MMU E-Sports Association

MMU E-Sports Association For MMU E-Sports Development

Winter Tournament coming soon guys
06/12/2025

Winter Tournament coming soon guys

Exam ပြီးတာနဲ့ကြုံးလို့ရပါပြီRegistration Deadline - Sep 26, 2025 (Friday)
19/09/2025

Exam ပြီးတာနဲ့ကြုံးလို့ရပါပြီ

Registration Deadline - Sep 26, 2025 (Friday)





Campus Legends: Myanmar Qualifier 2025 အတွက် Registration ဖွင့်လှစ်လိုက်ပြီ 💛

International စင်မြင့်တွေပေါ်မှာလည်း Esports အားကစားသမားတစ်ဦးဖြစ်လာဖို့ အိပ်မက်ရှိတဲ့ ကျောင်းသားကျောင်းသူအားလုံးအတွက် အခွင့်အလမ်းကောင်းတစ်ခု ရောက်ရှိလို့လာပါပြီ!

Campus Legends: Myanmar Qualifier 2025 ရဲ့ Open Qualifier ပြိုင်ပွဲအတွက် Registration စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

📅 Registration Duration: စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ

📝 Register Here:

🔸 Mobile Legends: Bang Bang - https://forms.gle/kofdw2nQ6PVhapTY7
🔸 Street Fighter 6 - https://forms.gle/gm7ozFTGkmavEvM17

🎮 Note - Registration Form တွင် ပြိုင်ပွဲဝင်များအတွက် Communication Channel နဲ့ Competition Rule Book များထည့်သွင်းပေးထားမှာဖြစ်တာကြောင့် Form ကို သေချာစစ်ဆေးကြည့်ပြီးမှ စာရင်းပေးသွင်းပေးရန် တိုက်တွန်းလိုပါတယ်!

Registration Deadline - Sep 26, 2025 (Friday)



The group stage will start tomorrow ROVL ရဲ့ group stage ဟာ မနက်ဖြန်စတင်တော့မှာမို့ ကျွန်တော်တို့ MMU ကိုယ်စားပြု Team က...
17/07/2025

The group stage will start tomorrow
ROVL ရဲ့ group stage ဟာ မနက်ဖြန်စတင်တော့မှာမို့ ကျွန်တော်တို့ MMU ကိုယ်စားပြု Team ကို ကျွန်တော်တို့နဲ့အတူအားပေးလိုက်ကြရအောင်ခင်ဗျာ

ယနေ့နေ့လည်မှာ Technical issuesများရှိခဲ့သည့်အတွက်Liveမပြသနိုင်ခဲ့တာအတွက် အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျresultအနေနဲ့ Team M...
15/07/2025

ယနေ့နေ့လည်မှာ Technical issuesများရှိခဲ့သည့်အတွက်Liveမပြသနိုင်ခဲ့တာအတွက် အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျ
resultအနေနဲ့
Team Mama Yy 3-0 Team Ganadorအနေနဲ့ပြီးဆုံးခဲ့ပြီး
Team Mama Yyမှာ MMU Representative အဖြစ် Varsity leagueမှာဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်
Team Mama Yyကညီလေးတို့ကိုလည်း Congratulations ပါလို့ပြောပါရစေ

Hello အားလုံးပဲ မင်္ဂလာပါကျွန်တော်တို့ MMUEA ရဲ့ Varsity League Grandfinal ကတော့ရောက်ရှိလို့လာပြီပဲဖြစ်ပါတယ်။ ဘယ်အသင်းကအ...
14/07/2025

Hello အားလုံးပဲ မင်္ဂလာပါ
ကျွန်တော်တို့ MMUEA ရဲ့ Varsity League Grandfinal ကတော့ရောက်ရှိလို့လာပြီပဲဖြစ်ပါတယ်။
ဘယ်အသင်းကအနိုင်ရရှိသွားပြီး MMU ကိုယ်စားပြုဖြစ်လာမလဲမဆိုတာ
မနက်ဖြန် ၁၁ ခွဲကစပြီး MMUEA page မှာရော MTCC room (Main building assembly hall အရှေ့ခန်း) မှာပါ တစ်ပြိုင်နက် ပြသပေးသွားမှာပဲဖြစ်ပါတယ်။
အထူးအစီအစဉ်အနေနဲ့ Player တွေဘယ်လိုလေတိုက်ကြမလဲဆိုတာ အပြင်
MTCC room မှာလာရောက်ကြည့်ရှုသူတွေအတွက် ကံစမ်းမဲအစီအစဉ်တစ်ခုရှိပါမယ်။
ကဲအားလုံးပဲ မနက်ဖြန် MTCC room မှာတွေ့ကြမယ်နော်။

PUBG registration နဲ့ Magic Chess Go Go အတွက် registration ကိုလည်း ပွဲနေ့မှာ တစ်ခါတည်း ဖွင့်လှစ်ပေးပါမယ်။
MTCC room မှာတစ်ခါတည်း registration လုပ်ခဲ့လို့ရပါပြီနော်။


Hello အားလုံးပဲမင်္ဂလာပါ။ကျွန်တာ်တို့ MMUEA page အနေနဲ့နားထားခဲ့တာ အချိန်ကာလတစ်ခုရှိသွားပါပြီ။ခုချိန်မှာတာ့ ကျွန်‌တော်တိ...
11/07/2025

Hello
အားလုံးပဲမင်္ဂလာပါ။
ကျွန်တာ်တို့ MMUEA page အနေနဲ့နားထားခဲ့တာ အချိန်ကာလတစ်ခုရှိသွားပါပြီ။
ခုချိန်မှာတာ့ ကျွန်‌တော်တို့ page ကိုသေချာ ပြန် run ပေးသွားတာ့မှာဖြစ်ပါတယ်။

ယခု ပထမ ဦးစွာ UEN မှဦးစီးပြုလုပ်သည့် Rise Of Varsity League တက္ကသိုလ်ပါင်းစုံပြိုင်ပွဲနှင့်စတင်မှာပဲ ဖြစ်ပါတယ်။

VARSITY LEAGUE မှာ MMU Qualifier ကနေ
Mama Yy
GooseBumps
Darkhorse 2.0
One Last Dance
Team Reborns
Ganadors
စသည့်အသင်း ‌ခြောက်သင်းမှ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပါတယ်။

သည်အသင်းခြောက်သင်းထဲက ဘယ်အသင်းက အနိုင်ရရှိသွားပြီး MMU ကိုယ်စားပြုဖြစ်လာမလဲ၊
ဘယ်အသင်းတွေကဘယ်လိုလက်စွမ်းပြသွားမလဲဆိုတာကိုရင်ခုန်စွာစောင့်ကြည့်ရမှာဖြစ်ပြီး Qualifier Grandfinalကိုလည်း ကျွန်တော်တို့Pageကနေ Liveအနေနဲ့ပြသသွားမှာဖြစ်ပါတယ်။
ရေကြောင်းကရေဘဲလေးတွေရဲ့လက်စွမ်းကိုသိချင်တယ်ဆိုရင်တော့ Grandfinal broadcastကိုလာကြည့်ဖို့လိုမယ်နော်။
Grand final dateနဲ့timeကိုလည်းမကြာခင်မှာထုတ်ပြန်ပေးသွားမှာပါဖြစ်ပါတယ်။

Varsity League နှင့်အတူ အခြား Tournament နှစ်ခုလည်းထပ်လာဦးမှာမို့ စောင့်မျှော်ပေးကြပါဦးခင်ဗျာ။
After the calm, the voyage returns
Stay tuned guyss


Registration has openedMMUers can register now!
05/07/2025

Registration has opened
MMUers can register now!


We’re officially open for registrations 🚀
Join us and be part of this incredible university esports journey!

Land of Dawn မြေပြင်မှာ သင့်ရဲ့ Esports စွမ်းရည်ကို ထုတ်ဖော်ပြသချင်နေပြီလား? 📢

တက္ကသိုလ်ကျောင်းသား/ကျောင်းသူများအတွက် University Esports Network (UEN) မှ ဦးစီးကျင်းပမယ့် Rise of Varsity League (ROVL) Mobile Legends: Bang Bang Tournament ရဲ့ စာရင်းသွင်းတင်ခြင်းကို ယခုပဲ စတင်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံရှိ အစိုးရတက္ကသိုလ်များနဲ့ ပုဂ္ဂလိကတက္ကသိုလ်ကောလိပ်များရဲ့ မည်သည့်အသင်းမဆို စာရင်းပေးသွင်းနိုင်တာကြောင့် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပွဲစဉ်ကောင်းတွေကို မြင်တွေ့ရမှာတော့ အသေအချာပါပဲ 🔥

သင်ဟာ Mobile Legends: Bang Bang ကစားသမားကောင်းတစ်ယောက်ဆိုရင် အခုလက်ရှိအချိန်မှာ သင်ရှိနေရမယ့်နေရာက Rise Of Varsity League ပြိုင်ပွဲမှာပါပဲ 💯

Rise of Varsity League ပြိုင်ပွဲလျှောက်လွှာ 📩

Rise of Varstiy League - MLBB Registration: https://docs.google.com/forms/d/e/1FAIpQLSfJvdRMkOf5-RjaRB0JhEgJ-QA9cyCeEiU0fTMdWjaas0rM3g/viewform

သင့်တက္ကသိုလ်ကို ကိုယ်စားပြုပြီး အောင်ပွဲတွေကို အရယူနိုင်မယ်ဆိုတာ သေချာနေပြီဆိုရင် အခုပဲ စာရင်းပေးသွင်းလိုက်ပါ! သင်တို့ရဲ့ ပါဝင်မှုကို စောင့်မျှော်နေပါတယ်…


Coming soon
05/07/2025

Coming soon


Happy New Year 2021 ပါ MMUers !2020 ကို ကုန်ဆုံးပြီး 2021 ကို ကူးပြောင်းပြီ ဖြစ်တာကြောင့် MMU Esports Association အနေနဲ့...
01/01/2021

Happy New Year 2021 ပါ MMUers !

2020 ကို ကုန်ဆုံးပြီး 2021 ကို ကူးပြောင်းပြီ ဖြစ်တာကြောင့် MMU Esports Association အနေနဲ့ 2020 အတွင်းပြုလုပ်ကျင်းပပေးခဲ့သော ပြိုင်ပွဲများကို အနှစ်ချုပ်ပြန်ကြည့်ရင်း ကူညီပံ့ပိုးပေးခဲ့သူများကို ကျေးဇူးတင်ရှိချင်ပါတယ်။

January 2020 မှာတော့ MMU Esports Association မှ ဦးဆောင်ကျင်းပတဲ့ 1st Semester အတွက် MMU ကျောင်းတွင်း Mobile Legends Tournament ကို ပြုလုပ်ခဲ့ပြီး Fantech Myanmar Store မှ Gaming Headset များ Support ပေးခဲ့ပါတယ်။ MMU အတွက် Hong Kong အခြေစိုက် Organization ဖြစ်တဲ့ YEAH Asia League မှ Webinar ကို MMUEA မှ ပြုလုပ်ပေးခဲ့ပါတယ်။

February 2020 မှာတော့ MMU, LTU, UCSL သုံးကေ​ျာင်းပေါင်းပြီး PUBGM Tournament ကိုကျင်းပခဲ့ပြီး Fantech Myanmar မှ Gaming Headset များ Support ပေးခဲ့ပါတယ်။

May 2020 တစ်လလုံး အတွက်ကတော့ MMUEA မှ PUBG Custom Rooms, MLBB Couple Fun Matches, MLBB ပွဲစဥ်များ နှင့် MLBB Magic Chess တို့ကို ပြုလုပ်ပေးခဲ့ပြီး UniPin Myanmar မှ UC နှင့် Diamonds များ Support ပေးခဲ့ပါတယ်။

June 2020 မှာတော့ MMUers တို့အတွက် MMU Esports Community Facebook & Discord Group ကို ပြုလုပ်ပေးခဲ့ပါတယ်။

August နှင့် September လများမှာတော့ ကျောင်းမှ Oragnizer များဦးဆောင်၍ MLBB Universities Invitational Cup ကို MMU, UM1, UM2, UDMY, HBTU, UCSY ကျောင်း ၆ ကျောင်းပေါင်း ကျင်းပခဲ့ပြီး Game Cast Network Myanmar မှ Prize Pool Money, Broadcasting နှင့် Graphics Designs များကူညီပံ့ပိုးပေးခဲ့ပါတယ်။ August လမှ December လအထိ MMU PUBG Scrims များကိုလည်း MMUers များအတွက် ပြုလုပ်ပေးခဲ့ပါတယ်။

October နှင့် November လများမှာတော့ MESL မှ ကျင်းပတဲ့ University Champion League အတွက် University Qualifier များကို MMUEA မှ ဦးဆောင်ကျင်းပခဲ့ပါတယ်။

December လမှာတော့ MMU ရဲ့ နှစ်စဥ်ကျင်းပနေကျဖြစ်တဲ့ MMU Winter Sports ကို Online ပြိုင်ပွဲအနေနဲ့ MMUEA နှင့် MMUSU တို့ ပူးပေါင်းကျင်းပခဲ့ပြီး LOL Wild Rift, MLBB, PUBGM နှင့် Online Chess ပြိုင်ပွဲတို့ပါဝင်ခဲ့ပါတယ်။

MMU Esports Association အနေနဲ့ 2020 အတွင်းမှာ Stay Home ကာလကြောင့် ပြိုင်ပွဲများစွာ မပြုလုပ်နိုင်ခဲ့ပေမယ့် 2021 အတွင်းမှာတော့ ပိုကောင်းသော ပြိုင်ပွဲများ၊ အစီအစဥ်များ ပြုလုပ်ကျင်းပနိုင်အောင် ကြိုးစားသွားပါမယ်။

2020 အတွင်း MMUEA ကို အဘက်ဘက်က ကူညီပံ့ပိုးပေးခဲ့သော အဖွဲ့အစည်းများ နှင့် အတူတူ လက်တွဲလုပ်ခဲ့ကြသူမ​ျား၊ ကျောင်းအဖွဲ့အစည်းမ​ျားကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် 2021 တွင်လည်း ပြိုင်ပွဲများ၊ အစီအစဥ်များကို လက်တွဲလုပ်ဖို့ မျှော်လင့်ပါကြောင်း​ေဖာ်ပြရင်း နှစ်သစ်ကို ကြိုဆိုလိုက်ရပါတယ်။

MMU Winter Sports - 2020 (Online) ပြိုင်ပွဲအတွက် PUBG Mobile E-Sport ပွဲစဥ်ကို ၃ ရက်ကြာကျင်းပခဲ့ပြီး MMU Major ေပါင်းစုံ...
31/12/2020

MMU Winter Sports - 2020 (Online) ပြိုင်ပွဲအတွက် PUBG Mobile E-Sport ပွဲစဥ်ကို ၃ ရက်ကြာကျင်းပခဲ့ပြီး MMU Major ေပါင်းစုံမှ အသင်းများ နှင့် ဖိတ်ကြားထားသော ကျောင်းများမှ အသင်းများ အကြိတ်အနယ်ယှဥ်ပြိုင်ခဲ့ကြပါတယ်။

ပြိုင်ပွဲမှာတော့ အသင်းများဟာ Round ၈ ခု ကစားခဲ့ကြပြီး သူတို့ရဲ့ ကောင်းမွန်တဲ့ Teamwork ၊ နားလည်မှု နှင့် တစ်ဦးချင်း individual skill များအား အကောင်းဆုံးပြသကာ ယှဥ်ပြိုင်ကစားခဲ့ကြတာကို အားလုံးပဲတွေ့မြင်ခဲ့ကြပြီး ဖြစ်ပါတယ်။

၃ရက်ကြာ Round ၈ ခု အပြီးမှာတော့ ၃ ရက်လုံး ပုံစံကောင်းပြသနေတဲ့ MMU Nautical Science Major ကိုယ်စားပြု Team Navigators မှ ချန်ပီယံဆုကို အနိုင်ရခဲ့ပါတယ်။

ပြိုင်ပွဲအတွင်း MVP Player Award ကိုတော့ အကောင်းမွန်ဆုံး ပုံစံ နှင့် ကစားဟန်ကို ပြသခဲ့သည့် Most Kills 29 ဖြင့် MMU Port and Harbour Engineering Major ကိုယ်စားပြု Team Dear Rangers မှ Player MoreThanYouNoobz ကို Organizer အသင်း၏ ဆုံးဖြတ်ချက်အရ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ယခုလို တစ်မျိုးဆန်းသစ်ပြီး ကျင်းပခဲ့သော MMU Winter Sports - 2020 (Online) ပြိုင်ပွဲမှာ ဝင်ရောက်ကစားပေးခဲ့ကြသော MMU မှ စီနီယာကြီးများ၊ ဂျူနီယာ ကစားသမားများ နှင့် ဖိတ်ကြားထားသော ကျောင်းအသီးသီးမှ ကစားသမားအားလုံးကို Organizer Team မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်။


Address

Thanlyin

Telephone

09429884734

Website

Alerts

Be the first to know and let us send you an email when MMU E-Sports Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category