29/06/2024
Quarter Final မှာ နာမည်ကြီး England အသင်းကိုစောင့်နေပြီဖြစ်တဲ့ Switzerland အသင်း
----------------------------------------
အာဆင်နယ်နဲ့လက်ရှိလေဗာကူဆင်အသင်းကစားသမား ဂရင်းနစ်ရှာကာ ခေါင်းဆောင်တဲ့ ဆွစ်ဇာလန်အသင်းဟာ ယူရိုပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကို ပထမဆုံးတက်ရောက်နိုင်ခဲ့ပြီဖြစ်ကာ
ကွာတားဖိုင်နယ်မှာတော့ အဂ်လန်အသင်းနှင့်တွေ့ဆုံနိုင်ဖို့ရှိနေပါတယ်။
သို့ပေမယ့် အဂ်လန်အသင်းဟာ ၁၆သင်းအဆင့်ရှုံးထွက်ပွဲစဉ်မှာ ဆလိုဗက်ကီးယားကို အနိုင်ကစားဖို့လိုအပ်ပါသေးတယ်။
ပရီးမီးယားလိဂ်ကစားသမားတွေ များစွာနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာပရိတ်သတ်တွေနဲ့မစိမ်းတဲ့ England အသင်း ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်မယ်လို့ ထင်ပါသလားခင်ဗျာ.....
မှတ်ချက်။ ကျွန်တော်တို့ ဘောလုံးသတင်း Admin အသင်းမှ ယခုအချိန်မှစပြီး ဘောလုံးပွဲသတင်း၊ဆောင်းပါး၊ပွဲကြိုသုံးသပ်ချက်၊ပွဲကြိုခန့်မှန်းချက် စသဖြင့် စုံစုံလင်လင်ရေးသားပေးသွားတော့မည်ဖြစ်သည့်အပြင် ကျွန်တော်တို့ Page ရဲ့ Followers များကို ကျေးဇူးတင်ရှိသည့်အနေဖြင့် ဘောလုံးဂျာစီများလည်း ကံစမ်းမဲများဖောက်ပေးသွားမည်ဖြစ်ပါ၍
ကျွန်တော်တို့ Page ကို like, comment, share ခြင်း သို့မဟုတ် သူငယ်ချင်း၊ညီအစ်ကိုများကို ပြောပြခြင်းဖြင့် ကူညီပေးကြပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။