ဆုခ

ဆုခ စာေပ

05/04/2026
07/07/2025

ဘယ်ဝေးချင်ပါ့မလဲ
တကယ်ပြေးကြည့်မှ
မင်းတစ်ယောက်တည်း
ငါ့မှာရှိတာကို။

ဆုခ

23/06/2025

ဘဝသမား

ပိုက်ဆံမရဘူး
ဒါပေမဲ့ ရေးနေတယ်
ကဗျာတွေနဲ့ငါနေတာက
ငွေမလိုခဲ့ဘူး
မွဲချင်သလောက်မွဲကွာ
ငါချစ်တာ ငါဆက်ရေးနေမယ်။

ဆုခ

23/04/2025

အလျား အမြှောက်
အနံ အမြှောက်
အမြင့်.......
ဧရိယာတွေ ထုထည်တွေပဲ
ပုံသေနည်းနဲ့ရလိမ့်မယ်။
အလျား အနံ အတိုင်းဆမဲ့
နှိုင်းမရတာတွေပဲရှိတဲ့အရာက
မင်းကိုချစ်နေခြင်းပဲ....ခိုင်။

ဆုခ
23.4.2025(wed)

14/02/2025

ဆေးလိပ်တိုဖွာတစ်ရှိုက်နဲ့
လမိုက်တဲ့ညတွေမှာ
အိပ်မရဘဲ မင်းကိုလွမ်းတယ်။

မင်းရှိရာအရပ် မတတ်သာလို့
မလာရပေမဲ့ လသာတဲ့ညတွေလည်း
မင်းကိုလွမ်းမိတာအမှန်။

ဆုခ

04/02/2025

သိပ်ချစ်ခဲ့တာပေါ့
သိပ် သိတတ်ခဲ့တာပေါ့
ခုချိန်တော့...
ငါ့ဘက်ခြမ်း ခန လာရပ်ကြည့်လိုက်ပါ
နင့်နေအောင် ချစ်ခဲ့ခြင်းရဲ့ရလဒ်နဲ့
ရင်ဆိုင်နေရတဲ့ ဘဝ
မြင်လိုက်တဲ့ကာလ .....
မင်း...ခဝါချ မလာပါနဲ့တော့ ချစ်သူ။

ဆုခ

သူမ နဲ့ကျွန်တော် ဝေးမသွားပါဘူးသူကစွန့်ပစ်လိုက်တာပါ။သူမ ကျွန်တော့်ကို မမုန်းပါဘူးဟန်ဆောင်ချစ်ခဲ့တာပဲရှိတာပါ။ဆုခ
22/11/2024

သူမ နဲ့ကျွန်တော် ဝေးမသွားပါဘူး
သူကစွန့်ပစ်လိုက်တာပါ။

သူမ ကျွန်တော့်ကို မမုန်းပါဘူး
ဟန်ဆောင်ချစ်ခဲ့တာပဲရှိတာပါ။

ဆုခ

မြစ်တစ်စင်းအားချစ်မိခြင်းကွေ့ကောက်မို့မောက်စွာသွယ်တန်းတောင်တန်းများကြားလည်း သူပျော်မြေပြင်ချိုင့်ဝှမ်း အနားလည်း သူသွားအရ...
05/10/2024

မြစ်တစ်စင်းအားချစ်မိခြင်း

ကွေ့ကောက်မို့မောက်စွာသွယ်တန်း
တောင်တန်းများကြားလည်း သူပျော်
မြေပြင်ချိုင့်ဝှမ်း အနားလည်း သူသွား
အရပ်မျက်နှာတွေ မရွေးဘူး
အမြင့်မှအနိမ့်
ငြိမ့်ငြိမ့်ကလေးရော
ခပ်ကြမ်းကြမ်းပါ စီးဆင်း....
ဆုံရာ ဆုံရာအတွင်း ချဉ်းနင်းဝင်ရောက်
ဘယ်လောက်လှလိုက်သလဲ...
သူမ လိုပါပဲလား.....။
#ဆုခ

စေတနာ
21/09/2024

စေတနာ

Address

Kyaikkhami Street
Mawlamyine

Telephone

+959425043066

Website

Alerts

Be the first to know and let us send you an email when ဆုခ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category