20/01/2026
“”Hoop King basketball ပြိုင်ပွဲစီစဉ်သူများမှ✨✨
ဧည့်သည်တော်များ၊ ဒိုင်လူကြီးများ၊ ပြိုင်ပွဲဝင် အားကစား
သမားများနဲ့ ပရိသတ်များအားလုံးကို ကျေးဇူးတင်ပါတယ်
ကျင်းပပီးစီးခဲ့တဲ့ ပွဲစဉ်တိုင်းမှာ အားကစားသမားတွေရဲ့
ကြိုးစားအားထုတ်မှု၊ အသင်းအဖွဲ့စိတ်ဓာတ်နဲ့ တက်ကြွမှု
တွေကို မြင်တွေ့ရတာ တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းပြီး
ဂုဏ်ယူမိပါတယ်။
ဒီပြိုင်ပွဲကြီးအောင် မြင်စွာပီးမြောက်အောင်အဓိက ပံ့ပိုး
ကူညီပေးကြတဲ့ Sponsor အသင်းအဖွဲ့များကို
ကျေးဇူးတင်စကား ပြောကြားလိုပါတယ်။
ဒီနေ့ 3 On 3 ပြိုင်ပွဲဟာ ကျွန်တော်တို့ လူငယ်တွေရဲ့
အရည်အချင်းကို ဖော်ထုတ်ခွင့်ရရုံတင်မကဘဲ အချင်းချင်း
ချစ်ကြည်ရင်းနှီးမှုတွေ ရရှိစေခဲ့ပါတယ်။ ဒါဟာ
Sponsorများရဲ့ ရက်ရက်ရောရော ပံ့ပိုးကူညီမှုကြောင့်သာ
ဖြစ်ပါတယ်။ကျွန်တော်တို့ပွဲလေးအခုလို
အကောင်အထည်ပေါ်ဖို့အတွက်ရင်းနှီးမြှုပ်နှံပေးတဲ့
အတွက် အားကစားသမားများအားလုံးကိုယ်စား အထူး
ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်..