Marine Science News,Pathein University

Marine Science News,Pathein University Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Marine Science News,Pathein University, Sports Event, Pathein University, Pathein.

22/01/2026

ဒီပေ့ချ်ကို နားထားတာကြာပါပီ ဒါပေမယ့် ကျောင်းသားဘဝအမှတ်တရအနေနဲ့ထောင်ခဲ့တဲ့ပေ့ချ်ဆိုတော့ အသက်ဝင်သွားအောင်ပို့စ်တွေပြန်တင်ဖို့လည်းရှိပါတယ် အခြား တင်စေချင်တာ အကြံပြုစေချင်တာရှိရင်လည်း comment မှာရေးပေးခဲ့လို့ရပါတယ် 🐬😉

28/06/2023

မြန်မာနိုင်ငံ၌အဏ္ဏဝါဇီဝ၊အဏ္ဏဝါသိပ္ပံဘာသာရပ်အနေဖြင့် ၁၉၇၃ နိုဝင်ဘာလမှ ၂၀၂၃ နိုဝင်ဘာလတွင် အနှစ်၅၀ ပြည့်ခဲ့ပါပြီ။
Marine Biology/Marine Science
(Nov,1973-----Nov,2023)
Golden jubilee
Coming soon

တချိန်က....
11/09/2022

တချိန်က....

Field မဆင်းချင်ဘူးမဆင်းချင်ဘူးနဲ့ (ကျောင်းသားဘဝ)  ဒီလိုအချိန်ရောက်တော့လည်း ပင်လယ်ကြီးကိုမလွမ်းတဲ့သူ ခပ်ရှားရှားရယ် 💙
06/04/2022

Field မဆင်းချင်ဘူးမဆင်းချင်ဘူးနဲ့ (ကျောင်းသားဘဝ) ဒီလိုအချိန်ရောက်တော့လည်း ပင်လယ်ကြီးကိုမလွမ်းတဲ့သူ ခပ်ရှားရှားရယ် 💙

နှစ်သစ်မင်္ဂလာအခါသမယတွင် မြန်မာပြည်သူပြည်သားအပေါင်း ဘေးဘယာကင်းကွာပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၊လိုအင်မှန်သမျှပြည့်ဝပါစေက...
31/12/2021

နှစ်သစ်မင်္ဂလာအခါသမယတွင် မြန်မာပြည်သူပြည်သားအပေါင်း ဘေးဘယာကင်းကွာပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၊လိုအင်မှန်သမျှပြည့်ဝပါစေကြောင်း ဆုတောင်းအပ်ပါသည်။

02/11/2021

အဏ္ဏဝါသိပ္ပံ ဘွဲ့ရများအတွက် .... (2.11.2021)

FYI
23/09/2021

FYI

Are you early in your conservation career and ready to take that next big step towards achieving your goals? Then apply for a CLP Team Award before 10 October, 2021!

Winning a CLP Team Award will offer you multiple benefits, including:

- Up to $15,000 in project funding
- Training in core skills essential for your future career in conservation
- Mentorship from staff working within some of the world's leading conservation organisations
- The chance to become part of a global 3,000-strong network of conservation leaders

If you need help with your application, you can submit it to one of our Alumni Reviewers, who are past recipients of a CLP Award who have volunteered to review your proposal.

All the information you need to apply is available on our website via the link below. Good luck!

https://www.conservationleadershipprogramme.org/grants/grant-overview/

Marine Science
22/09/2021

Marine Science

Why study Marine Science ?????

အဏ္ဏဝါသိပ္ပံဘာသာရပ်ဆိုတာ မည်သည့်အရာကိုလေ့လာတဲ့ဘာသာရပ်ဖြစ်တယ်ဆိုတာ အားလုံးသိပြီး ပြောပြ​ပြီးဖြစ်ပါတယ်။

ဒါဆိုရင် အဏ္ဏဝါသိပ္ပံဘာသာရပ်ကို ဘာကြောင့်လေ့လာကြလဲဆိုတော့.......

တိုတိုနဲ့လိုရင်းပြောရရင် ကျွန်ုပ်တို့နေထိုင်တဲ့ ကမ္ဘာကြီးရဲ့အကြောင်းကို သိချင်နားလည်ချင်လို့ပဲဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ ကမ္ဘာကြီးရဲ့ ၇၁ ရာခိုင်နှုန်းကို ရေထုက ဖုံးလွှမ်းထားပါတယ်။

ပြီးတော့ သက်ရှိဘဝရဲ့ အစဟာ ပင်လယ်သမုဒ္ဒရာကစတင်ခဲ့တယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာကြီးအကြောင်းသိချင်ရင် ပင်လယ်သမုဒ္ဒရာအကြောင်းကစပြီးလေ့လာရမှာဖြစ်ပါတယ်။

ကမ္ဘာကြီးရဲ့ရာသီဥတု ကို ထိန်းညှိပေးထားတာကလည်း ပင်လယ်သမုဒ္ဒရာကြီးပါပဲ။

ဒါ့အပြင် ပင်လယ်သမုဒ္ဒရာကြီးမှ လူသားတွေ အတွက် ထုတ်ယူသုံးစွဲနိုင်တဲ့ အစားအစာ၊ ဆေးဝါး မှအစ စွမ်းအင်နှင့် သယံဇာတအရင်းအမြစ်တွေက တန်ဖိုးမဖြတ်နိုင်အောင်များပြားလွန်းလှပါတယ်။

ဒါကြောင့် ပင်လယ်သမုဒ္ဒရာကြီးဟာ ကမ္ဘာပေါ်မှာရှိရှိသမျှ သက်ရှိတွေရဲ့ အသက်သွေးကြောပါပဲ။

ပင်လယ်သမုဒ္ဒရာကြီးသာ ပျက်စီးသွားခဲ့ရင် ကမ္ဘာကြီးပျက်စီးတာနဲ့အတူတူပါပဲ။

ဒါကြောင့် ပင်လယ်သမုဒ္ဒရာကြီးရဲ့ အကြောင်းကို နားလည်သိရှိအောင်လေ့လာပြီး သယံဇာတများကို ရေရှည်အတွက်ထုတ်ယူသုံးစွဲနိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ဖိို့က အလွန်အရေးကြီးလှပါတယ်။

ဒါဆိုရင်ဖြင့် အဏ္ဏဝါသိပ္ပံဘာသာရပ် ကို ဘာအတွက်ကြောင့် လေ့လာကြလဲဆိုတာ အကျဥ်းအနေနဲ့ နားလည်သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ်။

မှတ်ချက်။ ။ အထက်မှာဖော်ပြထားတဲ့ အကြောင်းအရာတွေက လိုရင်းကို အတိုချုံးဖော်ပြထားခြင်းဖြစ်ပါတယ်။ လိုအပ်သည့်အကြောင်းအရာများ ဖြည့်စွက်လိုသည့် အချက်အလက်များကို comment box မှာ ဝင်ရောက် ဆွေးနွေးပေးဖို့ ​လေးလေးစားစား ဖိတ်ခေါ်ပါရစေ။

28/08/2021

ISP-Myanmar’s Bridge Education Program
__________________________

➤သင်တန်းလျှောက်လွှာရယူရန်
[link] https://www.ispmyanmar.com/burmese/bep-application/

ISP-Myanmar က ယခု လုပ်ဆောင်မည့် “Bridge Education Program” သည် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့် ဆုံးရှုံးနေရသည့် လူငယ်များ၏ ပညာရေးအတွက် တတ်စွမ်းသမျှ ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းခြင်း ဖြစ်ပါသည်။ လူငယ်များ ၏ ပညာရေး တက်လမ်းအတွက် ကြားကာလ ပညာရေးဖြည့်ဆည်းမှုအနေဖြင့် လုပ်ဆောင်ခြင်းလည်း ဖြစ်ပါသည်။

လက်ရှိအချိန်တွင် စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ကိုဗစ်ကပ်ဘေး ရိုက်ခတ်မှုများကြောင့် မြန်မာနိုင်ငံတွင် ပညာသင်ယူခွင့် ဆုံးရှုံးခြင်း အန္တရာယ်ကို ရင်ဆိုင် ကြုံတွေ့ နေကြရသည်။ စစ်ကောင်စီနှင့် မပူးပေါင်း သပိတ်မှောက်ရေး လှုပ်ရှားမှု (CDM) ပါဝင်ခဲ့သည့် ဆရာ-ဆရာမ များစွာကို အာဏာသိမ်း စစ်ကောင်စီက ရာထူးမှ ထုတ်ပစ်ပြီး ဖမ်းဆီးမှုများ၊ ၀ရမ်းထုတ် တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်။ ထိုနည်းတူ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ကျောင်းသား ကျောင်းသူ လူငယ်များကိုလည်း ပစ်ခတ် ဖမ်းဆီးမှုများ၊ ညှဉ်းပန်းနှိပ်စက် ထောင်သွင်းအကျဉ်းချမှုများကို ဆက်တိုက် လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ကျောင်းသား ကျောင်းသူ အများစုသည် အာဏာသိမ်း စစ်တပ်၏ လက်အောက်တွင် ဆက်လက် ပညာဆည်းပူးရန် ဆန္ဒမရှိတော့ပေ။ ထိုအခြေအနေတွင် ကိုဗစ်ကပ်ဘေး၏ ရိုက်ခတ်မှုများကလည်း တပူပေါ် နှစ်ပူဆင့် ဖြစ်စေခဲ့သည်။ လူငယ်များအနေဖြင့်လည်း ပြည်တွင်းနှင့် နိုင်ငံတကာ တက္ကသိုလ်များတွင် ပညာသင်ယူခွင့် ရရှိရန် အခွင့်အလမ်းများ ရှာဖွေခြင်းထက် မိသားစု၏ ကျန်းမာရေးနှင့် လူမှုနေမှုဘ၀ ရှင်သန်ရပ်တည်နိုင်ရေးတို့ အတွက် ဦးစားပေး ရုန်းကန်လာကြရပါသည်။

မည်သို့ပင်ဖြစ်စေ ယခု ရင်ဆိုင် ကြုံတွေ့နေရသော ပြဿနာများစွာအနက် နိုင်ငံ၏ ပဋိပက္ခများ ဖြေရှင်းရေး၊ နိုင်ငံ တည်ဆောက်ရေး (State-building) နှင့် ပြည်ထောင်စု ကြန်အင်လက္ခဏာ တည်ဆောက်ရေး (Nation-building) အစရှိသော ဖြစ်စဉ်များတွင်လည်း လူငယ်ထု၏ တွေးဆ မျှော်မှန်းနိုင်မှု စွမ်းရည်နှင့် ဆန်းစစ် အဖြေရှာခြင်း စွမ်းရည်တို့က အရေးပါလျက် ရှိပြီး လိုအပ်မှုများလည်း ရှိနေသည်။ ထို့ကြောင့် လူငယ်တဦးချင်းစီ၏ ပညာသင်ယူခွင့်ရနိုင်ရေးသည် နိုင်ငံတည်ဆောက်ရေး ဖြစ်စဉ်အတွက် အလွန် အရေးကြီးလှပါသည်။

⑉⑉⑉⑉⑉⑉

❏ သင်ယူလေ့လာနိုင်မည့် ဘာသာရပ်များ

▲ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု
(Academic Skills)

နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ် ပညာရေးတွင် စနစ်တကျ ဆန်းစစ်ဝေဖန် တွေးခေါ်ခြင်း၊ တွေ့ရှိချက်များကို နည်းနာ နိဿယများနှင့်အညီသုံးသပ် တင်ပြခြင်းတို့အတွက် ပညာရပ်ဆိုင်ရာ စာပေများ ဖတ်ရှုပုံ၊ ပြောဆို တင်ပြပုံနှင့် ရေးသားပုံဆိုင်ရာ အရည်အချင်းများ မဖြစ်မနေ လိုအပ်ပါသည်။ ဤအရည်အချင်းများ ပြောင်မြောက်အောင် သွေးခွင့်ရပါမည်။


▲ သုတေသန မိတ်ဆက်
(Research Introduction)

စစ်အာဏာသိမ်းမှုကို ရင်ဆိုင်ခဲ့ရသည့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု နွေဦး တော်လှန်ရေးနှင့်အတူ လူမှုလေ့လာမှုများ (social inquiries) ပို၍ လိုအပ်ပါမည်။ အခြေခံ သုတေသန လုပ်ထုံး လုပ်နည်း၊ စနစ်များကို လေ့လာ လေ့ကျင့်ခြင်းဖြင့် အဓိက ကျသည့် ပြဿနာများအပေါ် လက်တွေ့ကျကျ ချဉ်းကပ် နိုင်မည် ဖြစ်သကဲ့သို့၊ ပညာရပ် ဆိုင်ရာ ဆက်လက် ဆည်းပူးမှုများအတွက် အခြေခံကောင်း ဖြစ်ပါလိမ့်မည်။

▲ အင်္ဂလိပ်စာ အဆင့်မြင့်သင်တန်းများ
(English Language Skills)

ရေးသား တင်ပြခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းများကို ပိုင်နိုင်စွာ ပြုလုပ်နိုင်ရန် အတွက် အင်္ဂလိပ်စာ ကျွမ်းကျင်မှုသည် အခြေခံ လိုအပ်ချက်တခု ဖြစ်ပါသည်။ ဤအစီအစဉ်တွင် တက္ကသိုလ် ပညာရေး အတွက် ဦးတည်သည့် အင်္ဂလိပ်စာ အရေး၊ အပြောတို့ကို လေ့လာရမည် ဖြစ်သည်။

▲ ပဋိပက္ခ နှင့် ငြိမ်းချမ်းရေးလေ့လာမှု
(Conflict and Peace Studies)

စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ရှုပ်ထွေး ခက်ခဲသည့် မြန်မာ့နိုင်ငံရေး ပဋိပက္ခအပေါ် ပို၍လေ့လာ ဆန်းစစ်နိုင်ရန် လိုအပ်ပါမည်။ ပဋိပက္ခများ မည့်သည့် အတွက်ကြောင့် ဖြစ်ရသနည်း၊ မည်မျှ သက်ဆိုး ရှည်နေတတ်သနည်း၊ ပြေလည်အောင် ဖြေရှင်းနိုင်ရေးအတွက် မည်သို့ အားထုတ် ကြသနည်း၊ မည်ကဲ့သို့ အဆုံးသတ် သွားကြသနည်း စသဖြင့် ပညာရပ်ဆိုင်ရာ သဘောတရားများ၊ ယူဆချက်များ၊ နှိုင်းယှဉ် လေ့လာအပ်သည့် ဖြစ်ရပ်များကို လေ့လာ သင်ယူကြရပါမည်။ ပဋိပက္ခနှင့် ပဋိပက္ခဖြေရှင်းရေး ပညာရပ် ရှုထောင့်မှ ရှုပ်ထွေး ပွေလီသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု နောက်ခံများကို လေ့လာရန်၊ ခွဲခြမ်း သုံးသပ်ရန် လိုအပ်မည် သာမက၊ မည်သို့မည်ပုံ တိုးတက် အသွင်ပြောင်းမည်ကိုလည်း မြော်မြင် ကြည့်ရန်လိုအပ်ပါသည်။ အထူးသဖြင့် နိုင်ငံတည်ဆောက်ရေး (State-building) နှင့် ပြည်ထောင်စု ကြန်အင်လက္ခဏာ တည်ဆောက်ရေး (Nation-building) အမြင်များကိုလည်း လေ့လာရပါလိမ့်မည်။

▲ စီးပွားရေးဆိုင်ရာ တွေးခေါ်မှု
(Economic ways of thinking)

စီးပွားရေးပညာ အခြေခံ မိတ်ဆက် လေ့လာမှု ဖြစ်ပါသည်။ စီးပွားရေးနှင့် ပတ်သက်၍ ရှားပါးသည့် ရင်းမြစ်များကို စီမံကြရာ၌ လူတစ်ဦးချင်း၊ လုပ်ငန်းတခုချင်းနှင့် အစိုးရများက မည်သို့ ဆုံးဖြတ်ကြသည်၊ မည်သို့ သော မူဝါဒများ ချမှတ်ကြသည်ကို လေ့လာနိုင်ပါမည်။ ခေတ်ပြိုင် စီးပွားရေးဆိုင်ရာ တွေးခေါ်မှုများနှင့် မူဝါဒများ၊ အထူးသဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ ထူးခြား ကြောင်းချက်များကို လေ့လာနိုင်မည် ဖြစ်သည်။

⑉⑉⑉⑉⑉⑉

❏ သင်တန်းကြာမြင့်ချိန်

သင်တန်းကာလမှာ ရက်သတ္တပတ် ၁၂ ပတ် ကြာမြင့်မည် ဖြစ်ပါသည်။ တရက်လျှင် နှစ်နာရီနှင့် တပတ်လျှင် ငါးရက် တက်ရောက်ရမည် ဖြစ်ပါသည်။

⑉⑉⑉⑉⑉⑉

❏ သင်ကြားမှုပုံစံနှင့် သင်တန်းသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှု

အွန်လိုင်းမှ တဆင့် သင်ကြားပေးပါမည်။ ISP-Myanmar ၏ Bridge Education Program က လက်ရှိ ရင်ဆိုင် ကြုံတွေ့နေရသည့် ထူးခြား အခြေအနေကို အပြည့်အဝ အသိအမှတ်ပြုပါသည်။ ပါဝင် တက်ရောက်သူ တဦးချင်း၏ ပုဂ္ဂိုလ် ရေးလုံခြုံမှု (learners’ personal information, privacy and security) ကို အလေးထားသွားပါမည်။

ထို့အတူ စဉ်ဆက် မပြတ် ဆက်သွယ်နိုင်မှု (connectivity)၊ ပညာရပ် ဝန်းကျင် (academic environment) နှင့် ကျား-မ လိင် စိတ် ခံယူမှုဆိုင်ရာ တန်းတူရေး (gender) တို့ကို အလေးပေး ဆောင်ရွက်သွားပါမည်။ ရုတ်ချည်း ပြောင်းလဲသွားသည့် ဝရုန်းသုန်းကား အခြေအနေ (Great disruption) မှ ပြန်လည် ထူထောင်ရေး (Recovery) သို့ ပံ့ပိုး ဖြည့်ဆည်းရန် ရည်ရွယ် ထားပါသည်။ အရှိန်အဟုန်ဖြင့် ခြေခြေမြစ်မြစ် အပြောင်းအလဲ (Transformation) ကိုမူ သင်ကြားသူ၊ သင်ယူသူနှင့် လူမှု အဖွဲ့ အစည်းတရပ်လုံးက အားထုတ် ရုန်းကန်ကြရမည်သာ ဖြစ်ပါသည်။

⑉⑉⑉⑉⑉⑉

❏ တက်ရောက်နိုင်မည့် သူများ

အသက် ၁၈ နှစ် မှ ၃၀ နှစ် အထိ တက္ကသိုလ် ပညာရေးအဆင့် ဒုတိယနှစ်အထိ တက်ရောက်ဖူးသူ မည်သူမဆို လျှောက်ထား နိုင်ပါသည်။ လျှောက်ထားသူများအနက်မှ ပထမ အသုတ်အနေဖြင့် လူဦးရေ ၃၀ဦးကိုသာ ရွေးချယ်သွားမည်ဖြစ်သည်။ သင်တန်းကြေးပေးရန် မလိုအပ်ပါ။

⑉⑉⑉⑉⑉⑉

❏ လျှောက်ထားရန်လိုအပ်ချက်များ

လျှောက်လွှာကို https://www.ispmyanmar.com/burmese/bep-application/ တွင် ရယူနိုင်ပြီး စက်တင်ဘာလ ၁၅ ရက် နောက်ဆုံးထား၍ [email protected] သို့ ပေးပို့ လျောက်ထား နိုင်ပါသည်။ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော လျှောက်လွှာ ပုံစံတွင်လည်း တိုက်ရိုက်ဖြည့်စွက်၍ လျှောက်ထားနိုင်ပါသည်။ ပဏာမ ရွေးချယ်ခံရသူများအား လူတွေ့မေးမြန်းမှုကို အွန်လိုင်းဖြင့် ပြုလုပ်နိုင် ရန်အတွက် ဆက်သွယ်သွားမည် ဖြစ်သည်။

07/08/2021

Calling for Fundraisers!
ဧရာဝတီမြစ်ကမ်းဘေးမှ လင်းပိုင်များနှင့် အတူပူးပေါင်းငါးဖမ်းသည့် လင်းပိုင်များကို ထိန်းသိမ်းပေးနေသူ ရေလုပ်သားကြီးများအား ကိုဗစ်ရောဂါပြန့်ပွားနေချိန်တွင် ကူညီထောက်ပံ့ပေးရန်အတွက် Fundraising Manager စေတနာ့ဝန်ထမ်းအလုပ်ခေါ်ယူခြင်း
လက်ရှိအချိန်တွင် Nature Advocacy အဖွဲ့မှ Young Southeast Asian Leadership Initiative (YSEALI) မှ ပေးသော ဆုငွေကို အသုံးပြု၍ ဧရာဝတီလင်းပိုင်နှင့် လက်ပစ်ကွန်ရေလုပ်သား ပူးပေါင်းငါးဖမ်းသည့် အလေ့အထ (Cooperative Fishing) အား ဒြပ်မဲ့ယဉ်ကျေးမှု (Intangible Cultural Heritage) အဖြစ် UNESCO တွင် စာရင်းတင်သွင်းနိုင်ရန် ကွင်းဆင်းလေ့လာမှုများကို ယခုအပတ်မှစ၍ ပဏာမအဆင့် စတင်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် လင်းပိုင်နှင့်အတူပူးပေါင်းငါးဖမ်းသည့် ကျေးရွာများဖြစ်သော အင်ဒေါင်း၊ မြစ်ကမ်းကြီး၊ မြေစွန်း၊ ဆင်ကျွန်း စသည့်ရွာများတွင် ကိုဗစ်ရောဂါပြန့်ပွားလျက်ရှိသည်ကို စိုးရိမ်ဖွယ် တွေ့ရှိရပါသည်။ ထို့ကြောင့် လင်းပိုင်ကာကွယ်သူရေလုပ်သားများကို ကွင်းဆင်းရင်း တစ်လက်ဆထဲ အထောက်အပံ့ပေးရန်အတွက် Fundraiser တစ်ခုဆောင်ရွက်လိုပါသည်။ ၎င်း Fundraiser တွင် ဦးဆောင် အလှူခံပေးမည့် Fundraising manager များ အလိုရှိပါသည်။
လိုအပ်သည့်အရည်အချင်းများ
-ပေါင်းသင်းဆက်ဆံရေးပြေပြစ်ရမည်
-အလှူရှင်များမှ မေးမြန်းသမျှကို စိတ်ရှည်လက်ရှည်ဖြေဆိုနိုင်ရမည်။
-social media ကျွမ်းကျင်စွာအသုံးချနိုင်ပြီး၊ facebook ပေါ်တွင် like များများ၊ share များများရအောင် ရေးသားနိုင်သည့် အတွေ့အကြုံရှိရမည်။
-ဘဏ်ပေါင်းစုံတွင် ငွေစာရင်းရှိပြီး CB, AYA, Wave Money, KBZpay စသည့် ငွေအပေးအယူ application များကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်။
-အခြား အလားတူ ကိစ္စရပ်များနှင့် ပတ်သက်၍ ဦးဆောင် အလှူခံပေးဖူးသည့် အတွေ့အကြုံရှိသူများကို ဦးစားပေး စဉ်းစားသွားမည်။
စေတနာ့ဝန်ထမ်း position ဖြစ်ပြီး August လကုန်အထိသာ (အိမ်မှာနေရင်း) ကူညီအလှူခံပေးရမည်။
ပူပေါင်းကူညီသော စေတနာ့ဝန်ထမ်းများအား အောက်ပုံပါ Appreciation Certificate များပေးအပ်သွားမည်။ အထူးသဖြင့် နိုင်ငံခြားထွက် အလုပ်လျှောက်၊ ကျောင်းလျှောက်လိုသူများအနေဖြင့် စနစ်တကျ အလှူခံတတ်အောင် အတွေ့အကြုံရရှိစေမည့် အခွင့်အရေးဖြစ်သည်။

လျှောက်ထားလိုသူများအနေဖြင့် [email protected] သို့ CV နှင့် လျှောက်ထားရသည့် ရည်ရွယ်ချက်ကို email ပို့၍ လျှောက်ထားနိုင်သည် (page chatbox မှ လျှောက်၍မရပါ)
Artwork credit to Min Khant Kyaw

06/08/2021

1.Microbiology officer- M/F (1)Post

Requirement
• University Graduate in Microbiology (or) Biotechnology related science
• Knowledgeable in GLP guidelines
• Familiar with MS Office application & fluency in English will be an asset.
• Certainly a plus for applicants submitted the recommendation letter of professor or outstanding evidence documents or experience documents.
• Candidates living in Thanlyin will be preferable

Responsibility
• To analyze the samples received in Quality Control Laboratory and to report the actual results observed to Manager.
• To understand and follow Good Laboratory Practices in the Quality Control Department

Work Location - Thilawa SEZ (Lunch & Ferry Provided)
Salary - Negotiable
If you are interested, send your perfect CV to [email protected] not later than 11.08.2021.
Only shortlisted candidate will be contacted for Interview

This page 👇
https://www.facebook.com/Zifam-Pyrex-Myanmar-121282175933373/

A Joint Venture Partnership of Zifam Pinnacle Australia and Pyrex Trading Co Ltd Myanmar
Dedicated

Address

Pathein University
Pathein

Website

Alerts

Be the first to know and let us send you an email when Marine Science News,Pathein University posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category