12/05/2026
တော်လှန်ရေးလုပ်တယ်ဆိုတာ စနစ်ကိုဖြိုချတာဖြစ်ပါတယ်။
- အနစ်နာခံမှု ပြိုင်နေတာ မဟုတ်။
- ရဲဝံ့မှု ပြိုင်နေတာ မဟုတ်။
အာဏာရှင်ကို တော်လှန်နေတာ ဖြစ်တယ်။
ကိုယ်နိုင်သလောက် ဝန်ကို ဝင်ထမ်းပါ။
ဘေးလူကို ငါ့လောက်မထမ်းနိုင်လို့ဆိုပြီး အပြစ်မတင်နဲ့။ တစ်ယောက်နဲ့တစ်ယောက် ဘဝအခြေအနေ၊ ခံယူချက်၊ ရဲဝံ့မှု မတူတတ်ဘူး။
အသုံးဝင်ပုံလည်း မတူကြသလို အသုံးဝင်တဲ့နေရာချင်းလဲ မတူကြဘူး။ အပြေးကျွမ်းသူဟာ သူ့လောက်မပြေးနိုင်ရကောင်းလားလို့ ရေကူးကျွမ်းတဲ့ရေကူးသမားကို သွားအပြစ် တင်နေလို့မရဘူး။ ကိုယ့်အတွက် အိမ်ကွင်းဖြစ်နေပေမယ့် သူ့အတွက် အဝေးကွင်းဖြစ်ချင်ဖြစ်နိုင်တယ်။
ထင်သာမြင်သာမဟုတ်တိုင်း မရှိဘူးမထင်သင့်ဘူး။ သူ့နေရာနဲ့သူရှိပါတယ်။
ဒါကြောင့် သွေးမကွဲနဲ့၊ ကြောက်တတ်ရန်ကောလို့ အပြစ်မတင်နဲ့။ ဓမ္မ အဓမ္မ ခွဲသိရင်ကို ချီးကျူးဖို့ ကောင်းနေပြီ။
ဆရာကြီး ဦးဝင်းတင်မှာတာ သတိရပါ။
- စိတ်ဓာတ် မကျိုးပဲ့စေနဲ့
- စုဖွဲ့မှု မကျိုးပဲ့စေနဲ့
- ကျန်းမာရေး မကျိုးပဲ့စေနဲ့တဲ့။