26/02/2026
လာမဲ့ မတ်လ ၇ ရက်(စနေနေ့) မှာ Tech Job Readiness Event ကျင်းပသွားမှာ ဖြစ်လို့ အလုပ်ခွင်ဝင်ဖို့ပြင်ဆင်နေတဲ့ နည်းပညာနယ်ပယ်က လူငယ်တွေအနေနဲ့ အခုပဲ စာရင်းပေးသွင်းပါဝင်ပြီး Job Fair 2026 အတွက် အသင့်ပြင်နိုင်ပါပြီ။
💼အလုပ်အစမ်းလျှောက်ကြည့်လို့ရမဲ့ Tech Talent Simulation အစီအစဥ်ရှိတဲ့ Tech Job Readiness Pre-Engagement Event
Tech Talent Simulation ဆိုတာ ရိုးရိုး Seminar တစ်ခုမဟုတ်ပါဘူး။ လေယာဉ်မောင်းသင်သူတွေအတွက် Flight Simulator ရှိသလိုမျိုး၊ Tech လောကထဲ Career တစ်ခုကို အခိုင်အမာစတင်ချင်တဲ့လူငယ်တွေအတွက် "အလုပ်ခန့်အပ်မှု ပုံစံတူစမ်းသပ်ပွဲ" တစ်ခု ဖြစ်ပါတယ်။
Frontier Tech Leaders အစီအစဉ်ကနေ UNDP Myanmar ရဲ့ ၂၀၂၆ Job Fair ကြီးမတိုင်ခင် လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေကို လက်တွေ့ကျကျ ရင်ဆိုင်ရယူနိုင်ဖို့ ဒီပွဲလေးကို ပြင်ဆင်ထားပါတယ်။
ဒီအစီအစဥ်မှာ ဘာတွေ ပါဝင်မလဲ?
1️⃣ ကဏ္ဍ ၅ ခု (Banking, Tech Services, Software Development, Cyber Security, FMCG) က HR ပညာရှင်တွေက လက်ရှိစျေးကွက်လိုအပ်ချက်နဲ့အညီ "နမူနာအလုပ်ခေါ်စာများ" ကို
နမူနာထုတ်ပေးပါမယ်။
2️⃣ တက်ရောက်သူတွေကို Group ဖွဲ့ပြီး "Candidate Persona" (နည်းပညာကျွမ်းကျင်သော်လည်း တင်ပြပုံအားနည်းသည့် Persona ) တစ်ခုစီ တာဝန်ပေးအပ်ပါမယ်။
3️⃣AI နဲ့ Digital Tools တွေကို အသုံးပြုပြီး မိမိတို့အဖွဲ့ရဲ့ Candidate အတွက် အကောင်းဆုံး CV ကို အချိန်မီ ဖန်တီးကာ HR များထံ အမှန်တကယ်အလုပ်လျှောက်သကဲ့သို့ ပေးပို့ရမှာပါ ။
4️⃣HR များက အဖွဲ့ ၂ ဖွဲ့ကို ဆန်ခါတင်ရွေးချယ်ပြီး လူကိုယ်တိုင် (သို့မဟုတ်) Online Breakout Rooms များမှတစ်ဆင့် ပုံစံတူ Live အင်တာဗျူး စစ်ဆေးသွားမှာ ဖြစ်ပါတယ် ။
5️⃣ကဏ္ဍတစ်ခုစီအတွက် အကောင်းဆုံးအဖွဲ့တစ်ဖွဲ့ကို ရွေးချယ်ပြီး အမှတ်တရလက်ဆောင်များ ပေးအပ်သွားမှာပါ ။
6️⃣ HR များက CV များအပေါ် အခြေခံပြီး "Tips and Tricks" တွေနဲ့ လက်တွေ့ကျတဲ့ အကြံပြုချက်တွေကို ပရိသတ်အားလုံးအတွက် ပြန်လည်မျှဝေပေးသွားမှာပါ ။
အစီအစဉ်ရဲ့ နောက်ဆုံးအပိုင်းမှာတော့ ရှေ့လာမယ့် ၂၀၂၆ Job Fair မှာ ဘယ်လိုအခွင့်အလမ်းတွေ ရရှိနိုင်မလဲဆိုတာကို ကြိုတင်သိရှိနိုင်မယ့် UNDP Myanmar Job Fair 2026 Preview အစီအစဉ်ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။
🤝 ဒါ့အပြင် Tech Community အချင်းချင်း အချိတ်အဆက်အခွင့်အလမ်းတွေရရှိဖို့အတွက် Networking အစီအစဉ်ကို Refreshment Corner နဲ့အတူစီစဥ်ပေးထားမှာပဲဖြစ်လို့ လာရောက်ပါ၀င်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ပွဲကျင်းပမယ့် အသေးစိတ် အချက်အလက်တွေကတော့
🗓 နေ့ရက်: ၂၀၂၆ ခုနှစ်၊ မတ်လ (၇) ရက်၊ စနေနေ့
🕐 အချိန်: နေ့လယ် ၁:၀၀ နာရီ မှ ညနေ ၅ နာရီ ထိ
📍 နေရာ: Impact Hub Yangon (M-5, Level 3, Kandawgyi Yeikmon Complex, Mingalar Taung Nyunt Tsp, Yangon.)
💻 Hybrid Format: လူကိုယ်တိုင် (သို့မဟုတ်) Online မှတစ်ဆင့်လည်း တက်ကြွစွာ ပါဝင်နိုင်ပါတယ်။
⚠️ လူကိုယ်တိုင်တက်ရောက်မှု စာရင်းပေးသွင်းရန်: [https://forms.gle/dXEpsuG9Vnhn4i2DA] (နေရာအကန့်အသတ် ရှိပါသည်)
အွန်လိုင်းမှ တက်ရောက်မှု စာရင်းပေးသွင်းရန်: [ https://bit.ly/TechEventZoom ]
🚀 ပါ၀င်ဖို့အသင့်ဖြစ်ပြီလား? အခုပဲ စာရင်းပေးလိုက်ပါ။
[English]
Experience a Real-World Hiring Process at the Tech Talent Simulation! 💻
"You’ve got the skills, but do you know how to sell them in a high-stakes interview?"
A Tech Talent Simulation isn't a lecture—it's a "career flight simulator." Just like pilots practice in a simulator before flying a real plane, this event lets you experience the high-pressure hiring process of the tech industry before the actual Job Fair.
Along with the Frontier Tech Leaders Programme, this pre-engagement event to Job Fair 2026 by UNDP Myanmar invites tech youth and graduates to experience something different.
What Will Happen During the Simulation?
1️⃣ HR Professionals from 5 diverse sectors—Banking, Tech Services, Software Development, Cyber Security, and FMCG—will provide "Sample Job Openings" based on current market demands.
2️⃣ Participants will be grouped and assigned a "Candidate Persona," a character who possesses technical skills but lacks professional presentation.
3️⃣ Groups must collaborate to build a winning CV for their assigned persona within a specific time limit using technological tools, such as generative AI, and submit it to the respective company HR.
4️⃣ HR Experts will review submissions and shortlist 2 groups from each sector for a live role-play interview, conducted both in-person and via virtual breakout rooms for online attendees.
5️⃣ One group per sector will be selected and we will award small gifts to the winners.
To conclude the experience, we will host a UNDP Myanmar Job Fair 2026 Preview, offering a forward-looking glimpse into the exclusive opportunities awaiting you at the main event.
This will lead into a dedicated networking session at the refreshment corner, providing a space for informal conversations to strengthen and foster community within our tech network.
Event Details
🗓Date: Saturday, 7 March 2026
🕐 Time: 1:00 PM – 5:00 PM
📍 Venue: Impact Hub Yangon (M-5, Level 3, Kandawgyi Yeikmon Complex, Mingalar Taung Nyunt Tsp, Yangon.)
⚠️ Register for in-person attendance here: [https://forms.gle/dXEpsuG9Vnhn4i2DA]
Limited seats available.
💻 Hybrid Format Zoom Registration Link: https://bit.ly/TechEventZoom
🚀 Are you ready to be a part of the event? Register now.