27/05/2026
ဝက်စ်ဟမ်းအသင်းက နည်းပြနူနိုဆန်တိုအနေနဲ့ လာမယ့်ရာသီမှာ အသင်းရဲ့ နည်းပြအဖြစ် ဆက်ရှိသွားမှာဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းက တန်းဆင်းခဲ့ရတာကြောင့် နူနိုဆန်တိုကို ရာထူးက ထုတ်ပယ်တော့မယ်လို့ သတင်းထွက်ခဲ့ပေမဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ရှေ့ဆက်လက်တွဲသွားဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။
နူနိုဆန်တိုက ဝက်စ်ဟမ်းအသင်းကို လိဂ်ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို အမြန်ဆုံး တန်းပြန်တက်ခွင့်ရရှိအောင် ကြိုးစားပေးဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
Photo: X