AtarThingyan2025

AtarThingyan2025 ⚽ ဘောလုံးချစ်သူများအတွက်! ဘောလုံးကစားနည်း၊ ဥပဒေသများ၊ နည်းဗျူဟာများနဲ့ စိတ်လှုပ်ရှားဖွယ် အချက်အလက်များကို ဒီမှာ တွေ့ရမယ်! 🥅

02/03/2026

AFF Futsal Championship 2026 ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်း အုပ်စု(က)တွင်ယှဉ်ပြိုင်ရမည်
--------------------------------
AFF Futsal Championship 2026 ပြိုင်ပွဲ၏ အုပ်စုမဲခွဲမှုကို မတ်လ ၁ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့ရာ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် အုပ်စု(က)တွင် ထိုင်း၊ ဗီယက်နမ်၊ အရှေ့တီမော အသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

AFF Futsal Championship 2026 ပြိုင်ပွဲ၏ အုပ်စု(ခ)တွင် အင်ဒိုနီးရှား၊ ဩစတြေးလျ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း အသင်းတို့ ပါဝင်နေခဲ့သည်။

AFF Futsal Championship 2026 ပြိုင်ပွဲကို ထိုင်းနိုင်ငံ Nonthaburiရှိ Nonthaburi Provincial Administrative Organization Gymnasium တွင် ဧပြီ ၅ ရက်မှ ၁၁ ရက် အထိကျင်းပသွားမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းမတ်လ ၁၃ ရက်နေ့မှ စတင်ပြီး စခန်းသွင်းလေ့ကျင့်မှုများကို ပြုလုပ်သွားမည် ဖြစ်သည်။









-D

27/02/2026

ကစားပွဲမှာ ဒိုင်လူကြီးတွေကို စည်းနဲ့ဘောင်အတွင်းကနေ pro ဆန်ဆန် complain ချင်ရင် ဒီ video လေးတော့ ကြည့်ထားသင့်တယ်၊ (မှတ်ချက် - ရပ်ကွက်ပွဲတွေတော့ မပြောလို့ပါ)

24/02/2026

👉🥅🏐Futsal ပြိုင်ပွဲဝင် 🎽jersey တွေက အလှသက်သက် မဟုတ်ဘူးဆိုတာကို အရမ်း နားလည်ချင်ရင်တော့ ဒီ💻 video လေးကိုကြည့်လိုက်ရင် ပိုသိရပါလိမ့်မယ်✅✅

20/02/2026

Futsal ကစားသမား တယောက်အတွက် သိထားသင့်တဲ့ law 3

19/02/2026

ဘောလုံးတော့ ဘေားလုံးပဲ၊ ဒါပေမယ့် ဥပဒေသများနဲ့ ဘောလုံး

17/02/2026

ထပ်ခါ ထပ်ခါ လေ့လာ

08/02/2026

VAMOS ESPAÑA! 🇪🇸🏆🥇

အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပါပြီ။ UEFA Futsal Euro 2026 ရဲ့ အောင်နိုင်သူကတော့ စပိန်အသင်းပဲ ဖြစ်ပါတယ်။

ရွှေရောင်ဆုတံဆိပ်တွေနဲ့အတူ ဥရောပရဲ့ ထိပ်ဆုံးမှာ ပြန်လည်ရပ်တည်နိုင်ခဲ့တဲ့ စပိန်အသင်းသားတွေကို အားလုံးပဲ ဂုဏ်ပြုပေးလိုက်ကြရအောင်။ 🎉🥳

ဖူဆယ်ဒိုင်လူကြီးတစ်ဦးအတွက် မရှိမဖြစ်လိုအပ်သော လက်နက်များ (Equipment) 👮‍♂️⚽️ဖူဆယ်ကွင်းထဲမှာ တရားစီရင်မယ့် ဒိုင်လူကြီးတစ်ယ...
06/02/2026

ဖူဆယ်ဒိုင်လူကြီးတစ်ဦးအတွက် မရှိမဖြစ်လိုအပ်သော လက်နက်များ (Equipment) 👮‍♂️⚽️
ဖူဆယ်ကွင်းထဲမှာ တရားစီရင်မယ့် ဒိုင်လူကြီးတစ်ယောက်အတွက် ကျွမ်းကျင်မှုအပြင် မဖြစ်မနေ ပါရှိရမယ့် အရာတွေက ဘာတွေလဲ? ဖူဆယ်အားကစားဥပဒေ (Law 5) အရ သတ်မှတ်ထားတဲ့ အသုံးအဆောင်တွေကို လေ့လာကြည့်ရအောင်။ 👇

✅ မဖြစ်မနေလိုအပ်သော အခြေခံပစ္စည်းများ (Compulsory Equipment) ဒိုင်လူကြီးတိုင်း ကွင်းထဲဆင်းတာနဲ့ ဒီပစ္စည်း (၄) မျိုး မပါမဖြစ် ပါရပါမယ် - • ခရာ (Whistle): အနည်းဆုံး တစ်ခု ပါရှိရမည်။ 📣 • ကတ်များ (Cards): ပြစ်ဒဏ်ပေးရန် အနီကတ်နှင့် အဝါကတ်။ 🟥🟨 • မှတ်တမ်းစာအုပ် (Notebook): ပွဲစဉ်မှတ်တမ်းများ ရေးသားရန်။ 📝 • နာရီ (Watch): အနည်းဆုံး တစ်လုံး ပါရှိရမည်။ ⌚️
🎧 အသုံးပြုခွင့်ရှိသော အခြားပစ္စည်းများ • အခြားဒိုင်များနှင့် ဆက်သွယ်ရန် နားကြပ် (Headsets)။ • ကြံ့ခိုင်မှုစောင့်ကြည့်သည့် ကိရိယာများ (EPTS)။
🚫 တားမြစ်ချက်များ (Prohibitions) • ကင်မရာ အပါအဝင် အခြားအီလက်ထရွန်နစ်ပစ္စည်းများ ဝတ်ဆင်ခွင့်မပြုပါ။ 📷❌ • လက်ဝတ်ရတနာများ လုံးဝ ဝတ်ဆင်ခွင့်မရှိပါ။ (ခြွင်းချက် - အချိန်မှတ်ဒိုင်မရှိပါက ပွဲချိန်မှတ်ရန် နာရီဝတ်ဆင်ခွင့်ရှိသည်)။ 💍❌
⚖️ "ကွင်းအတွင်းက တရားသူကြီး" ဒိုင်လူကြီးတစ်ဦးရဲ့ အသုံးအဆောင်တွေဟာ တရားသူကြီးတစ်ဦးရဲ့ ရုံးသုံးပစ္စည်းတွေနဲ့ အလားသဏ္ဍာန် တူညီပါတယ်။ 🔹 ခရာ သည် အမိန့်ပေးသံ (Command) 🔹 ကတ်ပြားများ သည် စီရင်ချက် (Verdict) 🔹 နာရီနှင့် မှတ်တမ်းစာအုပ် သည် တရားမျှတသော မှတ်တမ်းများ (Records) အဖြစ် ပွဲစဉ်တစ်ခုလုံးကို စနစ်တကျ ထိန်းကျောင်းပေးနေတာပဲ ဖြစ်ပါတယ်။
ဒိုင်လူကြီးလောင်းများနဲ့ ဗဟုသုတလိုလားသူများအတွက် မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

31/01/2026

The Player's Equipment

28/01/2026

The Players

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when AtarThingyan2025 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category