29/08/2026
ပင်လယ်ထဲမှာ ရေကူးဖို့ ကြောက်နေပါသလား? ဒါက Athlete တိုင်းနီးပါး ခံစားဖူးကြတဲ့ ခံစားချက်ပါ။
Race Course ကို ကြိုတင်သိထားခြင်း၊ Safety Procedures တွေကို နားလည်ထားခြင်းနဲ့ အကူအညီလိုအပ်တဲ့အချိန်မှာ ဘယ်နေရာမှာ အကူအညီရနိုင်မလဲဆိုတာ သိထားခြင်းက ပြိုင်ပွဲကို ပိုမိုလုံခြုံစိတ်ချစွာ ဖြတ်သန်းနိုင်ဖို့ အရေးကြီးပါတယ်။
1. SWIM WITH YOUR BUOY
Swim Buoy နဲ့အတူ ရေကူးပါ။ Open Water ထဲမှာ ရေကူးတဲ့အခါ expo day နေ့မှာ race kits တွင်ပေးထားသော Swim Buoy ကိုမဖြစ်မနေသုံးပေးရပါမယ်။ ထို swim buoy က သင့်ကို ပိုမိုမြင်သာစေဖို့အတွက် ကူညီပေးပါတယ်။ ရေကူးနေစဉ် Swim Buoy ကို ကိုယ်နဲ့အတူ အမြဲရှိနေစေရန် အတွက် ခါးတွင်ချိတ်ထားပါ။ Safety Team တွေအတွက်လည်း သင့်တည်နေရာကို ပိုမိုလွယ်ကူစွာ မြင်နိုင်စေပြီး၊ နားချင်တဲ့အချိန်မှာလည်း Swim Buoy ကို ကိုင်ပြီး အနားယူနိုင်ပါတယ်။
2. STAY ON COURSE.
ကြည့်ပါ။ လမ်းကြောင်းအတိုင်း လိုက်ပါ။ Course ထဲမှာနေပါ။ ရှေ့ကို မကြာခဏကြည့်ပြီး Sighting Buoy ကို ရှာပါ။ သတ်မှတ်ထားတဲ့ Race Line အတိုင်း ရေကူးပြီး Course အပြင်ကို မထွက်သွားအောင် သတိထားပါ။ ရှေ့က Athlete ကိုကြည့်ပြီး လိုက်မကူးဘဲ ကိုယ့်ရဲ့ Course Direction ကို သေချာကြည့်ပြီး ရေကူးပါ။
3. YOU ARE NOT ALONE.
Safety အတွက် Stand Up Paddle Board Lifeguards and swim marshals တွေက သင့်အနီးမှာ အမြဲရှိနေပါတယ်။ သင့်ရဲ့ Swim Course တစ်လျှောက်မှာ Stand Up Paddle Board Lifeguards နဲ့ Swim Marshals တွေက Athlete တွေကို စောင့်ကြည့်ပြီး လိုအပ်တဲ့အချိန်မှာ အကူအညီပေးဖို့ အသင့်ရှိနေမှာ ဖြစ်ပါတယ်။ လိုအပ်ပါက အရေးပေါ်အကူအညီပေးနိုင်ရန် Rescue Boats တွေလည်း Course ပေါ်မှာ ရှိနေမှာဖြစ်ပါတယ်။ အကူအညီလိုအပ်လာတဲ့အချိန်မှာ သင့်အနီးအနားမှာ အကူအညီပေးနိုင်မယ့် Medic and Safety Team ရှိနေမှာဖြစ်ပါတယ်။
4. SWIM WITH COMFORT.
နားလို့ရပါတယ်။ ရေကူးနေရင်း မောလာတာ၊ အသက်ရှူမဝတာ ဒါမှမဟုတ် ခဏနားချင်တာမျိုး ဖြစ်လာရင်နားလို့ရပါတယ်။ Swim Buoy ကို ကိုင်ထားပြီး ခဏနားပါ။ အသက်ရှူတာကို ပုံမှန်ပြန်ဖြစ်အောင်လုပ်ပါ။ အဆင်သင့်ဖြစ်တဲ့အချိန်မှ ပြန်လည်ရေကူးပါ။ လိုအပ်ပါက Standard Paddle Board ကိုလည်း ကိုင်ပြီး ခဏနားနိုင်ပါတယ်။ အလျင်လိုစရာမလိုပါဘူး။ သင့်ရဲ့ Safety က အရေးကြီးဆုံးပါ။
5. KNOW THE COURSE.
Swim Course ကို သိထားပါ။ သတ်မှတ်ထားတဲ့ Swim Corridor အတွင်းမှာပဲ ရေကူးပါ။ Sighting Buoy ရဲ့ ဘယ်ဘက်ခြမ်းကနေ ရေကူးပါ။ ရေကူးနေစဉ် Sighting Buoys နဲ့ Lifeguards ကြားမှာပဲ ရေကူးရမှာဖြစ်ပါတယ်။ SUP Lifeguards ကို ကျော်ပြီး အပြင်ဘက်ကို ရေကူးမသွားရပါ။ အကယ်၍ သတ်မှတ်ထားတဲ့ Line ကို ကျော်သွားခဲ့ပါက Lifeguard မှ Whistle အသုံးပြုပြီး သတိပေးမှာဖြစ်တဲ့အတွက် စိတ်ချစွာကူးလို့ပါတယ်။
Whistle သံကြားပါက သင့်ရဲ့ Direction ကို ပြန်လည်စစ်ဆေးပြီး သတ်မှတ်ထားတဲ့ Swim Course အတွင်းကို ပြန်လည်ဝင်ရောက်ပါ။ ပြိုင်ပွဲမစခင် Course ကို သိထားပါ။
Safety Zone ကို နားလည်ထားပါ။ မြင်သာအောင်နေပါ။ ကိုယ့်ရဲ့ Limit ကို သိထားပါ။ အကူအညီလိုအပ်ရင် အကူအညီတောင်းဖို့ မတွန့်ဆုတ်ပါနဲ့။ သင့်ရဲ့ ပြိုင်ပွဲကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့ အမြန်ဆုံးရေကူးနိုင်ဖို့ထက် လုံခြုံစွာ ရေကူးနိုင်ဖို့က ပိုအရေးကြီးပါတယ်။
Nervous about open water? Almost every athlete has felt it. At Titan, you're never left alone out there.
1. SWIM WITH YOUR BUOY
When swimming in open water, always use the Swim Buoy provided in your race kit.
Your Swim Buoy helps make you more visible in the water, making it easier for our Safety Team to spot you during the race.
Make sure the Swim Buoy is securely attached around your waist and stays with you throughout your swim.
If you need to take a short break, you can hold onto your Swim Buoy and rest while staying visible and supported.
2. STAY ON COURSE
Look. Follow the course. Stay within the course.
Sight regularly and look for the Sighting Buoys to make sure you are heading in the right direction.
Follow the designated Race Line and stay within the marked swim course.
Do not simply follow the athlete in front of you. Always check your own direction and make sure you are swimming along the designated course.
3. YOU ARE NOT ALONE
Your safety is our priority.
SUP Lifeguards and Swim Marshals will be positioned along the swim course to monitor athletes and provide assistance whenever needed.
Rescue Boats will also be on the course and ready to respond in case of an emergency.
If you need help, our Medical and Safety Teams are nearby and ready to assist you.
If you need help, don't hesitate to ask.
4. SWIM WITH COMFORT
It's okay to take a break.
If you feel tired, short of breath, or simply need a moment to rest, slow down and take a break.
Hold onto your Swim Buoy and allow yourself to recover. Focus on returning to a comfortable, steady breathing rhythm before continuing your swim.
If needed, you can also hold onto a SUP Paddle Board and rest for a moment.
There is no need to rush. Your safety comes first.
5. KNOW THE COURSE
Know your Swim Course before the race begins. Stay within the designated Swim Corridor throughout your swim.
Follow the course according to the race briefing and stay on the correct side of the Sighting Buoys.
Stay within the designated area between the Sighting Buoys and SUP Lifeguards.
Do not swim beyond the SUP Lifeguards or outside the designated course. If you move outside the designated course, a Lifeguard may use a whistle to alert you.
When you hear the whistle, check your direction and return to the designated Swim Course.
BEFORE YOU START
Know the course.
Understand the Safety Zones.
Stay visible.
Know your limits.
And never hesitate to ask for help when you need it.
To have your best race, swimming safely is more important than swimming fast.
Stay safe. Swim smart. Become TITAN.
Registration Link : https://eventickat.com/titan-ngwe-saung
Hotline : 09677988529