Seita Zan

Seita Zan ကမ္ဘာမြေ သာယာပါစေ

17/08/2026

* ဖြတ်သန်းခဲ့ရာ ကိုယ့်ခြေရာ ၄ *

နောက်တစ်ပတ်တနင်္လာနေ့ရောက်တော့ ထော်ကြီးနဲ့နှစ်ယောက်သားသင်တန်းသွားဖို့အတွက် ကြည့်မြင်တိုင်ညဈေးမှတ်တိုင်ကနေ တာမွေအဝိုင်းထိပ်ကို လိုင်းကားစီးပြီး ခရီးနှင်..တာမွေအဝိုင်းထိပ်ရောက်တော့ သင်တန်းကျောင်းတည်ရှိရာ သာကေတအနော်မာမှတ်တိုင်ဆီခရီးဆက်ဖို့ နောက်တစ်ဆင့်ဆက်စီးခဲ့ကြပြန်တယ်...သင်တန်းကိုရောက်တော့ နောက်ထပ်တိုးလာတဲ့မျက်နှာသစ်သင်တန်းသားအချို့ကိုထပ်တွေ့ရတယ်..သင်တန်းချိန်က မနက်ကိုးနာရီကနေ ညနေလေးနာရီအထိ..သင်တန်းချိန်ပြီးတော့လည်း သင်တန်းအတူတက်တဲ့သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင်ပြီးအာလူးဖုတ်ဖို့အတွက် ကျွန်တော်ကအချိန်မပေးနိုင်ဘူးလေ...ရုံးဆင်းချိန်ကြိုရမယ့် ဖယ်ရီဂျူတီကရှိနေသေးတယ်မဟုတ်လား..သင်တန်းဆင်းတာနဲ့ ကိုယ့်မှာမြို့ထဲကိုသွားမယ့်ကားဂိတ်ဆီ မပြေးရုံတမယ်သွား..ကားဂိတ်ရောက်တာနဲ့ မြို့ထဲသွားမယ့်လိုင်းကားပေါ်အပြေးကလေးတက်ပြီးဆက်လက်ချီတက်ရတာပေါ့..ပင်ပန်းတယ်လို့ကိုမထင်ခဲ့တာ(ဘယ်ထင်မလည်း အချစ်အတွက်အသက်ပင်သေသေဆိုပြီးမွှန်နေတဲ့အရယ်လေ😁😁😁)...မြို့ထဲရောက်ကားပေါ်ကဆင်းပြီး သူ့ကုမ္ပဏီရှိရာကိုလည်း မာရသွန်ခြေလှမ်းနဲ့တက်သုတ်ရိုက်ပြီးသွားပေါ့..သူ့ရုံးရှေ့ရောက်ချိန်ဆို ၄၀၄၀မိနစ်လောက်ရှိနေပြီ....ဟော တွေ့ပါပြီ ဖယ်ရီသမားကျွန်တော့်ကိုစောင့်နေတဲ့ ကျွန်တော့်ရဲ့ချစ်သူလေးကို..သူမကိုရုံးကကြိုလာပြီး မြို့ထဲကနေ သူနေထိုင်ရာကြည့်တိုင်ကိုပို့..ဆင်းရမည့်မှတ်တိုင်ရောက်တော့ သူမနဲ့နှစ်ယောက်အတူဆင်းကြပြီး သူမကိုအိမ်ပြန်ပို့ခဲ့တယ်..သူမတို့အိမ်ရှိတဲ့လမ်းထိပ်ရောက်ရင်တော့ ဘိုင့်ဘိုင်ချစ်လေး ဆီးယူတူမောရိုးလုပ်ပြီး လမ်းခွဲကာကိုယ့်အခန်းရှိရာ စမ်းချောင်းသံတံတားလမ်းဆီသို့ပေါ့...သူမတို့လမ်းထိပ်ရောက်တာနဲ့ လမ်းမခွဲလို့လည်းမရဘူးလေ....အာ့အချိန်ဆို သူမအဖေက သူတို့အိမ်ရှေ့ကသစ်သားခုံလေးမှာထွက်ပြီးထိုင်နေတတ်တာ ကြုံထားဘူးတယ်လေ..သည်နေရာ ကျွန်တော့်ချစ်သူလေးရဲ့အ‌ေဖပုံကိုပြောရဦးမယ်..အရပ်အမောင်းကောင်းကောင်း ခန္တာကိုယ်တုတ်ခိုင်ခိုင်နဲ့ မျက်နှာထားကလည်း အမြဲလိုခပ်တည်တည်နဲ့ဗျ..အရင်အင်္ဂလိပ်စကားပြောသင်တန်းမှာကတည်းက ညပိုင်းသင်တန်းဆင်းချိန်ဆို သူ့သမီးကိုလာလာကြိုနေလို့မျက်နှာချင်းတန်းမိနေပြီ..သင်တန်းပြီးလို့ သင်တန်းခန်းကထွက်လာရင်လည်း ကျွန်တော့်ကိုအမြဲမြဲလိုလို စူးစမ်းသလိုကြည့်နေတာဗျ..ခုလည်း သူ့သမီးရုံကပြန်လာတာကို ဘေးကကပ်ပါလာတဲ့ကျွန်တော့်ကိုတွေ့လိုက်ရင် ဒီကောင်ကငါ့သမီးအနားဘာလို့ကပ်သလည်းဆိုတဲ့ အကြည့်စိမ်းစိမ်းကြီးတွေနဲ့ကြည့်မှာကို ရင်မဆိုင်ရဲဘူးလေ...ကျွန်တော်တို့နေတဲ့လမ်းထိပ်ကိုရောက်တော့ စားသောက်ဆိုင်ကိုဝင် ဂရန်းအမဲအပိုင်းပြားတစ်ပြားဝယ်ပြီး အခန်းပြန်ပေါ့..အခန်းကိုပြန်ရောက်တာနဲ့ ခဏအနားယူပြီး ရေမိုးချိုး ပြီးတာနဲ့ ထော်ကြီးနဲ့နှစ်ယောက်သား ဟိုအကြောင်းဒီအကြောင်းလေထိုင်ပစ်နေကြတယ်..အဲဒီအချိန်တုန်းက အခုခေတ်လိုဖုန်းတွေလည်း‌မပေါသေးတဲ့အချိန်လေ..ဆင်းကဒ်တစ်ခုကို သိန်းနှစ်ဆယ်ကျော်လောက်အကုန်ခံပြီး လျောက်လွှာတင်ဝယ်ယူရမယ့်ခေတ်ကြီးလေ..ဖုန်းပြောချင်ရင် ကျွန်တော်တို့အခန်းနဲ့မျက်နှာချင်းဆိုင်ကအိမှ်ာ တစ်မိနစ်သုံးဆယ်ကျပ်ပေးပြီး သွားပြောရတာ..

ဆက်ရန်


With Jason Ko Ko – I just got recognised as one of their top fans! 🎉
16/08/2026

With Jason Ko Ko – I just got recognised as one of their top fans! 🎉

With Mc Kelnilen Cangmah – I just got recognised as one of their top fans! 🎉
16/08/2026

With Mc Kelnilen Cangmah – I just got recognised as one of their top fans! 🎉

အလုပ်မရှိ ဝင်ငွေမရှိပေမယ့် ထွက်ငွေကတော့ နေ့စဉ်ပါပဲ...ဒါကမနက်ပိုင်းသောက်ရတဲ့ဆေးတွေ...ညပိုင်းကိုတစ်ခါထပ်သောက်ရပါဦးမယ်..
16/08/2026

အလုပ်မရှိ ဝင်ငွေမရှိပေမယ့် ထွက်ငွေကတော့ နေ့စဉ်ပါပဲ...ဒါကမနက်ပိုင်းသောက်ရတဲ့ဆေးတွေ...ညပိုင်းကိုတစ်ခါထပ်သောက်ရပါဦးမယ်..

မင်္ဂလာရှိသောနေ့သစ်လေးဖြစ်ပါစေ...သတ္တဝါအားလုံးအေးချမ်းသာပါရှိကြပါစေ
15/08/2026

မင်္ဂလာရှိသောနေ့သစ်လေးဖြစ်ပါစေ...
သတ္တဝါအားလုံးအေးချမ်းသာပါရှိကြပါစေ

Hnin Wuttyi
15/08/2026

Hnin Wuttyi

Good Morning 🌄 Happy Saturday!Let's go forward
15/08/2026

Good Morning 🌄
Happy Saturday!
Let's go forward


* ဖြတ်သန်းခဲ့ရာ ကိုယ့်ခြေရာ ၃ *ကျွန်တော့်အနားကိုသူမရောက်လာတော့ သူမလက်ထဲကထမင်းချိုင့်လေးကိုလက်ကမ်းယူပြီး မြို့ထဲသွားဖို့က...
14/08/2026

* ဖြတ်သန်းခဲ့ရာ ကိုယ့်ခြေရာ ၃ *
ကျွန်တော့်အနားကိုသူမရောက်လာတော့ သူမလက်ထဲကထမင်းချိုင့်လေးကိုလက်ကမ်းယူပြီး မြို့ထဲသွားဖို့ကားကိုစောင့်နေခဲ့ကြတယ်...ထို့နောက်မြို့ထဲသွားဖို့လိုင်းကားလာတော့ ကျွန်တော်တို့နှစ်ယောက်ကားပေါ်တက်ခဲ့ကြတယ်..မောင်ခိုင်မှတ်တိုင်ရောက်တော့ကားပေါ်ကဆင်းကြပြီး သူမအလုပ်လုပ်ရာကုမ္ပဏီရှိတဲ့ ၂၃လမ်းထဲကိုလမ်းလျှောက်ခဲ့ကြတယ်...သူမကုမ္မဏီရှေ့ကိုသူမကိုပို့ပေးခဲ့ပြီး ကျွန်တော်ပြန်လာခဲ့တယ်..အခန်းပြန်ရောက်တော့ ထော်ကြီးကမနက်စာစားဖို့စောင့်နေတာတွေ့ရတော့ နှစ်ယောက်အတူထမင်းစားကြတယ်..ထမင်းစားနေရင်းထော်ကြီးက " မောင်ပီ နောက်အပတ်တနင်္လာနေ့ သင်တန်းပြန်တက်ရမယ် ...နောက်လထဲအင်တာဗျူးလာဖို့ရှိတယ် " ပြောတော့ ကျွန်တော်လည်း " အေးလေ တက်ကြတာပေါ့ "လို့...ထမင်းစားပြီးတော့ လမ်းထဲကစာအုပ်အငှားဆိုင်သွားပြီး စာအုပ်ငှားလာပြီး အခန်းပြန်စာဖတ် မျက်လုံးညောင်းလို့အိပ်ချင်လာရင်အိပ်ပေါ့....ညနေသုံးနာရီခွဲရင် ကျွန်တော့်ရဲ့ဖယ်ရီဂျူတီကပြန်စပြီ..က်ူလက်သန်စင် အဝတ်အစားလဲပြီး သူမကိုရုံးဆင်းချိန်ကြိုဖို့ ကားဂိတ်ကိုထွက်လာခဲ့တယ်..ကျွန်တော်မြို့ထဲကိုကားစီးပြီး သူမကုမ္ပဏီရှေ့ရောက်ပြီဆိုရင် ၄:၁၅‌ မိနစ်လောက်ရှိပြီ..သူမအလုပ်ဆင်းချိန်က ၄:၃၀ ဆိုတော့ ဆယ်ငါးမိနစ်လောက်စောင့်ရတာပေါ့..သူမကုမ္ပဏီရှိရာလမ်းရဲ့ တစ်ဖက်မှာရှိတဲ့အခြမ်းမှာသွားထိုင်စောင့်နေခဲ့တယ်..ဒါက ကျွန်တော်ရဲ့ တင်္နလာနေ့ကနေ့ စနေနေ့အထိပုံမှန်ဂျူတီပဲ...ချစ်သောသူရဲ့မျက်နှာကိုမြင်ရပြီး သူမနဲ့အတူရုံးသွားပြန်အတူရှိရမယ့်အခြေအနေဆိုတော့ အလုပ်ပိုတစ်ခုလို့ဘယ်တုန်းကမှ မထင့်ခဲ့ပါဘူး...

ဆက်ရန်


လည်ကတုံးနဲ့ လူ..!!၆ လမ်းထဲက ပြည့်တန်ဆာရုံသွားတုန်းကလည်းကျုပ်..လည်ကတုံးပဲ ဝတ်ဆင်ခဲ့တာဘဲ..။၁၁ လမ်းထိပ်က ဘုံဆိုင်မှာမူးပြီး...
14/08/2026

လည်ကတုံးနဲ့ လူ..!!

၆ လမ်းထဲက ပြည့်တန်ဆာရုံသွားတုန်းကလည်း
ကျုပ်..လည်ကတုံးပဲ ဝတ်ဆင်ခဲ့တာဘဲ..။
၁၁ လမ်းထိပ်က ဘုံဆိုင်မှာမူးပြီးမှောက်တုန်းကလည်း
ကျုပ်..လည်ကတုံးနဲ့ပါဘဲ..။

ဘုရားပေါ်တတ်ပြီး ခုနှစ်ရက်သားသမီးတွေကို
မေတ္တာပို့တုန်းကပဲ ဖြစ်ဖြစ်
မိဘမဲ့ဂေဟာက ကလေးတွေကို
ထမင်းတစ်နပ် ဒါနပြုခဲ့တုန်းကပဲဖြစ်ဖြစ်
ကျုပ်..လည်ကတုံးပဲ ဝတ်ဆင်ထားတာဘဲ..။

ကျုပ်က လည်ကတုံးကို ကြိုက်လို့ကိုဝတ်တာဗျ
ခဗျားပြောသလိုသာဆို မကောင်းမှုနဲ့ ကောင်းမှုပြုဖို့
ကျုပ်က ချပ်ဝတ်တန်ဆာတွေ လဲလှယ်နေရဦးမလိုပါပဲ..။

ဝတ်စားဆင်ယဉ်ပုံကိုကြည့်ပြီး
သူတော်ကောင်း သူမြတ်လောင်း
သူယုတ်မာ လူ့ငမိုက် ခွဲခြားကြကြေးဆိုရင်
သျှောင်တစ်စောင်းနဲ့ ဘုရားလောင်းတွေ
တစ်ဆူပြီးတစ်ဆူ ပွင့်ကုန်တော့မှာပဲ..။

-ရွှေစွန်ညို-

14/08/2026

ကိုယ့်ဖုန်းရဲ့လက်ရှိအခြေအနေပေါ့..ဒါကစဖွင့်ခါစမို့ တဖြည်းဖြည်းနဲ့ကြာလာရင် စခရင်တစ်ခုလုံးမှုန်ဝါးပြီးအရမ်းတုန်လာတာ..ဒီလိုဖြစ်သွားရတာက သင်္ကြန်တုန်းကဖုန်းကိုဆိုင်ကယ်ဘောက်ထဲထည့်ပြီးအပြင်သွားတာ..ရေဝိုင်းပက်ကြတော့ ကိုယ်လည်းဖုန်းကဆိုင်ကယ်ဘောက်ထဲထားတော့စိတ်မပူမိဘူး..အပြင်မှာလည်းနဲနဲကြာသွားတယ်..ပြန်ရောက်မှဆိုင်ကယ်ဘောက်ဖွင့်လိုက်မှ ဘောက်ထဲမှာရေတွေရှိနေပြီးဖုန်းကရေစိမ်နေတာ..ဆိုင်ကယ်အုန်းကပေါက်နေပြီး အာ့ကနေတဆင့်ရေတွေစိမ့်ဝင်ထားတာ..အာ့ကတည်းကဖုန်းကခုလိုဖြစ်သွားတော့တာပဲ...

Address

Bago

Alerts

Be the first to know and let us send you an email when Seita Zan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Seita Zan:

Shortcuts

Share