UDMY Rector's Cup

UDMY Rector's Cup On the field, we earn everything.

သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)၏ ပါမောက္ခချုပ်ဖလား ဘောလုံးပြိုင်ပွဲဟာဆိုရင်ဖြင့် ယခုဆိုရင် အောင်မြင်စွာပြီးဆုံးသွားပ...
14/07/2025

သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)၏ ပါမောက္ခချုပ်ဖလား ဘောလုံးပြိုင်ပွဲဟာဆိုရင်ဖြင့် ယခုဆိုရင် အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ပါတယ်။
သင်တန်းနှစ်တခုစီမှ အသင်းခြောက်သင်းတို့မှ အုပ်စုအဆင့်၊ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲဆိုပြီး အဆင့်ဆင့်ဖြတ်ကျော်ပြီးချိန်မှာ ၂၀၂၅ခုနှစ်အတွက် champion အသင်းဟာ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။
အားပေးသူပရိသတ်တို့ရဲ့ တခဲနက်အားပေးမှုနှင့်အတူ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)၏ နောက်ဆုံးနှစ် ဘီဒီအက်စ်အသင်းဟာဆိုရင်ဖြင့် အောင်နိုင်သူဆုကို ထိုက်တန်စွာရရှိခဲ့ပြီဖြစ်ပါတယ်။

ဗိုလ်လုပွဲ ပွဲစဉ်နှင့် တဆက်တည်းမှာ ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပခဲ့ရာ
နောက်ဆုံးနှစ် ဘီဒီအက်စ်အသင်းမှ ပထမဆုနှင့် ပါမောက္ခချုပ်ဖလားကိုလည်းကောင်း
စတုတ္ထနှစ် ဘီဒီအက်စ်အသင်းမှ ဒုတိယဆုကိုလည်းကောင်း
အသီးသီးရရှိခဲ့ပြီး
တစ်ဦးချင်းဆုများအနေဖြင့်
စတုတ္ထနှစ် ဘီဒီအက်စ်အသင်း၏ ကျောနံပါတ်(၂၈) မောင်ဇော်ဇော်အောင်မှ အကောင်းဆုံးနောက်တန်းကစားသမားဆုကိုလည်းကောင်း
စတုတ္ထနှစ် ဘီဒီအက်စ်အသင်း၏ ကျောနံပါတ်(၆) မောင်သက်လွင်မောင်မှ အကောင်းဆုံးအလယ်တန်းကစားသမားဆုကိုလည်းကောင်း
တတိယနှစ် ဘီဒီအက်စ်အသင်း၏ ကျောနံပါတ်(၂၂) မောင်အေးကျော်ဆန်းမှ အကောင်းဆုံးရှေ့တန်းကစားသမားဆုကိုလည်းကောင်း
နောက်ဆုံးနှစ် ဘီဒီအက်စ်အသင်း၏ ကျောနံပါတ်(၁) မောင်စွမ်းရည်ထက်မှ အကောင်းဆုံးဂိုးသမားဆုကိုလည်းကောင်း
နောက်ဆုံးနှစ် ဘီဒီအက်စ်အသင်း၏ ကျောနံပါတ်(၆) မောင်တည်ခန့်ဦးမှ ပွဲစဉ်တလျှောက်အကောင်းဆုံးကစားသမားဆုကိုလည်းကောင်း
အသီးသီးရရှိခဲ့ပါတယ်။

အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့ကြသော အသင်းတိုင်းမှ ကစားသမားများနှင့်တကွ တာဝန်ရှိသူများ၊ ကျောင်းသူ/ကျောင်းသားများနှင့် အားလုံးကို ကျေးဇူးတင်ကြောင်းပြောလိုက်ရပါတယ်။
၂၀၂၆ခုနှစ်ရဲ့ ပါမောက္ခချုပ်ဖလား ဘောလုံးပြိုင်ပွဲကို စောင့်မျှော်ရင်း 😁

14/07/2025

Congratulation to our champions
Final B.D.S(UDMY Rector’s Cup winner)

ကျွန်တော်တို့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)၏ ပါမောက္ခချုပ်ဖလား ဘောလုံးပြိုင်ပွဲဟာဆိုရင်ဖြင့် မနက်ဖြန်တွင် ဗိုလ်လုပ...
13/07/2025

ကျွန်တော်တို့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)၏ ပါမောက္ခချုပ်ဖလား ဘောလုံးပြိုင်ပွဲဟာဆိုရင်ဖြင့် မနက်ဖြန်တွင် ဗိုလ်လုပွဲဖြစ်ပါတယ်။
ဗိုလ်လုပွဲ ပွဲစဉ်အပြီးတွင်လည်း ဆုပေးပွဲအခမ်းအနားကျင်းပမှာဖြစ်လို့ သူငယ်ချင်း ညီအစ်ကိုမောင်နှမများကို ပါဝင်အားပေးကြဖို့ မေတ္တာရပ်ခံပါရစေ။
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)၏ ပါမောက္ခချုပ်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို သုဝဏ္ဏ စက်ဘီးအားကစားလေ့‌ကျင့်ရေးကွင်း၌ ၁၄-၇-၂၀၂၅(တနင်္လာနေ့) နေ့လည် ၂:၀၀ အချိန်တွင်ကျင်းပမှာဖြစ်ပါတယ်။
တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့မှလည်း မနက်ဖြန် ညနေတစ်ပိုင်းလုံးကို elective ပေးမှာဖြစ်သည့်အတွက် အတန်းစုံမှ သူငယ်ချင်း ညီအစ်ကိုမောင်နှမများအနေဖြင့် လူစုံတက်စုံဖြင့် မိမိတို့အားပေးလိုသည့်အသင်းကို တခဲနက်အားပေးဖို့ဖိတ်ခေါ်လိုက်ရပါတယ်။

Tomorrow ‼️Photo
13/07/2025

Tomorrow ‼️

Photo

This is it. One last night. One last FIGHT!
13/07/2025

This is it. One last night. One last FIGHT!

11/07/2025

Congratulations to our finalists!
"Fourth B.D.S"

11/07/2025

Congratulations to our finalists!
"Final B.D.S"

Let's give a round of applause for our finalists!
11/07/2025

Let's give a round of applause for our finalists!

11/07/2025
ကျွန်တော်တို့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)၏ ပါမောက္ခချုပ်ဖလားဘောလုံးပြိုင်ပွဲဟာဆိုရင်ဖြင့် အုပ်စုပွဲစဉ်များ ပြီးဆ...
09/07/2025

ကျွန်တော်တို့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)၏ ပါမောက္ခချုပ်ဖလားဘောလုံးပြိုင်ပွဲဟာဆိုရင်ဖြင့် အုပ်စုပွဲစဉ်များ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။
အကောင်းဆုံးကြိုးစားခဲ့ကြသည့် အတန်းစုံက သူငယ်ချင်း ညီအစ်ကိုအားလုံးကိုလည်း အများကြီးချီးကျူးဂုဏ်ပြုလိုက်ရပါတယ်။
ယခုဆိုရင် Semi-final ပွဲစဉ်များအဖြစ်
အုပ်စု(က) ပထမ တတိယနှစ်ဘီဒီအက်စ်အသင်းနှင့် အုပ်စု(ခ) ဒုတိယ နောက်ဆုံးနှစ်ဘီဒီအက်စ်အသင်းတို့က နေ့လည်(၁:၀၀)အချိန်တွင်လည်းကောင်း
အုပ်စု(ခ) ပထမ စတုတ္ထနှစ်ဘီဒီအက်စ်အသင်းနှင့် အုပ်စု(က) ဒုတိယ အလုပ်သင်ဆရာဝန်အသင်းတို့က နေ့လည်(၂:၃၀)အချိန်တွင်လည်းကောင်း
သုဝဏ္ဏ မြက်ခင်းတု ဘောလုံးအားကစားကွင်း၌ ၁၁.၇.၂၀၂၅(သောကြာနေ့)တွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
အတန်းစုံမှ ကစားသမားများနှင့် အားပေးသူပရိသတ်များအနေဖြင့် အားကစားစိတ်ဓာတ်ပြည့်ဝစွာဖြင့် ပါဝင်ပေးကြရန်လည်း မေတ္တာရပ်ခံပါတယ်။
ယှဉ်ပြိုင်ကစားကြမည့် အသင်းများ အကောင်းဆုံးရလဒ်တွေ ဆွတ်ခူးနိုင်ဖို့ Admin team ကလည်း ဆုတောင်းပေးလိုက်ရပါတယ်။

Address

Thanthumar Road
Thingangyun

Alerts

Be the first to know and let us send you an email when UDMY Rector's Cup posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category