11/12/2022
မင်းရဲ့ တန်ဖိုးကို နားလည်တဲ့သူဆီမှာပဲ
မင်းရဲ့ စိတ်ခံစားချက်တွေကို မြုပ်နှံထားပါ...
မင်းကို ခွင့်လွှတ်ပေးနိုင်တဲ့သူဆီမှာပဲ
မင်းရဲ့ စိတ်ဆိုးစိတ်ကောက် အမူအကျင့်လေးတွေကို လုပ်ပြပါ...
မင်းကို နားလည်ပေးနိုင်တဲ့သူဆီမှာပဲ
မင်းရဲ့ ချစ်ခြင်းမေတ္တာတွေကို ဖော်ပြပါ...
မင်းကို ဂရုစိုက်ပေးနိုင်တဲ့သူဆီမှာပဲ
မင်းရဲ့ နာကျင်ဝမ်းနည်းမှုတွေကို ရင်ဖွင့်ပါ...
မင်းကို မြတ်နိုးတန်ဖိုးထားပေးတဲ့သူဆီမှာပဲ
မင်းရဲ့ ခွင့်လွှတ်နားလည်ပေးခြင်းတွေကို ပြန်ပေးပါ...
မင်းအပေါ် အကောင်းဆုံး နားလည်ပေးဆပ်နိုင်သူကိုသာ
မင်းရဲ့ သစ္စာစောင့်ထိန်းမှုတွေကို မြုပ်နှံထားပါ...
မင်းအပေါ် ကောင်းတဲ့သူတွေအပေါ်မှာ
ပြန်ကောင်းဖို့ မမေ့ပါနဲ့...။
မင်းအပေါ် တန်ဖိုးထားတဲ့သူတွေကို
မဆုံးရှုံးခင် တန်ဖိုးထားပါ...။
ဘဝမှာ အချိန်ကြာကြာ ရင်းနှီးပတ်သတ်ကြသူတိုင်းက
တစ်ဖက်သတ်ဆန်တဲ့ ဆက်ဆံရေးမျိုး မဟုတ်ကြဘူး။
အပြန်အလှန် ထိန်းကျောင်းပေးရင်း ရပ်တည်ကြတာမျိုးပါ..။
မင်းကို ချစ်တဲ့သူ များချင်များမယ်...
မင်းအပေါ် နားလည်ပေးနိုင်တဲ့သူက ရှားတယ်...
မင်းကို စိတ်ဝင်စားတဲ့သူ များချင်များမယ်...
မင်းအပေါ် အချစ်စစ်နဲ့ ချစ်ပေးနိုင်မဲ့သူက ရွှေလိုရှားတယ် ။ ။
Credit to original