Trane.fc

Trane.fc Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Trane.fc, Sports Event, mogoke. kyat pyin, Mogok.

⚽️⚽️⚽️
22/07/2023

⚽️⚽️⚽️

14/03/2022

နည်းစနစ်နဲ့ ကျွမ်းကျင်မှု ဤနှစ်ခုမတူပါ

ဖူဆယ်ကစားတယ်ဆိုရာမှာ ဖူဆယ်ဟာ Teamwork ကိုအခြေခံရတဲ့ ကစားနည်းဖြစ်တာမို့ တစ်သင်းလုံးရဲ့ နားလည်မှုအပေါ်မှာ တစ်ဦးချင်းရဲ့ နည်းစနစ်ကျွမ်းကျင်မှုကို ပေါင်းစပ်ရပါတယ်။ ကစားသမားတွေမှာ ပျမ်းမျှအားဖြင့် နှစ်မျိုးပဲ တွေ့နိုင်လိမ့်မယ်။ နည်းစနစ်နဲ့ အံဝင်အောင် ကစားနိုင်သူရယ်၊ ပင်ကိုယ်စွမ်းရည်တစ်မျိုးမျိုးမှာ ထူးချွန်သူရယ်ပေါ့။ ဥပမာ ဘောလုံးမှာဆိုရင် ပက်ဂျီဆန်၊ ဖာဘရီဂတ်စ်၊ ကီဗင်ဒီဘရိုင်း တို့လို ကစားသမားတွေဟာ နည်းစနစ်ပိုင်းအရ အံဝင်ခွင်ကျဖြစ်အောင် ကစားနိုင်တဲ့သူတွေဖြစ်ပါတယ်။ ဘယ်ကစားကွက်မှာမဆို သူတို့ဟာ အလိုက်သင့်ပြောင်းလဲ ပျော်ဝင်နိုင်စွမ်းရှိကြတယ်။ ဒီတော့ နည်းပြတွေက Tactical Form ပေါ်မူတည်ကာ ပစ်ပယ်မထားသလို ဘယ်အချိန်မှ လူစားဝင်ရပါစေ၊ သူတို့ရဲ့ လုပ်ငန်းတာဝန်ကို အကောင်းမွန်ဆုံးလုပ်ဆောင်နိုင်ပါတယ်။

တခြားတစ်ဖက်မှာတော့ မက်ဆီ၊ ဆာလက်ဟ်၊ နေမာ တို့လို ကျွမ်းကျင်မှုအပေါ် အခြေခံတဲ့ ကစားဟန်တွေ တွေ့မြင်ရနိုင်တယ်။ ဒီကစားသမားတွေရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်နဲ့ အချက်အလက်မှတ်တမ်းတွေကို ကြည့်လိုက်ရင် သူတို့ရဲ့ Performance Stats ဟာ အမြဲတမ်းထိပ်တန်းမှာ ရှိနေလိမ့်မယ်။ သို့သော် Team Form နိမ့်ရင် ရလာဒ်က နိမ့်သွားနိုင်သလို သူတို့ရဲ့ ခြေစွမ်းကလည်း အကန့်အသတ်ဖြစ်လာတယ်။ ဆိုလိုတာက ကိုယ်တစ်ယောက်တည်း Team Form ကနေ လွတ်ပြီး လုပ်ချင်သလို လုပ်နေတာမျိုးဆိုရင် သူတို့ရဲ့ ကစားဟန်တွေကသာ ထင်ပေါ်နေတတ်ပြီး အသင်းရလာဒ်ကတော့ ကောင်းမွန်ခြင်းမရှိတာကို တွေ့ရမယ်။

ဆိုလိုရင်းကို ဆက်သွားကြရအောင်။ ဖူဆယ်ကစားသမားအများစုဟာ စောစောတုန်းက ပြောခဲ့တဲ့ အမျိုးအစားနှစ်ခုထဲမှာ ရှိတယ်။ ဘောလုံးမှာ နှစ်မျိုးလုံးအတွက် ကောင်းသည်၊ ဆိုးသည် ဖြစ်နိုင်ပေမယ့့် ဖူဆယ်မှာတော့ နည်းစနစ်၊ နည်းဗျူဟာမှာ အံဝင်အောင်ကစားနိုင်တဲ့ Technique Player ကသာ ပိုအကျိုးပြုနိုင်လိမ့်မယ်။ Talent Player တွေရဲ့ အမှားအယွင်းတချို့၊ သို့မဟုတ် မလိုအပ်တဲ့ အလှပြမှုတွေဟာ အသင်းရဲ့ Tactical Form ကို အနှောင့်အယှက်ဖြစ်စေတယ်။ ပေးမယ်၊ ယူမယ်၊ နေရာပြောင်းမယ် စသဖြင့် Futsal Form မှာ အံဝင်အောင် ကစားနေသူတွေအတွက် တစ်ဦးချင်းအလှပြသူတွေနဲ့ တွဲကစားရတဲ့အခါ Position Out တာမျိုး၊ Playing Time Delay ဖြစ်တာမျိုးတွေ ကြုံရတတ်တယ်။

ဥပမာအားဖြင့် ကိုယ်က Movement ယူပြီး အရန်သင့်ပိတ်သွင်းဖို့ အဆင်သင့်ဖြစ်နေပေမယ့် ကိုယ့်ကို လူပေးကစားမယ့် အသင်းဖော်ဟာ အလှပြကောင်းတုန်းပဲ ရှိသေးတယ်။ ပုံမှန်အတိုင်း Normal pass လေးခင်းလို့ရတာကို Trick တွေပြပြီး နောက်ပေါက်လိုလို ရင်ဘတ်လိုလို လုပ်ပြနေတဲ့ ကစားသမားမျိုးဆိုရင်ရော အသင်းရဲ့ Attacking & Scoring Chance တွေကို ဘယ်လောက်နစ်နာစေမလဲ။ ကစားသမားတစ်ယောက်ဟာ ကျော်ကြားလိုမှုအရ တခြားကစားသမားတစ်ယောက်ကို လိမ်ခေါက်ဖို့ပဲ ခေါင်းထဲတွေးနေတာဟာ သူ့အတွက်တော့ ကောင်းချင်ကောင်းလိမ့်မယ်။ Team အတွက်တော့ မကောင်းနိုင်ဘူး။ သူ ဘယ်လောက်အလိမ်အခေါက်ကောင်းကြောင်း၊ ဘယ်လောက် လှည့်စားနိုင်ကြောင်းနဲ့ ဘယ်လိုကျော်ဖြတ်နိုင်လဲဆိုတာကို လူသိစေချင်တဲ့ ကြွားဝါစိတ်ကလေးတစ်ခုနဲ့တင် အသင်းရဲ့ Tactical Form ပျက်စီးရတယ်။

ဒီလိုပြောရင် ပြန်ပြီး ချေပစရာတွေတော့ရှိတယ်။ ဟုတ်ပြီ။ Futsal God တွေလို့ သတ်မှတ်ထားကြတဲ့ ကစားသမားတွေ၊ Professional Player တွေကရော ဒါမျိုးတွေ မလုပ်လို့လားဆိုတော့.. ဟုတ်ကဲ့ လုပ်ပါတယ်။ သို့သော် မတူညီတာ တစ်ခုက သူတို့ဟာ အောင်မြင်အောင် လုပ်တတ်ကြပါတယ်။ Passes ၊ Dribbling Rate တွေမှာ အမြင့်ကြီးတွေပါ။ တာဝန်ယူမှုလည်းည်း ရှိပြန်တယ်။ ကိုယ့်ကြောင့် ဘောလုံးပျက်ခဲ့ရင်တောင် မရမက ပြန်ဆယ်တတ်ကြတယ်။ Recovery ပေးနိုင်မှုဟာ သူတို့လုပ်လိုက်တဲ့ အမှားကို ချေဖျက်ပေးလို့ရတယ်။ လိမ်ခေါက်တုန်းကတော့ လိမ်ခေါက်နေပြီး ဘောလုံးဆုံးရှုံးသွားမှ ကိုယ်နဲ့ မဆိုင်သလိုလုပ်နေလို့တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။

ဒီတော့ ဖူဆယ်မှာ ဘာကအရေးကြီးဆုံး ဖြစ်မလဲ။ Tactical Form ပါပဲ။ နည်းဗျူဟာကျကျ ကစားဖို့သာ အရေးကြီးဆုံးပါပဲ။ ဘောလုံးအသင်းတွေထဲက ယခင်ဘာစီလိုနာလို မက်ဆီကို လုပ်ချင်တာလုပ်ကွာ.. ဘောလုံးဆုံးရှုံးရင် ငါတို့ ပြန်ဆယ်ပေးမယ်ဆိုတာမျိုးက ကွင်းအကျယ်ကြီးနဲ့ မက်ဆီရထားတဲ့ Support မျိုးရှိနေမှ အဆင်ပြေမှာပါ။ ဖူဆယ်မှာကျတော့ ကိုယ့်တာဝန် ကိုယ်ယူရပါတယ်။ နာမည်ကြီးလှပါပြီဆိုတဲ့ ဖူဆယ်ဘုရင် ရီကာဒင်ဟိုကို ကြည့်လိုက်ပါ။ ဖူဆယ်လောကမှာ ရီကာဒင်ဟို ဘယ်လိုကစားသမားလဲဆိုတာ လူတိုင်းသိပါတယ်။ သို့သော် အဲဒီရီကာဒင်ဟိုဟာ ကမ္ဘာ့ဖလားတစ်ကြိမ်ပဲ ရဖူးပါတယ်။ ဖယ်လ်ကာအိုက နှစ်ကြိမ်ဖူးပါတယ်။ အဲဒီနေရာမှာ စပိန်အသင်းရဲ့ စည်းလုံးမှုနဲ့ Teamwork ဟာ အသိအမှတ်ပြုချင်စရာကောင်းပါတယ်။ ကမ္ဘာ့အကောင်းဆုံးဖြစ်နေတဲ့ အဲဒီအချိန်က ဘရာဇီးလ်ကို ကမ္ဘာ့ဖလားဗိုလ်လုပွဲတွေမှာ ပွဲချိန်အတွင်း တစ်ပွဲနိုင် တစ်ပွဲရှုံးခဲ့ပြီး နောက်ဆုံးဖိုင်နယ်နှစ်ခုမှာတော့ ပင်နယ်တီနဲ့ နာကျင်အချိန်ပိုတွေမှာပဲ ရှုံးနိမ့်ခဲ့ရတာပါ။ သူတို့ဟာ ဘရာဇီးလ်ထက် တစ်ဦးချင်းစွမ်းရည်မှာ နိမ့်ကောင်းနိမ့်နေနိုင်ပေမယ့် အသင်းလိုက်စွမ်းရည်မှာတော့ ဘတစ်ပြန် ကျားတစ်ပြန် ယှဥ်ပြိုင်နိုင်စွမ်းရှိတဲ့ အသင်းကောင်းတစ်သင်းဖြစ်အောင် နားလည်မှုတွေ၊ နည်းစနစ်ကျမှုတွေနဲ့ တည်ဆောက်ထားကြတာဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ၉ ကြိမ်မှာ ၂ ကြိမ်ချန်ပီယံ၊ ၂ ကြိမ်ဒုတိယနဲ့ ဥရောပပြိုင်ပွဲ ၁၂ ကြိမ်မှာတော့ ချန်ပီယံ ၇ ကြိမ်အထိ Tactical Form ကောင်းကောင်းနဲ့ ရယူထားတာဖြစ်ပါတယ်။

ဒီ​တော့ ဖူဆယ်ကစားတဲ့ ဝါသနာရှင်၊ ပညာရှင်များကို အကြံပြုလိုတာက လိမ်ခေါက်နေတာဟာ ဖူဆယ်မဟုတ်ပါဘူး။ Team ရဲ့ Tactical Form အတိုင်း အံဝင်ခွင်ကျဖြစ်အောင် ကစားကြဖို့ပါ။ လိုအပ်လို့ လိမ်ခေါက်ရတာ၊ Trick ပြရတာတွေအတွက် မပြောလိုပေမယ့် မလိုအပ်ပဲ Tactical Form ပြင်ပကနေ Attacking & Scoring Chance တွေကို နှောင့်နှေးကြန့်ကြာ ဆုံးရှုံးစေတဲ့အထိ ဘောလုံးကိုင်တွယ်ခြင်း၊ အလှပြခြင်း၊ လိမ်ခေါက်ခြင်းတွေ မပြုလုပ်ဖို့ အကြံပြုချင်ပါတယ်

24/06/2020
23/11/2018

24.11.2018
TRANE.FC VS ST United(3:00)PM

အလႉဒါန
11/03/2018

အလႉဒါန

မိုးကုတ်မြို့ နှစ်ရှစ်ရာ ပထမ
28/02/2018

မိုးကုတ်မြို့ နှစ်ရှစ်ရာ ပထမ

TRANE.FC
19/02/2018

TRANE.FC

U.25   Winner
08/02/2017

U.25 Winner

15/11/2016

17​.11.2016 ​နေ့မှစတင်​၍ မနက်​ပိုင်း ထရိန်​နင်​ စတင်​ဆင်းရမည်​။
ပုံ
(TRANE.FC)

Address

Mogoke. Kyat Pyin
Mogok
TFC

Telephone

09788086404

Website

Alerts

Be the first to know and let us send you an email when Trane.fc posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category