Arakkha Calendar - ရက္ခိုင် ပက္ခဒိန်

Arakkha Calendar - ရက္ခိုင် ပက္ခဒိန် ရက္ခိုင်ပက္ခဒိန် - Arakkha Calendar

အရုဏ်*******အရုဏ် တက်ချိန် အတိအကျမှာ ဘုန်းကြီးတွေ လက်စွဲ အသုံးပြုနေတဲ့ နေမထွက်မီ တစ်နာရီ အလိုကို ယူရတာ မဟုတ်ပဲ၊ နေမထွက်မ...
08/02/2026

အရုဏ်
*******

အရုဏ် တက်ချိန် အတိအကျမှာ ဘုန်းကြီးတွေ လက်စွဲ အသုံးပြုနေတဲ့ နေမထွက်မီ တစ်နာရီ အလိုကို ယူရတာ မဟုတ်ပဲ၊ နေမထွက်မီ နာရီဝက် အလိုကိုပဲ ယူရတာပါ။

Sun Alarm App ရဲ့ တိုင်းတာချက်အရ နေမထွက်မီ ၁၂-၆ ဒီဂရီအလိုကို ဆိုလိုပါတယ်။

ပင်လယ် သင်္ဘောသားတွေ နောက်ဆုံး ကြယ်မြင်နိုင်တဲ့ အချိန်က နေမထွက်မီ နေရဲ့ ၁၂ ဒီဂရီ အချိန်ကို ယူပါတယ်။
အလင်းလာပေမယ့် ခြေလှမ်း မမှန်နိုင်သေးတဲ့ နေမထွက်မီ ၅၀ မိနစ် အလိုကို ဆိုလိုပါတယ်။

အရုဏ ဆိုတဲ့ ပိဋကတ်ပါဠိ တိုက်ရိုက်လာတဲ့စကားအရ နက္ခတ်ဆရာတွေ တွက်ယူထားတဲ့ အဓိပ္ပါယ်မှာ နေမထွက်မီ တစ်နာရီကို ယူလိုက်ရင် နေမထွက်မီ နေရဲ့ ၁၅ ဒီဂရီ အချိန်ကို ယူရတဲ့အတွက် လုံးဝ အရောင်မလာနိုင်သေးတဲ့ ညဉ့် night အချိန် ဖြစ်နေပါသေးတယ်။

နေလုံး အစကနေ နေလုံး တစ်ခုလုံးကို မြင်ရချိန်က ၃ မိနစ်ခန့် ကြာမြင့်ပါတယ်။ နေက တစ်မိနစ် ၀.၂၅ ရွေ့ပါတယ်။

နေမထွက်မီ နေလုံးရဲ့ ၁၈ ဒီဂရီ ကို နက္ခတ်ဘေဒ သမားတွေ အသုံးပြုတဲ့ နောက်ဆုံးအချိန်ကို နေမထွက်မီ တစ်နာရီ ၁၅ မိနစ်ခန့်ကို ယူပါတယ်။

ဘုန်းကြီးတွေ အရုဏ်ဆွမ်းအတွက် အရုဏ်တက် အချိန်မှာ နေမထွက်မီ မိနစ် ၃၀ အလိုကသာ ပါဠိစာအရ "အရုဏ" စကားနဲ့ လုံးဝ ကိုက်ညီပါတယ်။

https://m.facebook.com/story.php?story_fbid=1567194395415203&id=100063739730645

အထောက်အထား ပိဋကတ်စာ အပြည့်အစုံ
""""""" """""""""" """""""""" """""""""" """"""""""
#အရုဏ_ပါဠိ_အဓိပ္ပါယ်များ

aruṇa/m./1. the dawn; 2. ruddy colour. (adj.), reddish.

တိပိဋက ပါဠိ-မြန်မာ အဘိဓာန်

aruṇa [Vedic aruṇa (adj.) of the colour of fire, i. e. ruddy, nt. the dawn; of Idg. *ereu as in Sk. aruṣa reddish, Av. auruša white, also Sk ravi sun; an enlarged from of Idg. *reu as in Sk. rudhira, rohita red (bloody; see etym. under rohita), Gr. e)rudro/s, Lat. ruber.] the sun Vin II.68; IV.245; J II.154; V.403; VI.330; Dpvs I.56; DA I.30. a. uggacchati the sun rises J I.108; VvA 75, & see cpds.--ugga sunrise Vin IV.272; S V.29, 78, 101, 442 (at all Saṃyutta pass. the v.l. SS is aruṇagga); Vism 49. --uggamana sunrise (opp. oggamanna). Vin III.196, 204, 264; IV.86, 166, 230, 244; DhA I.165; II.6; PvA 109. --utu the occasion of the sun (--rise) DhA I.165. --vaṇṇa of the colour of the sun, reddish, yellowish, golden Vism 123; DhA I 1.3 = PvA 216. --sadisa (vaṇṇa) like the sun (in colour) PvA 211 (gloss for suriyavaṇṇa).

တိပိဋက ပါဠိ-မြန်မာ အဘိဓာန်

အရုဏ (တိ)

[အာ+ဥဏ+အ။ အာ-ကို ရဿပြု၊ ရ-အက္ခရာ လာ၊ အာ သမန္တတော အာ-လောကံ ကရောန္တော ဥဏတိ ဂစ္ဆတီတိ အရုဏော။ အပ၊ဋ္ဌ၊၂။၁၈၇။

အရ+ဥဏ။ အရုဏဝဏ္ဏတာယ အရတိ ဂစ္ဆတီတိ အရုဏော။ ဓာန်၊ဋီ။၆၅]

(ပု၊န)
(၁) နေမထွက်မီ ရှေးဦးစွာ ထွက်ပေါ်လာသော အရောင်၊ နေ၏ ရှေးပြေးအရောင်၊ အရုဏ်။
(တိ)

(၂) စဉ်းငယ်-အနည်းငယ်-နီသော အရောင်၊ အနီပျော့ရောင်။
(၃) အနီရောင်။ မူရင်းကြည့်ပါ။
တိပိ၊၃၊၅၇၈+၅၇၉

တိပိဋက ပါဠိ-မြန်မာ အဘိဓာန်

အရုဏ (ပု၊န)

[ယာဒိစ္ဆကနာမ်]

(၁) အရုဏမည်သော မင်း။
(၂) အရုဏမည်သော မင်း၊ အဿကတိုင်း ပါဋလိမြို့ဘုရင်။ အရုဏရာဇ
(၂) ကြည့်။
(၃) အရုဏမည်သော နတ်မျိုး။
(၄) အရုဏ-မည်သော-ဥယျာဉ်-အာရာမ် (အရံ)။ အရုဏာရာမ, အရုဏုယျာနတို့-ကြည့်။
(၅) အရုဏမည်သော ကြာ။ (နဂါးပြည်ရှိ ထူးမြတ်သော ကြာပန်းဖြစ်သည်)။
(၆) အရုဏမည်သော မြို့။ အရုဏပုရ-ကြည့်။
တိပိ၊၃၊၅၇၉

တိပိဋက ပါဠိ-မြန်မာ အဘိဓာန်

အရုဏ ၊ ပု+န ၊

[√အရ+ကုန]

အရ-ဂမနေ၊ အရတိ ဂစ္ဆတီတိ-အရုဏော = သုရိယော, တဿ သာရထိ စ။ မောဂ်-၇၊ ၁၀၁။

နေ, အရုဏ်။

။ တိ ။ နီသော၊ စဉ်းငယ်နီသော။

။ ထီ ။ တိဝုသ်။

တိပိဋက ပါဠိ-မြန်မာ အဘိဓာန်

အရုဏ ၊ ပု+န ၊ [အာ√ဥဏ+အ]

ရ-လာ၊ အာ-ကို ရဿပြု၊ အာ-သမန္တတော အာလောကံ ကရောန္တော ဥဏတိ ဂစ္ဆတီတိ-အရုဏော။ အပဌ-၂၊ ၁၈၇။

အရုဏ်၊ နေမထွက်မီရှေးဦးစွာ ပေါ်ထွက် လာသောအရောင်၊ နေ၏ရှေ့ပြေးအရောင်။

။ တိ ။ စဉ်းငယ်(အနည်းငယ်)နီသော၊ အနီပျော့ရောင်၊ ပန်းရောင်။

တိပိဋက ပါဠိ-မြန်မာ အဘိဓာန်

အရုဏ

(တိ)

စဉ်းငယ် နီမြန်းသော။

(m.) 1, the dawn; 2, ruddy colour, (adj,),reddish.Light red; dark redThe dawn; the sun

တိပိဋက ပါဠိ-မြန်မာ အဘိဓာန်

အရုဏ

(ပ)

ရှေးဦးတက်လာသော နေရောင်။ ထွက်သစ်နေ။ အရုဏ်။

အရုဏံ ဥဋ္ဌာပေသိ၊ အရုဏ်ကို တက်စေ၏။

#အာရက္ခ_ပက္ခိန်

တိဘက် ပလိတ်ပြားအောက်တွင် အိန္ဒိယပြားပြားကွဲနေသည်ကို သုတေသနအသစ်များအရ ဖော်ပြ သိပ်သည်းတဲ့ အောက်ဆုံးအလွှာက ရှေ့ကို ဆက်တွန်း...
09/01/2026

တိဘက် ပလိတ်ပြားအောက်တွင် အိန္ဒိယပြားပြားကွဲနေသည်ကို သုတေသနအသစ်များအရ ဖော်ပြ

သိပ်သည်းတဲ့ အောက်ဆုံးအလွှာက ရှေ့ကို ဆက်တွန်းနေချိန်မှာ အောက်ဆုံးအလွှာက သိပ်သည်းဆထဲကို နစ်မြုပ်သွားပါတယ်။ ဟိမဝန္တာမြေကို မြှင့်တင်ရေးနဲ့ ဒေသရဲ့ ဘူမိဗေဒကို ပြန်လည်ပုံဖော်ရေး။ ဝင်တိုက်ပြီး အလွှာ ၂ ထပ်ကွဲသွားတယ်။

ကွဲထွက်နေတဲ့ဒေသဟာ နီပေါ၊ အိန္ဒိယအရှေ့မြောက်ပိုင်း၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့အနီးမှာ ဖြစ်ပါတယ်။ အဲ့ဒီမှာ ကွဲသွားတာပဲ။ အပေါ်ဆုံးအလွှာက မြောက်ဘက် ဘူတန်ဘက်သို့ သွားနေပြီး ဟိမဝန္တာဘက်သို့ ပို၍ တွန်းအားပေးနေပါတယ်။ အောက်ဆုံးအလွှာက ညာဘက်ကို ခြယ်နေတယ်၊ ဒါက ဘင်္ဂလားဒေ့ရှ်၊ ဘူတန်နဲ့ မြန်မာအောက်မှာ ဖြစ်နေတာ။ ဒါက ဒီဒေသတစ်ခုလုံးမှာ ဘူမိဗေဒကို ပြောင်းလဲနေတာပါ။ ဒါဆို ဟုတ်ပြီ၊ နောင်နှစ်ပေါင်းများစွာ ဒီဒေသတစ်ခုလုံးမှာ ငလျင်လှုပ်သထက် လှုပ်တာကို ငါတို့ ဆက်မြင်နေရဦးမှာပဲ။

Sun Alarm ⏰ ဗုဒ္ဓဘာသာ ဘုန်းကြီး ရဟန်း ကိုရင် သီလရှင်များအတွက် အလွန်အသုံးဝင်တဲ့ ဂျာမနီနိုင်ငံထုတ် Software တစ်ခုပါ။https:...
07/01/2026

Sun Alarm ⏰
ဗုဒ္ဓဘာသာ ဘုန်းကြီး ရဟန်း ကိုရင် သီလရှင်များအတွက် အလွန်အသုံးဝင်တဲ့ ဂျာမနီနိုင်ငံထုတ် Software တစ်ခုပါ။

https://play.google.com/store/apps/details?id=com.vvse.sunalarm

အမြှောက် လက်နက်တစ်ခုကို တီထွင်နိုင်လို့ ကမ္ဘာကို တက်သိမ်းနိုင်တဲ့ ဗြိတိသျ ကိုလိုနီခေတ် မတိုင်မီကတည်းက ရခိုင်ရှေးဟောင်း ခ...
03/01/2026

အမြှောက် လက်နက်တစ်ခုကို တီထွင်နိုင်လို့ ကမ္ဘာကို တက်သိမ်းနိုင်တဲ့ ဗြိတိသျ ကိုလိုနီခေတ် မတိုင်မီကတည်းက ရခိုင်ရှေးဟောင်း ခေါင်းလောင်း

လက်နက်ဆန်း မပေါ်မီ အင်း အိုင် ခလုတ် ဇာမဏီရွက် မညှင်းဆီ ဆနွင်း ဓာတ်ရိုက်ဓာတ်ဆင်ကို အားကိုးနေရတဲ့ ခေတ်မှာ ပေါက်ထွန်းခဲ့တဲ့ ခေါင်းလောင်းဟာ နျူးကလီးယား ခေတ်မှာ အသုံးမဝင်တော့ပါဘူး။

ရခိုင်ပြည်မှာ အင်း အိုင် ခလုတ် ထွန်းကားခဲ့တာဟာ ဗြဟ္မဏဝါဒ ဝဇိရာယာန မဟာယာနကြောင့် မဟုတ်ပါဘူး ရခိုင်ပြည်ကို ကာကွယ်ရေး၊ ရခိုင်လူထု ကျန်းမာရေးအတွက်သာ ရခိုင်တွေ သင်ယူဆည်းပူး အသုံးပြုကြတာပါ။

ရခိုင်ခေါင်းလောင်းကို နန်းရာကုန်း မုခ်ဝ အနီးမှာ အဆောင်ငယ် သီးသန့်ဆောက်ကာ ထားသင့်ပါသည်။ ဘုရင် နရပတိခေတ်က ထားခဲ့တဲ့ မူရင်းနေရာကို ရှာတွေပြီး ထားနိုင်ရင်တော့ အကောင်းဆုံးပါ။

ဘုရားရင်ပြင်မှာ မထားသင့်ပါ။

နန်းရာကုန်းမုခ်ဝအနီမှာ ထားပြည့် အမည်မှာ #မကျီိပ်ချက်များ_ရင်ဖွင့်ရာနီရာ အမည်ဖြင့် ထားသင့်ပါသည်။
လင် မယား မကျေနပ်ချက်
သမီးရည်းစား မကျေနပ်ချက်
သူငယ်ချင်း အချင်းချင်း မကျေနပ်ချက်
ကိုယ့်ကို ကိုယ်က ကျေနပ် အားရမှုများ မဖြစ်လျင် ခေါင်းလောင်းကို လာထုကြရန် ....

ပြည်သူများက ခေါင်းလောင်း လာထုသည့်အချိန်မှာ တတ်သိနားလည်သူက ကျန်းမာရေး ပညာရေး လူမှုရေး စီးပွားရေး အမှောင့်ပယောဂ အတားအဆီးမှ ကာကွယ်နိုင်ရန် ထု နည်းစနစ်နှင် ထုရန်နေရာကို လမ်းညွှန်ပြပေးရမည်။

ဂါထာ မန္တရား အင် အိုင် ခလုတ်များသည် ......
၁။ မြေကို ထိခြင်း
၂။ ကြာခြင်း
၃။ လက်ကိုင် လူကိုင်များခြင်း
၄။ ရာသီပေါ် သွေးစက်ဖြင့်၎င်း ညစ်ပေလက် ခြေတို့ဖြင့်၎င်း မထိအပ် မကိုင်အပ်
၄။ ကိုင်ခါနီ လက်ဆေးရသည်
၅။ တံလှချီ ခေါ် သိဒ္ဓိတင် ခေါ် ဆရာက မန်းမှုတ် သိဒ္ဓိတင်ပေးမှသာ အစွန်းထက်ပါသည်။

ရခိုင်ပြည်၌ ရှေးဟောင်း ခေါင်းလောင်းသည် အခုအခါ အစွန်းမထက်တော့ပါ။
ရှေးဟောင်း အမွှေအနှစ် တစ်ခုအတွက်သာ ထိန်းသိမ်းသင့်....

30/12/2025

ရခိုင်က သမိုင်းဝင် ခေါင်းလောင်းအကြောင်း ပြောပြချက်

ရခိုင် သာသနာမေးခွန်း - ရခိုင်ဟာ အင်းအိုင် မန္တရား ယတြားထွန်းကား  #မဟာယာန  #ဗြဟ္မဏဝါဒ ဖြစ်ခဲ့ပါသလား။အဖြေ -ရခိုင်ဟာ အင်းအိ...
27/12/2025

ရခိုင် သာသနာ

မေးခွန်း -
ရခိုင်ဟာ အင်းအိုင် မန္တရား ယတြားထွန်းကား #မဟာယာန #ဗြဟ္မဏဝါဒ ဖြစ်ခဲ့ပါသလား။

အဖြေ -
ရခိုင်ဟာ အင်းအိုင် မန္တရား ယတြားထွန်းကားပေမယ့် #မဟာယာန #ဗြဟ္မဏဝါဒ မဖြစ်ခဲ့ပါ။

အကြောင်းပြချက် - ၁
ရခိုင်ပြည်မှာ ရှေးဟောင်း ဇာတီ ပုထိုး ဘုရား ကျောင်းကန် ပိဋကတ်စာပေ ကိုးကွယ်မှုဆိုင်ရာ Mindset အယူအဆများမှာ မဟာယာန ရောနှောတာ မတွေ့ရ။

အကြောင်းပြချက် - ၂
ယာဇ်ပူဇော်တာ သီချင်းဆိုတာ နတ်ဘုရား (နတ်ရုပ် မဟုတ်၊ နတ်ကို ဘုရားအမှတ်ဖြင့် ကိုးကွယ်ခြင်းကို "နတ်ဘုရား"ဟု ဆိုလို) ကိုးကွယ်တာ မတွေ့ရ။

အကြောင်းပြချက် - ၃
ရခိုင်တွေဟာ အင်းအိုင် မန္တရား ယတြားများကို အနောက်ပြည်မှာ ပညာသင်ကြပြီး ကိုယ့်ရခိုင်ပြည်နှင့် ကိုယ့်ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင်တွေ ဘေးမသီ ရန်မခ အကျိုးစီးပွားအလို့ငှာ အကာအကွယ် အတားအဆီးအဖြစ်သာ အသုံးချကြ။
ဘားမဲ ဘားကရားတို့သည်လည်း အင်းအိုင် မန္တရား ယတြားများကို လူထုဆီ အယုံသွင်းကာ ဗုဒ္ဓဘာသာမှေးမှိန်အောင် လုပ်ခဲ့ကြတာ မဟုတ်ပဲ၊ ကိုယ့်အတွက် ဝိဇ္ဇာရရှိရေး၊ ကြီးနီ ကြီးဝါသတ္တုများမှ ရွှေဖြစ်လာရေး၊ သွပ်မှ ငွေဖြစ်လာရေးစသော ရခိုင်ပြည်သူ့ ချမ်းသာရေး နှင့် ပြည်သူ့လုံခြုံရေး ကာကွယ်ရီးအတွက်သာ အသုံးချကြသည်။

ရခိုင်တွေ အသုံးပြုတဲ့ အင်းအိုင် မန္တရား ယတြာများဆိုတာ ဘာသာတရားအရ အသုံးပြုကြတာ မဟုတ်ကြပဲ ခေတ်မီလက်နက် နည်းပညာများ မတိုးတက်မှီ ခေတ်ကာလအရ ကိုယ်ရေးကိုယ်တာ ကာကွယ်ရေးအတွက်သာ အသုံးပြုကြခြင်းပင် ဖြစ်ပါသည်။

#အာရက္ခပက္ခဒိန်
္ခိုင့်ပက္ခဒိန်

ကြီးမြတ်သော ကုသိုလ်ပါရမီတော်မာရ်နတ်မင်းသည် သိဒ္ဒတ္ထမင်းသား တောထွက်တဲ့အခါမှာလည်း တားမြစ်သည်။ ဘုရားဖြစ်ခါနီးမှာလည်း တားမြစ...
02/11/2025

ကြီးမြတ်သော ကုသိုလ်ပါရမီတော်

မာရ်နတ်မင်းသည် သိဒ္ဒတ္ထမင်းသား တောထွက်တဲ့အခါမှာလည်း တားမြစ်သည်။ ဘုရားဖြစ်ခါနီးမှာလည်း တားမြစ်သည်။ အခါအခွင့်ကြုံတိုင်းလည်း ခဏခဏ ဘုရားရှင်ထံ လာလာပြီး "ဘုရားရှင် ပရိနိဗ္ဗာန်ပြုရန်" တောင်းပန်လေ့ရှိသည်။

ဘုရားရှင်ကတော့ "ငါ့တပည့် ပရိသတ်များက ငါ့တရားတော်များကို ဟောကြားနိုင်မှ ငါ ပရိနိဗ္ဗာန်ပြုမည်"ဟု မာရ်နတ်အား ခဏခဏ ပြော၍ ပြန်လွှတ်လေ့ရှိပါသည်။

ကုသိနာရုံ ဆရာတော်ဘုရားကြီး VEN Α.Α.Α.Α.Β GYANESHWAR ၏ သာသနာပြု စွမ်းရည်မှာလည်း လိမ္မာသော တပည့်ပရိတ်သတ်များကို သွန်သင်ဆုံ့မ ထားရစ်ခဲ့နှိုင်၍ ဆရာတော်ဘုရားကြီး၏ ဆန္ဒတော်အတိုင်း ဖြစ်ခွင့်ရသည်မှာ.... ဆရာတော်ဘုရားကြီး၏ ကြီးမြတ်သော ကုသိုလ်ပါရမီတော် တစ်ခုပင် ဖြစ်ပါသည်။

*******************************************

စျာပနအခန်းအနားကျင်းပပြုလုပ်မည်နေ့
အသိပေးကြေငြာခြင်း

ဘဝနတ်ထံ စံမြန်းလေပြီးဖြစ်သော
ကုသိနာရုံဆရာတော်ဘုရားကြီး၏
ဆန္ဒတော်အတိုင်း နိုဝင်ဘာလ ၅-ရက်နေ့တွင်
ဒုလ္လဘ အပါး(၉၀)နှင့် မယ်သီလရှင် အပါး(၉၀)
တို့ကို သွတ်သွင်းချီးမြင့်မည်ဖြစ်ပါသည်။

ကုသိနာရုံ ဆရာတော်ဘုရားကြီး၏
သက်တော်(၉၀)ပြည့် မွေးနေ့ပွဲဖြစ်သော နိုဝင်ဘာလ (၁၀)ရက်နေ့တွင်
ဆရာတော်ကြီး ဆန္ဒရှိခဲ့သည့်အလျှောက်
ပါဠိဌာန မုဒ်ဦးဖွင့်ပွဲနှင့် သက်တော်(90)ပြည့်
အထိမ်းအမှတ်အဖြစ် တည်ထားကိုးကွယ်ခဲ့သည့်
နဂါးရုံဘုရားကြီး ဖွင့်ပွဲနှင့် အနေကဇာတင်ပွဲကို
ပြုလုပ်ကာ ၎င်းနေ့တွင် သီတဂူဆရာတော်ဘုရားကြီးနှင့် အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ်
နာယကချုပ် ဆရာတော်တို့က ဓမ္မဒေသနာများ
ဟောကြားကာ သံဝေဂကထာများ
မိန့်ကြား ပွားများမည်ဖြစ်ပါသည်။

အိန္ဒိယနိုင်ငံသား တပည့် တကာတကာမများက.....
မြတ်စွာဘုရားရှင် မဟာပရိနိဗ္ဗာန်ပြုတော်မူပြီး
မလ္လာမင်းသားများက နတ်တို့၏ အလိုအတိုင်း
ကုသိနာရုံမြို့ကို လှည့်လှည်ပူဇော်လျှက်
မီးပူဇော်သကဲ့သို့ ပြုလုပ်ပူဇော်ချင်ကြကြောင်း
ဆန္ဒရှိကြသည့်အတွက်၊

ဆရာတော်ကြီး၏ ကျန်ရစ်သော ဥတုဇ ရုပ်ကလာပ်တော်အား
နိုဝင်ဘာလ(၁၁)ရက်နေ့တွင် ကုသိနာရုံမြို့၌
လှည့်လည်ပူဇော်ခံပြီး ဆရာတော်ဘုရားကြီး၏
ဥတုဇရုပ်ကလပ်တော်မြတ်အား
အန္တိမအဂ္ဂိစျာပန နောက်ဆုံး မီးပူဇော်ခြင်း ပြုလုပ်မည်ဖြစ်ပါသောကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

မီးပူဇော်မည့်အချိန် - နေ့လည် ( ၂ ) နာရီ

ခန္ဓာကိုယ် လေးလံ ထိုင်းမှိုင်တာနဲ့ ခေါင်းမူတာဟာ ဘာကြောင့်ပါလဲ"သင်ဟာ အာကာသထဲမှာ စက္ကန့်နဲ့အမျှ ခရီးသွားနေသူဖြစ်"သင်က ထိုင...
19/08/2025

ခန္ဓာကိုယ် လေးလံ ထိုင်းမှိုင်တာနဲ့ ခေါင်းမူတာဟာ ဘာကြောင့်ပါလဲ

"သင်ဟာ အာကာသထဲမှာ စက္ကန့်နဲ့အမျှ ခရီးသွားနေသူဖြစ်"

သင်က ထိုင်နေရင်း (သို့) အိပ်ရာထဲလှဲနေရင်းနဲ့တောင် အံ့ဩဖွယ်ကောင်းလောက်တဲ့ အမြန်နှုန်းတွေနဲ့ အာကာသထဲ ခရီးသွားနေပါတယ်။ ဒါက သိပ္ပံစိတ်ကူးယဉ်မဟုတ်ဘဲ လက်တွေ့ဖြစ်စဉ်တစ်ခုပါ။

သင်က ဘယ်လောက်မြန်မြန် သွားနေလဲ?

- ကမ္ဘာ့လည်ပတ်မှု (အီကွေတာတွင်) : တစ်နာရီ ၁,၆၇၀ ကီလိုမီတာ
- နေကိုပတ်မှု : တစ်နာရီ ၁၀၇,၀၀၀ ကီလိုမီတာ
- နဂါးငွေ့တန်း ဂလက်ဆီပတ်လည် : တစ်နာရီ ၈၂၈,၀၀၀ ကီလိုမီတာ
- Great Attractor ဆီသို့ ဆွဲငင်ခံရမှု : တစ်နာရီ ၂.၁ သန်း ကီလိုမီတာ

သင့်ပတ်ဝန်းကျင်ရှိ အရာတိုင်း (လေ၊ မြေကြီး၊ သင့်ခန္ဓာကိုယ်) အားလုံးက တူညီတဲ့ အမြန်နှုန်းနဲ့ ရွေ့လျားနေလို့ပါ။ ဒါကြောင့် လေတိုက်တာ၊ မြေကြီးတုန်တာတွေ မခံစားရတာဖြစ်ပါတယ်။

"သင်ဟာ အာကာသထဲက အသံတိတ်ခရီးသွားတစ်ယောက်ပါ။ ဒုံးပျံ မလိုဘဲ နေ့စဉ် အာကာသ ခရီးထွက်နေတာပါ" လို့ နက္ခတ္တဗေဒ ပညာရှင်တစ်ဦးက ပြောပြထားပါသည်။

သြဂုတ် ၂ ရက်တွင် နေကြတ်မည်ကမ္ဘာသည် ၆ မိနစ်ကြာ မှောင်သွားပါလိမ့်မည်ဒီဖြစ်ရပ်သည် နှစ် ၁၀၀ ကြာမှ တစ်ခါဖြစ်လေ့ရှိပြီး လွယ်လွ...
21/07/2025

သြဂုတ် ၂ ရက်တွင် နေကြတ်မည်
ကမ္ဘာသည် ၆ မိနစ်ကြာ မှောင်သွားပါလိမ့်မည်
ဒီဖြစ်ရပ်သည် နှစ် ၁၀၀ ကြာမှ တစ်ခါဖြစ်လေ့ရှိပြီး လွယ်လွယ်နဲ့ မြင်ခွင့်မရသော မြင်ကွင်းလည်းဖြစ်သည်။

#ရက္ခိုင်_ပြက္ခဒိန်_နေကြတ်_2025

မြန်နိုင်ငံ လပြည့်နေ့အာကာသ နည်းပညာများဖြင့် တိုင်းတာချက်အရမြန်မာနိုင်ငံ ဝါဆို လပြည့်နေ့သည် ဇူလိုင်လ ၁၁ ရက် ညဉ့် သန်းခေါင...
10/07/2025

မြန်နိုင်ငံ လပြည့်နေ့

အာကာသ နည်းပညာများဖြင့် တိုင်းတာချက်အရ
မြန်မာနိုင်ငံ ဝါဆို လပြည့်နေ့သည် ဇူလိုင်လ ၁၁ ရက် ညဉ့် သန်းခေါင်ကျော်အချိန်ဖြစ်သည်။
ပျမ်းမျှအားဖြင့် ဆိုရလျင် ဇူလိုင်လ ၁၁ ရက်နေ့သည် မြန်မာနိုင်ငံ၏ လပြည့်နေ့ပင်ဖြစ်သည်။

https://www.facebook.com/share/p/1LbaDVT6ey/


#ရက္ခိုင်_ပြက္ခဒိန်_ဝါဆို_၁၃၈၇

Address

Ancient Arakan Kingdom
Chittagong

Alerts

Be the first to know and let us send you an email when Arakkha Calendar - ရက္ခိုင် ပက္ခဒိန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Arakkha Calendar - ရက္ခိုင် ပက္ခဒိန်:

Share

Category