ယိမ်းနွဲ့ပါး

  • Home
  • ယိမ်းနွဲ့ပါး

ယိမ်းနွဲ့ပါး “မကြော်ကောက်စတမ်း အခြော်ကောက် အစွမ်း”

အာဏာရှင်ကိုတော်လှန်ခဲ့ခါ Boycott ကလည်းအဓိကကျပါတယ်။ အာဏာရှင်ထောက်တိုင်မှန်သမျှ ကို ဒီနည်းနဲ့ရိုတ်ချိုးရင်း တော်လှန်လို့ရတ...
12/11/2025

အာဏာရှင်ကိုတော်လှန်ခဲ့ခါ Boycott ကလည်းအဓိကကျပါတယ်။ အာဏာရှင်ထောက်တိုင်မှန်သမျှ ကို ဒီနည်းနဲ့ရိုတ်ချိုးရင်း တော်လှန်လို့ရတာမို့ Boycott လုပ်ခြင်းကလည်း တော်လှန်နည်းတွေထဲက တစ်နည်းဖြစ်လို့ ပါဝင်ဖို့တိုက်တွန်းရင်း အောက်ပါ Link တွေထဲသွားလေ့လာစေချင်ပါတယ်။

👇👇👇👇👇👇👇👇👇👇👇👇👇👇

https://www.facebook.com/share/p/14L68Swcqxc/?mibextid=wwXIfr

https://www.facebook.com/share/p/1FZvcydmw8/?mibextid=wwXIfr

https://www.facebook.com/share/p/1A5zfvunD4/?mibextid=wwXIfr

https://www.facebook.com/share/p/1DUx1mB4t1/?mibextid=wwXIfr

https://www.facebook.com/share/p/1BHrr9hDVk/?mibextid=wwXIfr

https://www.facebook.com/share/p/1Z5pHUUM1G/?mibextid=wwXIfr

  အင်္ကျီများ အထည် ၂,၀၀၀ ရောင်းကုန်!“We Can Do It” အင်္ကျီများကို အားပေးမှုများကို အထူးကျေးဇူးတင်ရှိပါသည်။ မိတ်ဆွေတို့၏ ...
11/11/2025

အင်္ကျီများ အထည် ၂,၀၀၀ ရောင်းကုန်!

“We Can Do It” အင်္ကျီများကို အားပေးမှုများကို အထူးကျေးဇူးတင်ရှိပါသည်။ မိတ်ဆွေတို့၏ အားပေးမှုကြောင့် အထည်ရေ ၂,၀၀၀ (နှစ်ထောင်) အထိ ရောင်းချပြီးစီးသွားပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။

ယခုအခါ နောက်ထပ် အော်ဒါများ ထပ်မံရိုက်နှိပ်ထုတ်လုပ်ရန်အတွက် အားယူပြင်ဆင်နေပါသည်။

🗓️ နောက်ဆုံး အော်ဒါတင်ရမည့်ရက် - နိုဝင်ဘာ ၂၅ ရက်
နှစ်ကုန်ပိုင်းတွင် ဒီဇင်ဘာလ၏ ပိတ်ရက်ရှည်များကြောင့် ပစ္စည်းပို့ဆောင်ရေးနှင့် ထုတ်လုပ်ရေးတွင် အခက်အခဲများ မဖြစ်ပေါ်စေရန်အတွက်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ အထိ မှာယူသော အော်ဒါများကိုသာ လက်ခံတော့မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

နိုဝင်ဘာ ၂၅ ရက်နေ့ နောက်ပိုင်း အော်ဒါများ နောက်နှစ်မှ ရနိုင်ပါတော့မည်။ လက်ကျန်မကုန်မီနှင့် နောက်ဆုံးရက်မတိုင်မီ အမြန်ဆုံး အော်ဒါတင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင်။

အားပေးမှုကို အထူးကျေးဇူးတင်ရှိပါသည်။

“We Can Do It” စိတ်ဓာတ်ဖြင့် အတူတူ ရှေ့ဆက်ကြပါစို့! 💪







#ယိမ်းနွဲ့ပါး

အမေအောင်မေတ္တာနဲ့အတူ စားနပ်ရိက္ခာဝိုင်းကူ 💝အမေ့လက်ရာဆိုတာ သားသမီးတိုင်းအတွက် ဟင်းတခွက်ထက်ပိုပါတယ်။စားသောက်ဆိုင်တွေမှာဈေး...
01/06/2025

အမေအောင်မေတ္တာနဲ့အတူ စားနပ်ရိက္ခာဝိုင်းကူ 💝

အမေ့လက်ရာဆိုတာ သားသမီးတိုင်းအတွက် ဟင်းတခွက်ထက်ပိုပါတယ်။
စားသောက်ဆိုင်တွေမှာဈေးကြီးပေးဝယ်စားရင်တောင် မိခင်တစ်ယောက်ချက်ပြုတ်ကြော်လှော်ပေးတဲ့ ချစ်ခြင်းမေတ္တာကိုမယှဉ်နိုင်ပါဘူး။ အခုကာလလို အိမ်နဲ့ဝေးနေရချိန်တွေမှာဆို အမေ့လက်ရာကိုပိုလို့တောင်သတိရလွမ်းရပါတယ်။

ရိုးရိုးအိမ်ဝေးသူတွေတောင် လွမ်းရရင် ရှေ့တန်းမြေပြင်မှာ အသက်အန္တရာယ်ကြားတွေထဲမှာ
နေ့မနားညမနားကြိုးစားပြီး ရှိတာလေးနဲ့အားဖြည့်နေကြရတဲ့ ရဲဘော်တွေဆိုရင်
အမေ့လက်ရာကို ဘယ်လောက်တောင် စားချင်လိုက်ကြမလဲ။ မိခင်တွေကရော ကိုယ့်သားသမီးအတွက် ဘယ်လောက်တောင် ချက်ကျွေးချင်နေကြမလဲ။

ဒါကြောင့် အမှန်တရားဘက်တော်သား ရဲဘော်လေးတွေကို ရင်သွေးအရင်း သားငယ်သမီးငယ်လေးတွေလိုချစ်တဲ့ အမေအောင်ကိုယ်တိုင် မိခင်တယောက်ရဲ့ ချစ်ခြင်းမေတ္တာအပြည့်အဝနဲ့ ရေရှည်အထားခံ စားလို့လည်းအရမ်းကောင်း ခံတွင်းမြိန်ပြီး ခွန်အားလည်းဖြစ်စေမယ့် အကြော်အလှော်တွေကို ရဲဘော်တွေအတွက် သေချာလေးစီစဉ်ကြော်လှော်ကာ ပို့ပေးနိုင်ဖို့ ဒီကမ်ပိန်းလေးကို ပြုလုပ်လိုက်ပါတယ်။

အညာဒေသတပ်ရင်းတပ်ဖွဲ့များဖြစ်ကြတဲ့
1-21 BAGAN-People Defense Force
2-Rocket Fighter
3-ယောဧရာ ခရိုင်ထုတ်လုပ်ရေးတပ်ဖွဲ့
4-DaungMan နှင့်

ပဲခူးဘက်ခြမ်းသို့ရွေ့သွားသောတပ်ရင်းများဖြစ်ကြတဲ့
1-Southern Eagle PDF P29909
2-Special Operation Group - SOG
3-P25102 - Yangon Battalion
4-တောင်ညိုတပ်ရင်း P29906
5-Red Dragon Columm နဂါးနီစစ်ကြောင်း-P29903
6-White Dragon -P29904(WD) မှ

ရဲဘော်များအတွက် စားကောင်းခံတွင်းမြိန်စေမယ့် အကြော်အလှော်များသာမက မရှိမဖြစ်လိုအပ်တဲ့ အခြေခံစားနပ်ရိက္ခာ ဆန်ဆီဆားများနဲ့ ဆေးဝါးများကိုလည်း ပို့ပေးသွားမှာဖြစ်တဲ့အတွက် ဝိုင်းဝန်းကူညီပါဝင်ပေးစေလိုပါတယ်။

ဘယ်လိုပါဝင်လို့ရလဲ?

SCF မှာ အပေါ်မှာရှိတဲ့ Donate ဆိုတဲ့ခလုတ်ကိုနှိပ်ပြီး နွေဦးဘဏ် SDB နဲ့လုံခြုံစိတ်ချ လွယ်ကူမြန်ဆန်ထိရောက်စွာ ကူညီလှူဒါန်းနိုင်ပါတယ်။ အမေအောင်မေတ္တာနဲ့အတူ စားနပ်ရိက္ခာဝိုင်းကူပြီး ရဲဘော်တွေအတွက် ခွန်အားဖြစ်ပေးကြရအောင်

SCF နဲ့အတူ လုံခြုံစိတ်ချစွာ ကူညီရန်
💝 https://bit.ly/amayaungmyittar



#တို့အတူချီတက်SCF

"ဧရာဝတီ"ဧရာဝတီဟာ မြေမဟာပထဝီမှာ ဘယ်တော့မှ သမိုင်းမရိုင်းခဲ့ဘူး ဧရာဝတီဆိုတာ ဒီနိုင်ငံအတွက်မှမဟုတ်ဖူး တခြားနိူင်ငံတွေအတွက်ပ...
24/05/2025

"ဧရာဝတီ"

ဧရာဝတီဟာ မြေမဟာပထဝီမှာ ဘယ်တော့မှ သမိုင်းမရိုင်းခဲ့ဘူး

ဧရာဝတီဆိုတာ ဒီနိုင်ငံအတွက်မှမဟုတ်ဖူး တခြားနိူင်ငံတွေအတွက်ပါ စပါးကျည်အဖြစ်နဲ့ အကျိုးပြုနေဆဲ

ဧရာဝတီဟာ မြန်မာပြည်ရဲ့ အထက်ကစလို့ အောက်နဲ့ အလယ်ပါမကျန် အားလုံးနဲ့ပေါင်း စစ်အာဏာရှင်ကိုမြေလှန်နေဆဲ

တိုင်းဧရာ အရိုင်းမနေသာ လှိုင်းတွေထန်နေတဲ့ကြား ရေ စုန်မှာလှေကြုံမလိုက်ပဲ မြေဝသုန်ခိုက်အောင် တကယ်အသက်သွေးပေးတဲ့ သူတွေထဲက သူရဲကောင်း ဧရာဝတီပါ

ဧရာဟာ အနေသာတယ်ဆိုပြီး လှောင်ကြလည်း အမှောင်မကျပဲ ထောင်ထလို့ အားလုံးနဲ့အတူချနေမြဲပေါ့ ဧရာဝတီ

ဧရာဝတီ အနေမသာသည်
မြေမဟာပထဝီတုန်စေမယ့် ဧရာဝတီဟေ့

မေတ္တာဖြင့် ပါဝင်ကူညီပေးပါသော ဖိုးဆေး အား ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ။

#ပေါင်းစုရုန်းညီအောင်ပွဲဆီ
#ဒို့ပြန်လာပြီဧရာဝတီ
#ဧရာဝတီတိုင်းစစ်ဌာန

23/05/2025

ကဗျာဆရာမောင်စိုးချိန်ရဲ့ ဒို့ပြန်လာပြီ ဧရာဝတီ

ဧရာဝတီရဲဘော်တွေအတွက်ဆောင်ရွက်နေတဲ့ "ဒို့ပြန်လာပြီဧရာဝတီ"ကမ်ပိန်းအတွက် တော်လှန်ကဗျာဆရာ မောင်စိုးချိန်ရဲ့ ရေးဖတ်သီကုံးထားတဲ့ ကဗျာကို နားဆင်ရမှာပါ။

"ထလော့ ဧရာဝတီ။ ဧရာဝတီ ထလော့" ဆိုတဲ့ တိုက်တွန်းနှိုးဆော်သံတွေက ကဗျာရဲ့ တန်ဖိုးတစ်ခုအဖြစ် ကြားသိရမှာပါ။

အစဉ်အလာကြီးမားတဲ့ ဧရာဝတီ၊ အင်အားကြီးမားတဲ့ တော်လှန်စိတ်၊ ဒီအချက်တွေကို အခြေခံထားတဲ့ နွေဦးတော်လှန်ရေးခရီးကြမ်းမှာ တိုင်းဧရာဆီခရီးနှင်နေတဲ့ ရဲဘော်တွေအတွက် အားလုံးပါဝင်ကြပါစို့။

👍👍ကမ်ပိန်းအကြောင်းလေးက ပြန်ရှင်းပြချင်ပါတယ်။

ရွှေဝါရောင်ဆရာတော် အရှင်ထာဝရ ဦးဆောင်တဲ့ ထာဝရဧရာဝတီနဲ့ ဧရာဝတီတိုင်းစစ်ဌာနတို့ပူးပေါင်းပြီး ဒီကမ်ပိန်းကို အင်အားပြည့် စတင်နိုင်ဖို့ ပြင်ဆင်ခဲ့ကြတာပါ။
ဒီကမ်ပိန်းလေးက တစ်နိုင်ငံလုံးရဲ့ မဟာဗျူဟာထိုးစစ်အတွက် အရေးပါတဲ့ ဧရာဝတီတိုင်းရဲ့ စစ်အင်အား၊ ဗျူဟာ၊ တပ်ရင်းတွေနဲ့ စစ်ကြောင်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ထားပါတယ်။
ဒါကြောင့်...
တော်လှန်ပြည်သူအားလုံး ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်!
🎯 ကမ်ပိန်းရည်မှန်းချက် ➝ ကျပ် ၇၀၀၀ သိန်း
⏳ ကမ်ပိန်းကာလ ➝ ၁၆.၅.၂၀၂၅ မှ ၃၀.၆.၂၀၂၅ (၄၅ ရက်)
"စည်းလုံးမှုအင်အားနဲ့ နိုင်တဲ့ဝန်ကိုထမ်း တိုင်းဧရာမှာ အောင်လံထူမယ်"
#ဧရာဝတီပြန်လာပြီ
#ပေါင်းစုရုန်းညီ
#တော်လှန်ရေးအောင်ပွဲ

အောင်ပွဲတို့ဆီ ဧရာဝတီပါ✊🔥

"မြေပြင်တပ်မှူးများနဲ့ ဒို့ပြန်လာပြီဧရာဝတီ"မေလ ၂၄ ရက်ညမှာ ပြုလုပ်မယ့်စကားဝိုင်းပါ။မြေပြင်မှာ ဝုန်းဖို့အသင့်ဖြစ်နေတဲ့ ဧရာ...
23/05/2025

"မြေပြင်တပ်မှူးများနဲ့ ဒို့ပြန်လာပြီဧရာဝတီ"

မေလ ၂၄ ရက်ညမှာ ပြုလုပ်မယ့်စကားဝိုင်းပါ။

မြေပြင်မှာ ဝုန်းဖို့အသင့်ဖြစ်နေတဲ့ ဧရာဝတီတိုင်းသား တပ်မှူးတွေနဲ့ ရောက်တဲ့နေရာမှာ ကြုံးနေတဲ့ တော်လှန်ရေးဝိုင်းတော်သားတို့ ဆုံမယ့်ညပါ။

စကားဝိုင်းမှာတော့ တပ်ရင်းမှူးရဲဘော် အောင်သူ၊ တပ်ရင်းမှူး ရဲဘော်သိန်းဝင်းဇော်၊ ဆက်လျှောက်ရဲ့ ရဲဘော်ကောင်းကောင်းနဲ့ NUG အလုပ်သမားဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးကျော်နီတို့က ဆွေးနွေးကြမှာပါ။
အဲဒီစကားဝိုင်းကို Moderator အဖြစ် ကိုဘုန်းဆက်သွင်နဲ့ ကိုမြတ်မင်းခန့်တို့က အားဖြည့်ထားပါတယ်။

စကားဝိုင်းအစီအစဉ်ကို မေလ ၂၄ ရက်၊ ည မြန်မာစံတော်ချိန် ၇ နာရီမှာ စတင်ပါမယ်။

ဒါကြောင့်... စကားဝိုင်းနဲ့အတူ ကမ်ပိန်းကို
တော်လှန်ပြည်သူအားလုံး ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။

ကမ်ပိန်းရည်မှန်းချက် ကျပ် ၇၀၀၀ သိန်း
ကမ်ပိန်းကာလ ၁၆.၅.၂၀၂၅ မှ ၃၀.၆.၂၀၂၅ (၄၅ ရက်)

"စည်းလုံးမှုအင်အားနဲ့ နိုင်တဲ့ဝန်ကိုထမ်း တိုင်းဧရာမှာ အောင်လံထူမယ်"

#ဧရာဝတီပြန်လာပြီ
#ပေါင်းစုရုန်းညီ
#တော်လှန်ရေးအောင်ပွဲ
အတူတူ အောင်ပွဲဆီ လှမ်းကြမယ်!

ဒို့ပြန်လာပြီ ဧရာဝတီ

Address


Website

Alerts

Be the first to know and let us send you an email when ယိမ်းနွဲ့ပါး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ယိမ်းနွဲ့ပါး:

  • Want your business to be the top-listed Event/venue?

Share