ဘဝကိုတိုးတက်မြင့်မားစေမည့်အတွေးအခေါ်များ

  • Home
  • Myanmar
  • Ta-nyaung
  • ဘဝကိုတိုးတက်မြင့်မားစေမည့်အတွေးအခေါ်များ

ဘဝကိုတိုးတက်မြင့်မားစေမည့်အတွေးအခေါ်များ အတွေးအခေါ်ဆိုင်ရာ ဥာဏ်ပညာပိုင်းဆိုင မင်္ဂလာပါ ဘဝကိုတိုးတက်မြင့်မားစေမည့်အတွေးအခေါ်များPageမှ နွေးထွေးစွာကြိုဆိုပါတယ်

လူငယ်တွေ ငွေနည်းနည်းနဲ့ စီးပွားရေးစတင်ချင်တယ်ဆိုရင် အောက်ပါအချက်တွေကို အဆင့်ဆင့်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။အဆင့် (၁) - စိ...
04/12/2025

လူငယ်တွေ ငွေနည်းနည်းနဲ့ စီးပွားရေးစတင်ချင်တယ်ဆိုရင် အောက်ပါအချက်တွေကို အဆင့်ဆင့်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
အဆင့် (၁) - စိတ်ကူးနဲ့ အခြေခံအကြမ်းချရေးမယ်
၁. ကိုယ်ဘာလုပ်နိုင်လဲ? ဘာဝါသနာပါလဲ? စာရေးတတ်တာလား၊ ဒီဇိုင်းဆွဲတတ်တာလား၊ မုန့်ပဲသရေစာလုပ်တတ်တာလား၊ အွန်လိုင်းမှာ တစ်ခုခုရောင်းဖူးတာလား... ကိုယ်လုပ်တတ်တဲ့အရာ၊ ကိုယ်ကျွမ်းကျင်တဲ့အရာ ကဘာလဲဆိုတာကို သေချာစဉ်းစားပါ။ ကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့ ဝါသနာက အကောင်းဆုံးစတင်မှုနေရာပဲဖြစ်ပါတယ်။
၂. ပြဿနာ တစ်ခုကို ဖြေရှင်းပါ။ ပတ်ဝန်းကျင်မှာ လူတွေ ဘာပြဿနာတွေရှိနေလဲ? (ဥပမာ - အလှပြင်ပစ္စည်း Quality မကောင်းလို့၊ အလုပ်များလို့ အိမ်အပြင်ထွက်စရာမလိုတဲ့ မုန့်တွေလိုနေလို့) စသဖြင့်။ ကိုယ့်လုပ်ငန်းက ပြဿနာဖြေရှင်းပေးနိုင်ရင် အောင်မြင်နိုင်ခြေများပါတယ်။
၃. အိုင်ဒီယာ အကြမ်းချပါ။ A4 စာရွက်တစ်ရွက်ယူပြီး ကိုယ်လုပ်ချင်တဲ့အကြောင်း၊ ဘာရောင်းမလဲ/ဘာဝန်ဆောင်မှုပေးမလဲ၊ ဘယ်သူတွေကို ရောင်းမလဲ (Target Customers)၊ ဘယ်လိုရောင်းမလဲ ဆိုတာကို ရေးချပါ။

အဆင့် (၂) - ဈေးကွက်စူးစမ်းမှု (Market Research) အခမဲ့လုပ်မယ်
၁. ပြိုင်ဘက်တွေကို လေ့လာပါ။ Facebook, Instagram, TikTok မှာ ကိုယ်နဲ့ဆင်တူတဲ့ စီးပွားရေးလုပ်နေသူတွေရဲ့ Page/Profile တွေကို သွားကြည့်ပါ။
သူတို့ ဘာရောင်းနေလဲ?
ဘယ်လိုကြော်ငြာနေလဲ?
Comment တွေမှာ ဝယ်ယူသူတွေက ဘာတွေပြောနေလဲ? (ဒါက ဝယ်ယူသူတွေရဲ့ လိုအပ်ချက်ကို သိရှိစေမယ်)
၂. ကိုယ့်သူငယ်ချင်းတွေ၊ မိသားစုတွေကို မေးမြန်းပါ။ "ငါ ဒါလုပ်မယ်ဆိုရင် မင်းဝယ်မလား?" လို့ ချက်ချင်းမမေးပါနဲ့။ "မင်းအခုသုံးနေတဲ့ [ကိုယ့်ထုတ်ကုန်နဲ့ဆိုင်တဲ့အရာ] မှာ ဘာပြဿနာတွေရှိလဲ?" လို့ မေးပါ။

အဆင့် (၃) - ငွေကြေးမတတ်နိုင်သေးခင်နည်းလမ်းများနဲ့ Marketing စမယ်
ငွေမကုန်တဲ့ (ဒါမှမဟုတ်) အကုန်အကျ အလွန်နည်းတဲ့ Marketing နည်းလမ်းတွေကို အာရုံစိုက်ပါ။
၁. စမတ်ကျတဲ့ page တည်ဆောက်မယ်
Page Name ကိုရိုးရှင်းပြီး မှတ်မိလွယ်အောင်ပေးပါ။
Profile Picture နဲ့ Cover Photo ကို စနစ်တကျရွေးချယ်ပါ။ (Canva App ကို အခမဲ့သုံးပြီး ကိုယ်တိုင်ဒီဇိုင်းဆွဲနိုင်ပါတယ်)
"About" ကဏ္ဍမှာ ကိုယ်ရောင်းတဲ့ပစ္စည်း/ ဝန်ဆောင်မှုအကြောင်း၊ ဆက်သွယ်ရန်နည်းလမ်းတွေကို အပြည့်အစုံရေးပါ။
၂. Content Marketing - အကြောင်းအရာဖန်တီးပြီး Marketing လုပ်မယ်
ပညာပေးပို့စ်များ၊ ကိုယ်ရောင်းတဲ့ပစ္စည်းနဲ့ပတ်သက်တဲ့ အသုံးဝင်တဲ့အချက်လက်တွေ မျှဝေပါ။ (ဥပမာ- မုန့်ရောင်းရင် "မုန့်လုပ်နည်း"၊ အလှပြင်ပစ္စည်းရောင်းရင် "အသားအရေထိန်းသိမ်းနည်း" စသဖြင့်)
Behind the Scenes: ပစ္စည်းဘယ်လိုလုပ်နေလဲဆိုတဲ့ ဗီဒီယိုတိုလေးတွေ တင်ပါ။ လူတွေက လုပ်ငန်းစဉ်ကိုကြည့်ရတာ ကြိုက်တတ်ကြပါတယ်။
User-Generated Content: ပထမဆုံးဝယ်ယူသူတွေရဲ့ ပြန်လည်သုံးသပ်ချက် (Review) တွေကို ခွင့်တောင်းပြီး ပြန်လည်တင်ပေးပါ။
၃. Facebook Groups တွေထဲမှာ ထိထိရောက်ရောက်ဝင်ရောက်ပါ
ကိုယ့်ထုတ်ကုန်နဲ့ဆိုင်တဲ့ Group တွေမှာ Member အဖြစ်ဝင်ပါ။ (ဥပမာ- မိန်းကလေးအလှအပ Group၊ ချက်ပြုတ်အိမ်အလှဆင် Group)
ချက်ချင်းကြော်ငြာမတင်ပါနဲ့! အရင်ဆုံး Group ထဲက လူတွေရဲ့မေးခွန်းတွေကို ဖြေပေးပါ။ သူတို့ရဲ့ဆွေးနွေးချက်တွေမှာ ပါဝင်ပါ။ နာမည်ရလာတဲ့အခါမှ "Admin ခွင့်ပြုချက်ရှိပါတယ်" ဆိုပြီး ကိုယ့်ပစ္စည်း(product) ကို တင်ပါ။
၄. TikTok/Instagram Reels ကို အခွင့်ကောင်းယူပါ ဗီဒီယိုတိုလေးတွေကြောင့် လူသိများလွယ်ပါတယ်။ ကိုယ့်ပစ္စည်းရဲ့အသုံးဝင်ပုံ၊ လုပ်ငန်းစဉ်၊ ပျော်စရာ Behind the Scenes တွေကို တင်ပေးပါ။

အဆင့် (၄) - ရောင်းချမှုနည်းလမ်းများ
၁. Pre-Order System (မှာယူပြီးမှပြုလုပ်ခြင်း): ဒီနည်းက ငွေကြေးအရင်းအနှီးအတွက် အသက်သွေးကြောပါ။ ပစ္စည်းကို အရင်မလုပ်ပဲ မှာယူမှုရမှသာ လုပ်တဲ့စနစ်ပါ။ ဒါက ကိုယ့်မှာ ပစ္စည်းတွေစုပြီးထားစရာမလိုတဲ့အတွက် ငွေကြေးဝန်ပေါ့သွားစေပါတယ်။
၂. အရည်အသွေးကို မယုတ်လျော့ပါနဲ့။ ငွေနည်းနည်းနဲ့စတင်ရင် အရည်အသွေးကို ပိုပြီး အာရုံစိုက်ရမယ်။ ပထမဆုံးဝယ်ယူသူတွေက သင့်ရဲ့ Walking Advertisements (လမ်းလျှောက်ကြော်ငြာ) တွေဖြစ်သွားနိုင်ပါတယ်။
၃. ဝန်ဆောင်မှုကောင်းကောင်းပေးပါ။ လာရောက်မေးမြန်းသူတိုင်းကို မြန်မြန်ဆန်ဆန်နဲ့ ယဉ်ကျေးစွာ ပြန်လည်ဖြေကြားပေးပါ။

အကျဉ်းချုပ်:
၁. စတင်ပါ
အကောင်းဆုံးအချိန်က ခေါင်းထဲမှာ 100% မပြည့်သေးတဲ့အချိန်ပါပဲ။
၂. သင်ယူပါ
အင်တာနက်ပေါ်က အခမဲ့အရင်းအမြစ်တွေ (ဒီပို့စ်လိုမျိုး)၊ YouTube ဗီဒီယိုတွေကို နေ့စဉ်အချိန်ပေးပြီး လေ့လာပါ။
၃. လုပ်ပြပါ
ကိုယ်ဘာလုပ်နေလဲဆိုတာကို Social Media မှာ မပြတ်တင်ပြပါ။
၄. ဆက်သွယ်ပါ
ဝယ်ယူသူတွေနဲ့ ဆက်ဆံရေးကောင်းကောင်းတည်ဆောက်ပါ။
၅. သည်းခံပါ
ပထမလက ရောင်းအားကောင်းမှာမဟုတ်ပါဘူး။ ဆက်လုပ်သွားပါ။ အချိန်ကာလတစ်ခုအထိတော့ ဇွဲရှိဖို့လိုအပ်ပါတယ်။

29/12/2024

မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းအောင်ဘယ်လိုလုပ်ရမလဲနော်😤😤😤

ပြောသမျှနားမဝင်တဲ့အခါနှုတ်ဆိတ်နိုင်အောင်ကြိုးစားပါ....အနည်းဆုံးတော့ သင်စိတ်သက်သာရာရပါလိမ့်မယ်။မြင်သမျှမတင့်တယ်တဲ့အခါမျက်...
05/04/2024

ပြောသမျှနားမဝင်တဲ့အခါ
နှုတ်ဆိတ်နိုင်အောင်ကြိုးစားပါ....
အနည်းဆုံးတော့ သင်စိတ်သက်သာရာရပါလိမ့်မယ်။

မြင်သမျှမတင့်တယ်တဲ့အခါ
မျက်ကွယ်ပြုနိုင်အောင်ကြိုးစားပါ...
အနည်းဆုံးတော့ သင်စိတ်ချမ်းသာရပါလိမ့်မယ်။

တွဲခေါ်ပေမယ့်ပါမလာတဲ့အခါ
ဖြုတ်ချခဲ့နိုင်အောင်ကြိုးစားပါ...
အနည်းဆုံးတော့ သင်ပေါ့ပါးသွားပါ
လိမ့်မယ်။

ပေးသမျှမတင်းတိမ်တဲ့အခါ
ပြန်ရုတ်သိမ်းနိုင်အောင်ကြိုးစားပါ....
အနည်းဆုံးတော့ သင်အေးချမ်း
သွားပါလိမ့်မယ်။

စေတနာထားသလောက် မပေါက်
ရောက်တဲ့အခါ ပြန်သုံးသပ်တတ်အောင်ကြိုးစားပါ...
အနည်းဆုံးတော့ သင်ငြိမ်းချမ်းရပါလိမ့်မယ်။

လုပ်သမျှအကောင်းထင်မခံရတဲ့အခါ
လျစ်လျူရှုနိုင်အောင်ကြိုးစားပါ...
အနည်းဆုံးတော့ သင်လွတ်လပ်သွားပါလိမ့်မယ်။

Credit"ဆရာမလေး"
ပန်းပျိုးလက် (NSM)

#နှလုံးသားအဟာရစာစုလေးများ

 #အသရေဖျက်မှု(ပုဒ်မ-၅၀၀) နဲ့ ၆၆ဃ ဥပဒေ ပုဒ်မ- ၅၀၀ နဲ့ ၆၆ဃ ဥပဒေကို လုံး၀မသိသေးသောသူများနှင့် နားမလည်သေးသောသူများအားသိရှိစေ...
04/02/2024

#အသရေဖျက်မှု(ပုဒ်မ-၅၀၀) နဲ့ ၆၆ဃ ဥပဒေ

ပုဒ်မ- ၅၀၀ နဲ့ ၆၆ဃ ဥပဒေကို
လုံး၀မသိသေးသောသူများနှင့် နားမလည်သေးသောသူများအားသိရှိစေရန်ရည်ရွယ်ပါသည်

ပထမဆုံးသိထားရမှာက ပါးစပ်နဲ့ပြောတဲ့
အသရေဖျက်မှုဟာ ရိုးရိုး ပုဒ်မ- ၅၀၀ ဖြစ်ပါတယ်။

အကယ်၍ ပုံနှိပ်မီဒီယာပေါ် ရောက်သွားပြီ
သတင်းစာ ဂျာနယ် မဂ္ဂဇင်းတွေမှာ ပါလာပြီဆိုရင်
ပုဒ်မ-၂၅ သတင်းမီဒီယာ ဥပဒေပုဒ်မ
ပုဒ်မ-၂၅ ထပ်တိုးပါတယ်။

Social Media , Facebook , Onlineပေါ်ထိ
ရောက်သွားမယ်ဆိုရင် ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆ဃ
ဖြစ်သွားပါပြီ။

ဒါကိုအရင်ဆုံး သိထားကြဖို့လိုပါတယ်။

ပါးစပ်ကပဲပြောပြော စာနဲ့ပဲပြောပြောအွန်လိုင်းပေါ်ရောက်တဲ့အဆင့်ရောက်ရင်တော့ အသရေဖျက်မှု သတ်မှတ်
ဖွင့်ဆိုချက် ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၅၀၀ နဲ့စပါတယ်။

အခြေအနေပေါ်မူတည်ပြီး ပုဒ်မ-၅၀၀/ပုဒ်မ-၂၅/ပုဒ်မ-၆၆ဃ ဆိုပြီး ကွဲပြားသွားတာကို သိရပါမယ်။

ေါ်တွင် ရိုင်းစိုင်းသည့် Commentများပေးခြင်း

Chat box တွင် ရိုင်းစိုင်းသည့်စကားများ ပြောဆိုခြင်း

အုပ်စုဖွဲ့၍ ရိုင်းစိုင်းသည့် စကားများ ပြောဆိုခြင်းများသည်
ဆက်သွယ်ရေး ပုဒ်မ-၆၆ဃနှင့်တိုက်ရိုက်အကျုံး၀င်တယ်။

ဟုတ်ပြီ...... နောက်ထပ် ဘာတွေမတူသေးလဲ
ဘာတွေကွဲလွဲသေးလဲ ဆက်ကြည့်လိုက်ရအောင်......

လူတစ်ယောက်က လူတစ်ယောက်ကို
ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆ဃ နဲ့စွဲတဲ့အမှုကို
ဒါလဲ အသရေဖျက်မှုပဲဆိုပြီး ပုဒ်မ ၅၀၀ နဲ့ ပြစ်ဒဏ်
သတ်မှတ်လို့ မရသလို ၆၆ဃ ကို ပုဒ်မ ၅၀၀ အသရေဖျက်မှုနဲ့ပဲ တရားလိုကစွဲချင်စွဲလို့ရပါတယ်။

ဒီလိုပြောင်းလဲဖို့ တရားလိုရဲ့ သဘောဆန္ဒနဲ့ပဲ ပြောင်းလဲ
စွဲဆိုလို့ ရပါတယ်။

ပါးစပ်ပြော စာပြော အွန်လိုင်းမှာပြောတဲ့ ပြစ်မှုတွေကို အသရေဖျက်မှု ရာဇသတ်ကြီးပုဒ်မ-၄၉၉ နဲ့ပဲ
အကျုံးဝင်မဝင် ပုဒ်မ-၄၉၉ ပါ ပြစ်မှုအင်္ဂါရပ်များအရ ညီမညီ စစ်ဆေးရပါတယ်။

မတူတာတွေကတော့

၁။ ၆၆ဃ ဟာ (ရဲအရေးပိုင်) ရဲက အရေးယူပိုင်ခွင့်ရှိပြီး အသရေဖျက်မှု ဥပဒေပုဒ်မ ၅၀၀ ကတော့ (ရဲအရေးမပိုင်)
ရဲကအရေးယူပိုင်ခွင့် မရှိပါဘူး။

၂။ ပြစ်ဒဏ်မတူပါဘူး ။
ပြစ်မှုထင်ရှားရင်

၆၆ဃ = ထောင်ဒဏ်သုံးနှစ်အထိ
(သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ပြစ်ဒဏ်(၂)ရပ်စလုံး။

ပုဒ်မ ၅၀၀ = ထောင်ဒဏ် နှစ်နှစ်အထိ
(သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ပြစ်ဒဏ်(၂)ရပ်စလုံး
ကျခံရမှာဖြစ်ပါတယ်။

၃။ အသရေဖျက်မှုကို အကြောင်းပြုပြီး
ပုဒ်မ ၅၀၀ နဲ့ဆွဲရင် အာမခံပေးရမယ့် အမှုဖြစ်ပြီး
အသရေဖျက်မှုကို အကြောင်းပြု၍ ၆၆ဃ နဲ့စွဲမယ်ဆိုရင်
အာမခံမပေးနိုင်တဲ့အမှု ဖြစ်သွားပါတယ်

ရာဇဝတ်ကျင့်ထုံးဥပဒေ ဒုတိယဇယားအရ
သုံးနှစ်နှင့်အထက် ပြစ်ဒဏ်သင့်မယ့် အမှုများကို
အာမခံမပေးနိုင်တဲ့အမှုအဖြစ် သတ်မှတ်ထားပါတယ်။ ခုတော့အာမခံရတဲ့ပုဒ်မဖြစ်သွားပါပြီ။

၄။ ၆၆ဃ ဟာ ရဲအရေးပိုင်အဖြစ် သတ်မှတ်ထားတာ
ကြောင့် ပြစ်မှုကျူ းလွန်ကြောင်း သိရှိသူ မည်သူမဆို
တိုင်ကြားနိုင်ခွင့်ရှိပြီး ပုဒ်မ- ၅၀၀ မှာတော့ နစ်နာသူ
ကာယကံရှင်ကိုယ်တိုင်သာလျှင် တိုင်ကြားစွဲဆိုရမှာ
ဖြစ်ပါတယ်

ဥပဒေရေးရာ

ဂုဏ်အလှ  ငါ့ညီပြောင်၀င်း၊ မောင်သစ်ဆင်းမင်း၏သားငယ်၊ သက်နှစ်ဆယ်သည်ဘယ်ဂုဏ်မျိုးကို ကြိုက်သနည်း။ရွှေဂုဏ် ငွေဂုဏ်၊ ရာထူး ဂုဏ်...
20/01/2024

ဂုဏ်အလှ

ငါ့ညီပြောင်၀င်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်
ဘယ်ဂုဏ်မျိုးကို ကြိုက်သနည်း။

ရွှေဂုဏ် ငွေဂုဏ်၊ ရာထူး ဂုဏ်သည်
လူ့ဘုံလောက၊ အကာမျှတည့်
သူကငြူစူ၊ မကြည်ဖြူ၍
ခွာယူလိုက ခွာ၍ရ။

ရိုးဂုဏ် ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်
လူ့ဘုံလောက၊ နှစ်သာရတည့်
သူကငြူစူ၊ မကြည်ဖြူလည်း
ခွာယူမရ ကွာမကျ။ ။

ဇော်ဂျီ

#ဇော်ဂျီ
#ဂုဏ်အလှ

၁။ အာရိုက်လွန်းရင် လိမ်လည်တတ်လာလိမ့်မယ်။၂။ စဥ်းစားလွန်းရင် စိတ်ဖိစီးလာလိမ့်မယ်။၃။ ငိုကြွေးလွန်းရင် အမြင်အာရုံ ဆုံးရှုံးရ...
19/01/2024

၁။ အာရိုက်လွန်းရင် လိမ်လည်တတ်လာလိမ့်မယ်။
၂။ စဥ်းစားလွန်းရင် စိတ်ဖိစီးလာလိမ့်မယ်။
၃။ ငိုကြွေးလွန်းရင် အမြင်အာရုံ ဆုံးရှုံးရလိမ့်မယ်။
၄။ ချစ်လွန်းရင် ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံးရလိမ့်မယ်။
၅။ ဂရုစိုက်ပေးလွန်းရင် ပေါ့ပေါ့တန်တန် သဘောထားခံရလိမ့်မယ်။
၆။ ကျီစယ်နောက်ပြောင်လွန်းရင် အရာမဝင်သလို သဘောထားခံရလိမ့်မယ်။
၇။ ယုံကြည်လွန်းရင် သစ္စာဖောက်ခံရလိမ့်မယ်။
၈။ အလုပ်လုပ်လွန်းရင် စိတ်သောကနဲ့ သေရလိမ့်မယ်။
၉။ အစားမက်လွန်းရင် အစွဲအလမ်းကြီးလာလိမ့်မယ်။
၁၀။ အအိပ်မက်လွန်းရင် ချောင်ခိုပျင်းရိလာလိမ့်မယ်။
၁၁။ ဖြုန်းတီးလွန်းရင် အနာဂတ်မဲ့လာလိမ့်မယ်။
၁၂။ ပြင်ဆင်ခြယ်သလွန်းရင် ပင်ကိုအလှ ဆုံးရှုံးရလိမ့်မယ်။
၁၃။ ငေးမောလွန်းရင် ရည်စူးရာကို လက်လွှတ်ရလိမ့်မယ်။
၁၄။ သည်းခံလွန်းရင် အနိုင်ကျင့်ခံရလိမ့်မယ်။

ဒါပေမယ့် ...

၁၅။ ကောင်းကောင်းမွန်မွန် ဂရုစိုက်စောင့်ရှောက်ခံရလွန်းတဲ့အခါ မကောင်းမှုတွေကို စိတ်လိုလက်ရ ရှောင်ရှားနိုင်လိမ့်မယ်။
၁၆။ မဖက်တွယ် မဆုပ်ကိုင်ဘဲ စွန့်လွှတ်နိုင်လွန်းတဲ့အခါ စိတ်ငြိမ်းချမ်းမှု ရလိမ့်မယ်။

နှလုံးသားအာဟာရ&
ကဲလွန်ခြင်းအကျိုးအပြစ်
(မာတီ ဟာနန်ဒတ်ဇ်)

ခန္ဓာကိုယ်မှာ စိန်တွေစီထားလည်း ကိုယ်ကျင့်သီလမကောင်းတဲ့သူဟာ အသားအရေကိုယ်ရောင်ကိုယ်ဝါမတောက်ပနိုင် မြင်ရသူဘဝင်မှာ မချမ်းမြေ...
07/09/2023

ခန္ဓာကိုယ်မှာ စိန်တွေစီထားလည်း ကိုယ်ကျင့်သီလမကောင်းတဲ့သူဟာ အသားအရေကိုယ်ရောင်ကိုယ်ဝါမတောက်ပနိုင် မြင်ရသူဘဝင်မှာ မချမ်းမြေ့နိုင်ပါ။

Address

Ta-Nyaung

Telephone

+959258016070

Website

Alerts

Be the first to know and let us send you an email when ဘဝကိုတိုးတက်မြင့်မားစေမည့်အတွေးအခေါ်များ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဘဝကိုတိုးတက်မြင့်မားစေမည့်အတွေးအခေါ်များ:

Share

Category