27/01/2026
💚SCENT ကောင်တာပေါ်မှာ ကော်ဖီစေ့လေးတွေ ဘာလို့ရှိနေတာလဲ ?
💚SCENT ရေမွှေးကောင်တာကို ရောက်တဲ့အခါ ရေမွှေးပုလင်းလေးတွေကြားမှာ ကော်ဖီစေ့လေးတွေ ထည့်ထားတဲ့ ဘူးလေးကို သတိထားမိကြတယ်ဟုတ် … 👀
ဒါက ဧည့်သည်တွေကို ကော်ဖီတိုက်ဖို့ မဟုတ်ဘူးနော် 😉
တကယ်တော့ သူတို့လေးတွေက ရေမွှေးရွေးချယ်တဲ့နေရာမှာ အရမ်းအသုံးဝင်တဲ့ "Reset Button" လေးတွေပါ 🔄️
👃 ရေမွှေးရွေးတဲ့အခါ တစ်မျိုးပြီးတစ်မျိုး နမ်းကြည့်ရင်းနဲ့ (၃) မျိုးထက် ကျော်သွားပြီဆိုရင် ကိုယ့်ရဲ့ နှာခေါင်းက အနံ့တွေကို ဝေခွဲမရတော့ဘဲ ရောထွေးကုန်တတ်ပါတယ်။
အဲဒီလို အနံ့တွေ ရောကုန်တဲ့အခါ ကော်ဖီစေ့လေးတွေကို ခဏလောက် နမ်းလိုက်ရုံနဲ့ ကော်ဖီရဲ့ ပြင်းရှတဲ့ ရနံ့က နှာခေါင်းထဲမှာ ကျန်နေတဲ့ တခြားအနံ့တွေကို ရှင်းထုတ်ပေးပြီး Reset လုပ်ပေးလိုက်ပါတယ် …
နှာခေါင်းလေးထဲမှာ ရနံ့ရှင်းသွားပြီဆိုမှ နောက်ထပ် ရေမွှေးအသစ်တွေကို ပြန်နမ်းကြည့်မယ်ဆိုရင် ရနံ့တစ်ခုချင်းရဲ့ ထူးခြားချက်တွေကို သေသေချာချာ ပြန်ပြီး ခံစားနိုင်ပြီပေါ့ … ✨
ဒါကြောင့် နောက်တစ်ခါ SCENT မှာ ရေမွှေးလာစမ်းတဲ့အခါ ရနံ့တွေ ရောထွေးသွားပြီလို့ ခံစားရရင် ကော်ဖီစေ့ဘူးလေးကို ရှာဖို့ မမေ့နဲ့ဦးနော် ☕✨
SCENT ~ The Signature of No.1 Quality