10/12/2021
🕊️73နှစ်ေမြာက် အပြည်ပြည်ဆိုရင်ရာ လူ့အခွင့်အရေးနေ့🤚
🕊️🤚လူ့အခွင့်အနေးနေ့ (Human Rights Day) ဟာဆိုရင် နာဇီဂျာမဏီများ၏ လိင်တူချစ်သူများ၊ မသန်စွမ်းသူများ အပါအဝင် ဂျူးလူမျိုး ၆သန်းအပေါ်သတ်ဖြတ်မှုအပေါ် အခြေခံ၍ 1948 December 10ရက်နေ့ ၌ ပြင်သစ်နိုင်ငံ Palais de Chaillot တွင် အပိုဒ်ပေါင်း၃၀ပါဝင်သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို စတင်သတ်မှတ် ပြဌာန်းခဲ့ေသာ နေ့ဖြစ်ပါတယ် ။
🕊️🤚ကြေညာချက် စတင် ပြဌာန်းခဲ့ခြင်းမှာ ကမ္ဘာစစ်ပွဲများကြောင့် လူများထိခိုက်ဆုံးရှုံး နစ်နာမှုများစွာကြုံတွေ့ရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း ၊ ဖိနှိပ်အုပ်ချုပ်ခြင်း စသည်တို့ ကြုံတွေ့ရမှုအပေါ် အခြေခံ၍ လူသားခြင်း စာနာထောက်ထားရန် ၊ တန်းတူအခွင့်အရေးပေးရန် ၊ တရားမျှတမှု ၊ လွတ်လပ်မှု ၊ ငြိမ်းချမ်းမှုတို့ရရှိရန် ရည်ရွယ်၍ ကမ္ဘာတစ်ဝှမ်းမျှ နိုင်ငံတိုင်းရှိ ပြည်သူများမျှ တညီတညွတ်ထဲ တောင်းဆိုခဲ့ကြခြင်းကြောင့် စတင်ပြဌာန်းခဲ့ခြင်းဖြစ်ပါတယ်
🤚ကြေညာချက်အစတွင်
🕊️-လွတ်လပ်စွာဖွင့်ဟပြောဆိုနိုင်မှု ကို ချိုးဖောက်သော ဖိနှိပ်အုပ်ချုပ်မှု၊ တရားလက်လွတ်နှိပ်စက်ညှင်းပန်း အုပ်ချုပ်မှု တို့ကို မလွဲသာ မရှောင်သာ၍ လက်နက်စွဲကိုင် တော်လှန်ရသည်အထိ အခွင့်အရေးများ ချိုးဖောက်ခံရမှု မရှိစေရန် ထိန်းသိမ်းကာကွယ်ပေးရမည်ဟာ လည်းကောင်း
🕊️-ယောက်ျား မိန်းမတို့၏ တူညီသည့် အခွင့်အရေးများကိုလည်းကောင်း ၊ ရရှိသင့်သော ကိုယ်ပိုင်အခွင့်အရေးများကို လည်းကောင်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ထိုနိုင်ငံတို့၏ အာဏာပိုင်များက လိုက်နာ ကျင့်သုံးရမည်ဟု ကတိဖြင့် ထုတ်ပြန် ကြေညာခြင်း ဖြစ်ကြောင်းဖော်ပြထားသည်
🕊️🤚ကြေညာစာတမ်းတွင် ပါဝင်သော လူအခွင့်အရေး ရပိုင်ခွင့် အကျဉ်းချုပ်မှာ -
(၁) လူတိုင်းသည် တူညီလွတ်လပ်သော အခွင့်အရေးများ ရရှိပိုင်ဆိုင်ခွင့်ရှိရမည်
(၂) ကြေညာစာတမ်းတွင်ဖော်ပြထားသော အခွင့်အရေးများကို ကမ္ဘာတစ်ဝှမ်းရှိ မည်သည့်ဒေသ ၊ မည်သည့်လူမျိုး ၊ မည်သူမဆို ခံစားခွင့်ရရှိစေရမည်
(၃)လူတိုင်း၌ လွတ်လပ် လုံခြုံသော အသက်ရှင်ခွင့် ရရှိရမည်။
(၄)နိုင့်ထက်စီးနှင်း စေခိုင်းခြင်း ၊ အဓမ္မစေခိုင်းခံရခြင်း မရှိစေရ။
(၅)ရက်စက်ကြမ်းကြုတ်လူမဆန်စွာ ညှင်းပန်းနှိပ်စက်၍ ပြစ်ဒဏ်ပေးခံရမှု မရှိစေရ။
(၆/၇/၈) လူတိုင်း ရပိုင်ခွင့် ဥပဒေများ စောင့်ရှောက်ခွင့်များ တူညီစွာရရှိစေခြင်း ၊ ချိုးဖောက်ခံ၍ ဖြစ်ပေါ်လာသော ပြစ်ဒဏ်နစ်နာချက်အတွက် သက်သာခွင့်ရရှိစေရမည်။
(၉)ဥပဒေအရမဟုတ်သော ဖမ်းဆီး ချုပ်နှောင်ခြင်းများမရှိစေရ ။
(၁၀)တရားစီရင်ပြစ်ဒဏ်ပေးရာတွင်လည်း ရပိုင်ခွင့်အခွင့်အရေးများအပေါ် ၊ ကျူးလွန်သော ပြစ်မှုအပေါ်သာမူတည်၍ ပြစ်ဒဏ်ချမှတ်ရမည် ။ မတရားသဖြင့် ပြစ်မှုထက် ပိုမိုကြီးလေးသော ပြစ်ဒဏ်မျိုးမဖြစ်စေရ စသည်တို့အပါအဝင်
မိမိ၏ နေရာနေထိုင်ပိုင်ဆိုင်ခွင့် ၊ ခိုလှုံခွင့် ၊ လွတ်လပ်သော အလုပ်အကိုင် အခွင့်အရေး ၊ လွတ်လပ်သော ကိုးကွယ်မှု ၊ နိုင်ငံသားခံယူမှု ၊ လွတ်လပ်စွာ တွေးခေါ်ကြံဆမှု ၊ ထိမ်းမြားလက်ထပ်မှု ၊ လွတ်လပ်စွာ ဖွင့်ဟပြောဆိုမှု ၊ လွတ်လပ်သော ပညာသင်ယူခွင့်များ ပါဝင်ပြဌာန်းခဲ့ပါတယ်
🕊️🤚ထိုကြေညာချက်၏ နောက်ဆုံးအပိုဒ် ဖြစ်သည့် ၃၀တွင် ကြေညာစာတမ်း၌ပါရှိသော အခွင့်အရေး လွတ်လပ်ခွင့်များ ကို နိုင်ငံတစ်နိုင်ငံ အတွက် ဖြစ်စေ၊ လူတစ်စုအတွက် ဖြစ်စေ၊ လူတစ်ဦးတစ်ယောက် အတွက် ဖြစ်စေ ချိုးဖောက်ဖျက်စီးခွင့် မရှိစေရဟု၍ ဖော်ပြ အဆုံးသတ်ထားပါတယ်
🕊️🤚ထိုကြေညာချက်ကိုဆိုရင် ကုလသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံပေါင်း 56 နိုင်ငံများမှ စတင်သဘောတူ လက်မှတ်ရေးထိုးပြီး ကမ္ဘာနိုင်ငံ 185 နိုင်ငံမှ လိုက်နာကျင့်သုံးရန် ဥပဒေများထည့်သွင်းခဲ့ကြပါတယ် ။
🕊️🤚Human Rights Dayအား နှစ်စဉ် မပြတ်ကျင်းပပြုလုပ်လျက်ရှိရာ ယခုနှစ်၂၀၂၁တွင်လည်း Equality: Reducing Inequalities and Advancing Human Rights (သာတူညီမျှရရှိမှု - မညီမျှမှုများကို လျှော့ချခြင်းနှင့် လူ့အခွင့်အရေး မြှင့်တင်ခြင်း) ဆိုသည့်ဆောင်ပုဒ်ဖြင့် ကမ္ဘာနေရာအသီးသီးတွင် Campaignများဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိပါတယ် ။
🕊️🤚ကုလသမဂ္ဂ အဖွဲ့ဝင် နိင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည်လည်း လူ့အခွင့်အရေးသတ်မှတ်ချက်များကို လိုက်နာကျင့်သုံးရမည်ဖြစ်သော်လည်း ယခုအခါ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများစွာရှိနေသည်အလျောက် မိမိတစ်ဦးတစ်ယောက်မှစ၍ ပတ်ဝန်းကျင်ရှိလူအားလုံးပါဝင်လာနိုင်ရန် လူ့အခွင့်အရေးနေ့ Campaignများတွင် အတူပါဝင် လှုပ်ရှားရင်း မိမိတို့ ရပိုင်ခွင့်ဖြစ်သာ လွတ်လပ်မှု တရားမျှတမှု တန်းတူညီမျှရရှိမှုများကို ပြန်လည်ရှာဖွေ ရယူရန် လိုအပ်ပါတယ်
:End_Violence_Against_Women_Now!!
#အမျိုးသမီးများအပေါ်အကြမ်းဖက်မှုချက်ချင်းအဆုံးသတ်