level 2 danger ပါ ။
ကလေးငယ်‌ငယ်လေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ Pet တွေအထူးအထူးဂရုစိုက်ပါ။ နွေရာသီ ပူနေကြလိုမဟုတ်ပါဖူးနော်၊ ထပ်ပြောပါမယ်။ အခုတောင်လူတိုင်း Heat stroke ဖြစ်နေကြတယ်။ (လည်ပင်းနာ၊ အသံဝင်၊ ချောင်းဆိုး၊ နှာချေ၊ နှာစီး အဆက်မပြတ်၊ မျက်စိပူ ) အခုဒီမှာမီးပြတ်နေတော့ပိုတောင်ဆိုးမှာပါ။ ရုတ်တရက် ဦးနှောက်သွေးကြောပြတ်တာမျိုး အခန့်မသင့်ရင်လူငယ်၊ လူကြီးအရွယ်စုံဖြစ်တတ်တယ် မပေါ့ပါနဲ့နော်။
ဘာလုပ်သင့်လဲဆို ရေဘူးဆောင်ပါ။အေးစက်နေတဲ့ ရေခဲရေထက် ရိုးရိုးရေပိုကောင်းပါတယ်။ အရမ်းပူလာရင်တောင် ရေခပ်နွေးနွေး body pressure balance ဖစ်အောင် သောက်ပေးသင့်တယ်။ ရေခဏခဏသတိရတိုင်းသောက်ပါ။
အိမ်ကို လိုက်ကာကာပါ။ အဝတ်အစားချွေးစုပ်တာ ပေါ့ပါးတာ။
လေဝင်လေထွက်ရှိ အပူထွက်လွယ်တာဝတ်ပါ။
အသောက်အစားလေးခဏလျှော့ပါ။
Gym အပြင်းအထန်လုပ်တာလျှော့။
Sunglasses, sun cream 2-3 hours နေတခါ ထပ် on, ထီး၊ ဦးထုပ်မ‌ဖြစ်မနေဆောင်။
Aircon, fan directly အေးစက်အောင်မထားပါနဲ့။ အပြင်ရုတ်တရက်ထွက်မိရင် shock ရှိ။
အကောင်းဆုံးကတော့ မဖြစ်မနေကိစ္စကလွဲပြီး အိမ်ပြင်ထွက်ခြင်း၊ အပြင်ထွက်ခြင်းမျိုးရှောင်ကြ‌နော် ။
ချစ်တဲ့သူတွေကို share ပေးပြီး ဂရုတစိုက်သတိပေးပါ

Happy Karen Festival!ကရင်နှစ်သစ်ကူးမှာ အားလုံးပဲ အေးချမ်းသာယာကြပါစေ။ ကျန်းမာခြင်းသုခ ချမ်းသာခြင်းသုခများ ပိုင်ဆိုင်ကြပါစ...
11/01/2024

Happy Karen Festival!
ကရင်နှစ်သစ်ကူးမှာ အားလုံးပဲ အေးချမ်းသာယာကြပါစေ။ ကျန်းမာခြင်းသုခ ချမ်းသာခြင်းသုခများ ပိုင်ဆိုင်ကြပါစေ။
photo

🎊 HAPPY NEW YEAR 🎊👑နှစ်သစ်မှာ ကောင်းခြင်းတွေ ယူလာပေးပါစေ....အားလုံးပဲ နှစ်သစ်မှာ ကျန်းမာခြင်းသုခ၊ချမ်းသာခြင်းသုခ၊လူမှုရေ...
31/12/2023

🎊 HAPPY NEW YEAR 🎊
👑နှစ်သစ်မှာ ကောင်းခြင်းတွေ ယူလာပေးပါစေ....
အားလုံးပဲ နှစ်သစ်မှာ ကျန်းမာခြင်းသုခ၊ချမ်းသာခြင်းသုခ၊
လူမှုရေးများအားလုံး ကောင်းမွန်ကြပါစေလို့ Maw Maw မိသားစုမှ စုမွန်ကောင်းတောင်းလိုက်ပါတယ်...

ချစ်ရသူအားလုံး ကျန်းမာရေး၊လူမှုရေး၊ စီးပွားရေးများ ကောင်းမွန်ကြပါစေ ပျော်ရွှင်စရာ ခရစ်စမက်လေးဖြစ်ပါစေရှင် ကျန်းမာရေးသုခမ...
25/12/2023

ချစ်ရသူအားလုံး ကျန်းမာရေး၊လူမှုရေး၊ စီးပွားရေးများ ကောင်းမွန်ကြပါစေ ပျော်ရွှင်စရာ ခရစ်စမက်လေးဖြစ်ပါစေရှင် ကျန်းမာရေးသုခများ ပြီးပြည့်စုံပါစေလို့ Maw Mae မိသားစု မှဆုတောင်းပေးပါတယ်🙏🙏🙏

မဂ်လာနံနက်ခင်းလေးပါ🙏မြတ်စွာဘုရားရှင်၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် သတ္တဝါအားလုံး အေးချမ်းကြပါစေ🙏ဝင်ငွေများတိုး...
09/12/2023

မဂ်လာနံနက်ခင်းလေးပါ🙏

မြတ်စွာဘုရားရှင်၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် သတ္တဝါအားလုံး အေးချမ်းကြပါစေ🙏

ဝင်ငွေများတိုးပွားကြပါစေရှင့်🙏

၁၃၈၅ ခုနှစ် ဒုတိယ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာ အခါတော်နေ့) (1.8.2023) ရက်အင်္ဂါနေ့သည် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ ဥပုသ် နေ့ ...
31/07/2023

၁၃၈၅ ခုနှစ် ဒုတိယ ဝါဆိုလပြည့်နေ့
(ဓမ္မစကြာ အခါတော်နေ့) (1.8.2023) ရက်အင်္ဂါနေ့သည်

ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ ဥပုသ် နေ့ ဖြစ်ပါသည်

ဥပုသ် သီလများ စောင့်ထိန်းနိုင်ကြပါရန် နိဗ္ဗာန် အကျိုးမျှော်၍ နိုးဆော်တိုက်တွန်း အပ်ပါသည်။

🙏🙏🙏🙏🙏

တစ်ထောင့်ကိုးရာလေးဆယ့်ခွန်ပြောင်းကြွ တမလွန်၊မျက်ရည်သွန်လို့ ဘဝင်ညှိုးဇူလိုင် တစ်ဆယ့်ကိုး။ #အာဇာနည်နေ့ဒို့မမေ့ကျဆုံးသွားပ...
19/07/2023

တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊
မျက်ရည်သွန်လို့ ဘဝင်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။

#အာဇာနည်နေ့ဒို့မမေ့
ကျဆုံးသွားပြီ ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ
အာဇာနည်ခေါင်းဆောင်များကို အလေးပြုပါသည်။

မနက်ဖန်ကဆုန်လပြည့်ဗုဒ္ဓနေ့ မြတ်စွာဘုရား ရှင်၏ဂုဏ်တော်တို့ကိုပူဇော်၍ညောင်ရေသွန်းရန်မမေ့ကြဖို့သတိလေးပေးပါ၏😘😘😘ဤရေသွန်းခြင့်...
02/05/2023

မနက်ဖန်
ကဆုန်လပြည့်
ဗုဒ္ဓနေ့
မြတ်စွာဘုရား ရှင်၏
ဂုဏ်တော်တို့ကိုပူဇော်၍
ညောင်ရေသွန်းရန်
မမေ့ကြဖို့သတိလေး
ပေးပါ၏😘😘😘

ဤရေသွန်းခြင့်ကြောင့်
ပူပင်သောကတွေကင်းဝေးပါစေ🙏🙏🙏

အေးမြကြည်သာရှိပါစေ🙏🙏🙏

2-5-2023😘😘😘

Address

No. 7, Aung San Thuriya Hla Thaung Street
Yangon
11421

Telephone

+959765030177

Website

Alerts

Be the first to know and let us send you an email when Maw Maw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share