Jindallae Choir & Orchestra

Jindallae Choir & Orchestra Jindallae Choir Starting in 2008

✨ Jindallae Choir Summer Music Class 2026 ✨Jindallae Choir & Orchestra အဖွဲ့မှ ကျင်းပပြုလုပ်သော Summer Music Class ကို မ...
12/05/2026

✨ Jindallae Choir Summer Music Class 2026 ✨

Jindallae Choir & Orchestra အဖွဲ့မှ ကျင်းပပြုလုပ်သော Summer Music Class ကို မေလ (၁၀)ရက်နေ့တွင် ဝမ်းမြောက် ပျော်ရွှင်ခြင်းနှင့်အတူ အောင်မြင်စွာ ပြီးမြောက်နိုင်ခဲ့ပါသည်။ 🎶💛
Summer Music Class အတွင်းမှာ ကလေးများ၏ အရည်အချင်း၊ ယုံကြည်မှု၊ ဂီတအပေါ် ချစ်ခြင်းများ ပိုမိုတိုးတက်လာခဲ့ပြီး ပျော်ရွှင်စရာ အမှတ်တရများစွာကိုလည်း အတူဖန်တီးနိုင်ခဲ့ကြပါသည်။ 🌟

ပါဝင်သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများ၊ အမြဲအားပေးကူညီခဲ့သော မိဘများနှင့် အကောင်းဆုံး ကြိုးစားပေးခဲ့သော သားသားမီးမီးများ အားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ 🙏💕
Music နဲ့အတူ အိပ်မက်တွေ ဆက်လက်ပျံသန်းနိုင်ကြပါစေ… 🎼✨

နွေရာသီကျောင်းပိတ်ရက်၏ ဂီတမှတ်တိုင်တစ်ခုဆီသို့ ဖိတ်ခေါ်ခြင်း🎶နွေရာသီတစ်လျှောက်လုံး ကြိုးစားအားထုတ်ခဲ့ကြတဲ့ ကလေးငယ်တွေရဲ့...
09/05/2026

နွေရာသီကျောင်းပိတ်ရက်၏ ဂီတမှတ်တိုင်တစ်ခုဆီသို့ ဖိတ်ခေါ်ခြင်း🎶
နွေရာသီတစ်လျှောက်လုံး ကြိုးစားအားထုတ်ခဲ့ကြတဲ့ ကလေးငယ်တွေရဲ့ တေးသံသာများနဲ့အတူ ဂီတဖျော်ဖြေမှုတွေကို နားဆင်ခံစားဖို့ အချိန်ရောက်ရှိလို့လာပါပြီ။ 🎼
Jindallae Choir ရဲ့ "Summer Music Class" မှာ သင်ယူခဲ့ကြတဲ့ ပညာရပ်တွေကို တင်ဆက်ပြသမယ့် ပိတ်ပွဲအခမ်းအနားလေးကို လာရောက်အားပေးဖို့ ချစ်ခင်ရပါသော မိဘပြည်သူများနဲ့ ဂီတချစ်သူများကို နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။
📅 နေ့ရက်: မေလ (၁၀) ရက်၊ ၂၀၂၆
🕑 အချိန်: မွန်းလွဲ ၂:၀၀ နာရီ မှ ညနေ ၄:၁၅ နာရီအထိ
📍 နေရာ: အမှတ် ၆-ဒီ၊ နံ့သာနီလမ်း၊ နံ့သာကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။
ကလေးငယ်များ၏ တေးသံသာများနဲ့အတူ လှပတဲ့ နွေဦးညနေခင်းလေးကို အတူတူ ဖြတ်သန်းကြရအောင်။ 🌸✨

ဒီနှစ်သင်္ကြန်မှာ Jindallae Choir & Orchestra အဖွဲ့သားတွေက အားရပါးရ သီဆိုတီးခတ်ပြီး နှစ်သစ်ကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့...
20/04/2026

ဒီနှစ်သင်္ကြန်မှာ Jindallae Choir & Orchestra အဖွဲ့သားတွေက အားရပါးရ သီဆိုတီးခတ်ပြီး နှစ်သစ်ကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြပါတယ်။ချစ်ရ‌တဲ့ မိတ်ဆွေတို့ရော ဘယ်လိုဖြတ်သန်းခဲ့ကြပါသလဲ ? ဆိုတာ ဝေမျှပေးသွားကြပါဦးနော် 🥰🥰

12/04/2026

✨ ASEAN Rice Trade Summit (ARTS) 2026 – Event Highlights ✨
မြန်မာနိုင်ငံ ဆန်းစပါးအသင်း (MRF) ရဲ့ ပွဲမှာ Jindallae Choir & Orchestra အဖွဲ့တစ်ခုလုံးရဲ့ စည်းလုံးညီညွတ်မှု၊ ကြိုးစားအားထုတ်မှုနဲ့ ပျော်ရွှင်မှုတွေကို တစ်နေရာတည်းမှာ ထုတ်ဖော်ပြသခွင့်ခဲ့ရပါတယ်။
🌾 Together we grow
🌾 Together we shine

Our journey, Our pride, Our moment.

Eater Cantata 👉 Were You There  ကို   ဧပြီလ (၅) ရက်နေ့တွင်  ရန်ကုန်မြို့ အင်းစိန်မှာ အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။Jindall...
08/04/2026

Eater Cantata 👉 Were You There ကို
ဧပြီလ (၅) ရက်နေ့တွင် ရန်ကုန်မြို့ အင်းစိန်မှာ အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။

Jindallae Choir အဖွဲ့မှ ယေရှုခရစ်တော်၏ ချစ်ခြင်းမေတ္တာ၊ စွန့်လွှတ်အနစ်နာခံမှုနဲ့ ရှင်ပြန်ထမြောက်မှုကို အသက်ဝင်သော ဖျော်ဖြေမှု၊ စိတ်နှလုံးသားဖြင့် သီဆိုဖျော်ဖြေခဲ့ရာ ကြည့်ရှုသူ ဧည့်ပရိသတ်ပေါင်း (1000) ကျော်ဆီသို့ ဝမ်းမြောက်ခြင်း၊ ပျော်ရွှင်ခြင်းများ ကူးစက်စေကာ ကျေးဇူးတော်ပြည့်ဝသော နေ့လေးတစ်နေ့ ဖြစ်ခဲ့ပါတယ်။
စိတ်ဝင်စားမှုနဲ့ ချစ်ခြင်းမေတ္တာတွေအတွက် ကျေးဇူးတင်ပါတယ်~🥰

04/04/2026

အားလုံးပဲ မနက်ဖြန် မှာ ဆုံကြမယ်နော်🥰🥰

“Were You There” ✨ရှင်ပြန်ထမြောက်ခြင်း၏ အဓိပ္ပါယ်ကို ဂီတ၏အမြင့်မားဆုံး ဖျော်ဖြေမှုနှင့်အတူ  မြင်တွေ့ခွင့်ရပြီး သင့်စိတ်န...
25/03/2026

“Were You There” ✨

ရှင်ပြန်ထမြောက်ခြင်း၏ အဓိပ္ပါယ်ကို ဂီတ၏အမြင့်မားဆုံး ဖျော်ဖြေမှုနှင့်အတူ မြင်တွေ့ခွင့်ရပြီး
သင့်စိတ်နှလုံးထဲတွင် မျှော်လင့်ခြင်းများစွာဖြင့် အသစ်တဖန် ပြန်လည်ခံစား‌နိုင်‌စေမယ့်
Easter Cantata 🎶

📅 April 5th, 2026 (Sunday)
🕝 2:30 PM
🎟 Ticket – 50,000 MMK

📞 09-454 592 124




18/03/2026

တစ်ခါတုန်းက အိပ်မက်လို လှပတဲ့ ကမ္ဘာတစ်ခု ရှိခဲ့တယ်လို့ ထင်ဖူးလား…✨
“နာကျင်တဲ့ ဘဝထဲကနေ လှပတဲ့ အိပ်မက်ဘဝကို မျှော်လင့်နေတဲ့ စိတ်” ကို ဖော်ပြထားတဲ့ နာမည်ကျော် (JEKYLL & HYDE MUSICAL) မှ "Once Upon A Dream"
သီချင်းလေးကို Jindallae Choir အဖွဲ့မှ Soprano အဆိုရှင် Thander Khant မှ လှပစွာ ပြန်လည်
သီဆိုထားတာ ဖြစ်ပါတယ်။
👉 အပြည့်အစုံကို Jindallae Official ▶️ YouTube channel မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင့်
https://youtu.be/mvOFoCb6yGs?si=sW__todMN0pD7ALN






17/03/2026

Easter Day ရောက်တော့မယ်နော်
သခင်ယေရှုရဲ့ ချစ်ခြင်းမေတ္တာ ဘာနဲ့မှ တန်ဖိုး ဖြတ်လို့မရတဲ့ အနှိုင်းမဲ့ မေတ္တာပါ။
Jindallae Choir ရဲ့ ဖျော်ဖြတင်ဆက်မှုကို စောင့်မျှော်အားပေးကြပါဦးရှင့် 🎉🎉

Jindallae Choir & Orchestra အဖွဲ့ မှ တန်ဖိုးရှိလှတဲ့ နွေရာသီ ကျောင်းပိတ်ရက်ကိုအကျိုးရှိရှိ အသုံးချနိုင်ရန် အတွက် ကလေးငယ်...
09/03/2026

Jindallae Choir & Orchestra အဖွဲ့ မှ တန်ဖိုးရှိလှတဲ့ နွေရာသီ ကျောင်းပိတ်ရက်ကိုအကျိုးရှိရှိ အသုံးချနိုင်ရန် အတွက် ကလေးငယ်များအား Summer Music Kids Class ကို အပတ်စဉ် စနေမှ တနင်္ဂနွေနေ့အထိ March 8 ~ May 10 အထိ စတင်ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။ ယခု အပတ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ကလေးငယ်များ၏ စိတ်လှုပ်ရှားပြီး ပျော်ရွှင်စွာ ပါဝင်နေသည့် လှုပ်ရှားမှု မှတ်တမ်းများအား တင်ပေးလိုက်ပါတယ် ~~~ 🥰🥰 အားလုးပဲ ဝမ်းမြောက်စွာ အားပေးကြပါဦး🙋🙋

🎶 Kid’s Summer Music Class 2026 🎶နွေရာသီအားလပ်ချိန်ကို အကျိုးရှိရှိ အသုံးချချင်တဲ့ သားသားမီးမီးများအတွက် အထူးစီစဉ်ထားတဲ့...
03/03/2026

🎶 Kid’s Summer Music Class 2026 🎶
နွေရာသီအားလပ်ချိန်ကို အကျိုးရှိရှိ အသုံးချချင်တဲ့ သားသားမီးမီးများအတွက် အထူးစီစဉ်ထားတဲ့ Music Class လေးကို ဖိတ်ခေါ်လိုက်ပါတယ်။

🎵 Music ကို စနစ်တကျ သင်ယူနိုင်ပြီး
🎻🪈တူရိယာများကို လက်တွေ့တီးခတ်သင်ယူနိုင်တဲ့
ပျော်စရာကောင်းတဲ့ Summer Music Program ဖြစ်ပါတယ်။

📚 Subjects
• Dance
• Violin
• Ukulele
• Recorder
• Flute
• Korean Language
• Music Theory
• Mind Lecture

📅 Class Duration
Mar 7 – May 10
Every Saturday & Sunday
⏰ 10:00 AM – 4:00 PM

💰 Fees – 40,000 Ks / Month

📍 Location
Hlaing Indoor Stadium II

📞 Contact
+959 530 2325
+959 892 581162

✨ သားသားမီးမီးများ၏ Talent ကို ဖော်ထုတ်ပေးပြီး Confidence တိုးတက်စေမည့် Music Class လေးဖြစ်တဲ့အတွက် အမြန်ဆုံး Register လုပ်နိုင်ပါပြီ။
⚠️လူဦးရေ ကန့်သတ်ထားလို့ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါ



Address

Bangrak,, Bkk
Myaungmya
10500

Website

Alerts

Be the first to know and let us send you an email when Jindallae Choir & Orchestra posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Jindallae Choir & Orchestra:

Share