17/08/2026
* ဖြတ်သန်းခဲ့ရာ ကိုယ့်ခြေရာ ၄ *
နောက်တစ်ပတ်တနင်္လာနေ့ရောက်တော့ ထော်ကြီးနဲ့နှစ်ယောက်သားသင်တန်းသွားဖို့အတွက် ကြည့်မြင်တိုင်ညဈေးမှတ်တိုင်ကနေ တာမွေအဝိုင်းထိပ်ကို လိုင်းကားစီးပြီး ခရီးနှင်..တာမွေအဝိုင်းထိပ်ရောက်တော့ သင်တန်းကျောင်းတည်ရှိရာ သာကေတအနော်မာမှတ်တိုင်ဆီခရီးဆက်ဖို့ နောက်တစ်ဆင့်ဆက်စီးခဲ့ကြပြန်တယ်...သင်တန်းကိုရောက်တော့ နောက်ထပ်တိုးလာတဲ့မျက်နှာသစ်သင်တန်းသားအချို့ကိုထပ်တွေ့ရတယ်..သင်တန်းချိန်က မနက်ကိုးနာရီကနေ ညနေလေးနာရီအထိ..သင်တန်းချိန်ပြီးတော့လည်း သင်တန်းအတူတက်တဲ့သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင်ပြီးအာလူးဖုတ်ဖို့အတွက် ကျွန်တော်ကအချိန်မပေးနိုင်ဘူးလေ...ရုံးဆင်းချိန်ကြိုရမယ့် ဖယ်ရီဂျူတီကရှိနေသေးတယ်မဟုတ်လား..သင်တန်းဆင်းတာနဲ့ ကိုယ့်မှာမြို့ထဲကိုသွားမယ့်ကားဂိတ်ဆီ မပြေးရုံတမယ်သွား..ကားဂိတ်ရောက်တာနဲ့ မြို့ထဲသွားမယ့်လိုင်းကားပေါ်အပြေးကလေးတက်ပြီးဆက်လက်ချီတက်ရတာပေါ့..ပင်ပန်းတယ်လို့ကိုမထင်ခဲ့တာ(ဘယ်ထင်မလည်း အချစ်အတွက်အသက်ပင်သေသေဆိုပြီးမွှန်နေတဲ့အရယ်လေ😁😁😁)...မြို့ထဲရောက်ကားပေါ်ကဆင်းပြီး သူ့ကုမ္ပဏီရှိရာကိုလည်း မာရသွန်ခြေလှမ်းနဲ့တက်သုတ်ရိုက်ပြီးသွားပေါ့..သူ့ရုံးရှေ့ရောက်ချိန်ဆို ၄၀၄၀မိနစ်လောက်ရှိနေပြီ....ဟော တွေ့ပါပြီ ဖယ်ရီသမားကျွန်တော့်ကိုစောင့်နေတဲ့ ကျွန်တော့်ရဲ့ချစ်သူလေးကို..သူမကိုရုံးကကြိုလာပြီး မြို့ထဲကနေ သူနေထိုင်ရာကြည့်တိုင်ကိုပို့..ဆင်းရမည့်မှတ်တိုင်ရောက်တော့ သူမနဲ့နှစ်ယောက်အတူဆင်းကြပြီး သူမကိုအိမ်ပြန်ပို့ခဲ့တယ်..သူမတို့အိမ်ရှိတဲ့လမ်းထိပ်ရောက်ရင်တော့ ဘိုင့်ဘိုင်ချစ်လေး ဆီးယူတူမောရိုးလုပ်ပြီး လမ်းခွဲကာကိုယ့်အခန်းရှိရာ စမ်းချောင်းသံတံတားလမ်းဆီသို့ပေါ့...သူမတို့လမ်းထိပ်ရောက်တာနဲ့ လမ်းမခွဲလို့လည်းမရဘူးလေ....အာ့အချိန်ဆို သူမအဖေက သူတို့အိမ်ရှေ့ကသစ်သားခုံလေးမှာထွက်ပြီးထိုင်နေတတ်တာ ကြုံထားဘူးတယ်လေ..သည်နေရာ ကျွန်တော့်ချစ်သူလေးရဲ့အေဖပုံကိုပြောရဦးမယ်..အရပ်အမောင်းကောင်းကောင်း ခန္တာကိုယ်တုတ်ခိုင်ခိုင်နဲ့ မျက်နှာထားကလည်း အမြဲလိုခပ်တည်တည်နဲ့ဗျ..အရင်အင်္ဂလိပ်စကားပြောသင်တန်းမှာကတည်းက ညပိုင်းသင်တန်းဆင်းချိန်ဆို သူ့သမီးကိုလာလာကြိုနေလို့မျက်နှာချင်းတန်းမိနေပြီ..သင်တန်းပြီးလို့ သင်တန်းခန်းကထွက်လာရင်လည်း ကျွန်တော့်ကိုအမြဲမြဲလိုလို စူးစမ်းသလိုကြည့်နေတာဗျ..ခုလည်း သူ့သမီးရုံကပြန်လာတာကို ဘေးကကပ်ပါလာတဲ့ကျွန်တော့်ကိုတွေ့လိုက်ရင် ဒီကောင်ကငါ့သမီးအနားဘာလို့ကပ်သလည်းဆိုတဲ့ အကြည့်စိမ်းစိမ်းကြီးတွေနဲ့ကြည့်မှာကို ရင်မဆိုင်ရဲဘူးလေ...ကျွန်တော်တို့နေတဲ့လမ်းထိပ်ကိုရောက်တော့ စားသောက်ဆိုင်ကိုဝင် ဂရန်းအမဲအပိုင်းပြားတစ်ပြားဝယ်ပြီး အခန်းပြန်ပေါ့..အခန်းကိုပြန်ရောက်တာနဲ့ ခဏအနားယူပြီး ရေမိုးချိုး ပြီးတာနဲ့ ထော်ကြီးနဲ့နှစ်ယောက်သား ဟိုအကြောင်းဒီအကြောင်းလေထိုင်ပစ်နေကြတယ်..အဲဒီအချိန်တုန်းက အခုခေတ်လိုဖုန်းတွေလည်းမပေါသေးတဲ့အချိန်လေ..ဆင်းကဒ်တစ်ခုကို သိန်းနှစ်ဆယ်ကျော်လောက်အကုန်ခံပြီး လျောက်လွှာတင်ဝယ်ယူရမယ့်ခေတ်ကြီးလေ..ဖုန်းပြောချင်ရင် ကျွန်တော်တို့အခန်းနဲ့မျက်နှာချင်းဆိုင်ကအိမှ်ာ တစ်မိနစ်သုံးဆယ်ကျပ်ပေးပြီး သွားပြောရတာ..
ဆက်ရန်
゚